တစ်စုံတစ်ယောက်က ကိုယ့်ကို စိတ်ဝင်စားနေလား ကြိုက်နေလားဆိုတာကို သူ့နှုတ်က ဖွင့်ဟဝန်ခံမှ သိနိုင်တာမျိုးမဟုတ်ပါဘူး။ တစ်ယောက်ယောက်က သင့်ကိုကြိုက်နေပြီဆိုရင် သူတို့ရဲ့ အမူအရာတွေ ပုံစံတွေက သင့်ကို စိတ်ဝင်စားနေကြောင်းပြတတ်ကြပါတယ်။ ခုပြောပြချင်တာက သင့်ကိုစိတ်ထဲက ကျိတ်ချစ်ရင်နေရင်တောင် သင်နဲ့ပက်သက်ရင် ပြုလုပ်တတ်တဲ့ အပြုအမူ ၆ ခုအကြောင်းပြောပြချင်တာပါ။ ဖတ်ကြည့်လိုက်ရအောင်..
သင့်အကြောင်းတွေအများကြီးသိဖို့ကြိုးစားတယ်
တစ်ယောက်ယောက်က သင့်ကိုချစ်နေပြီဆိုရင် သင်နဲ့ပက်သက်တာတွေကိုသိဖို့ကြိုးစားပါလိမ့်မယ်။ သင်နဲ့ခင်တဲ့သူတွေ သင့်သူငယ်ချင်းတွေဆီက သင့်အ ကြောင်းတွေသိအောင်ကြိုးစားပါလိမ့်မယ်။ ပြီးရင် သင်နဲ့ရင်းနှီးအောင်ကြိုးစားပြီး မေးခွန်းတွေမေးပါလိမ့်မယ်။ သင်နဲ့ပက်သက်သမျှ အရာအားလုံးကို သိဖို့ကြိုးစားတယ်ဆိုတာ သင့်ကိုစိတ်ထဲက ကျိတ်ကြိုက်နေလို့ဆိုတာတော့ ရှင်းပါတယ်နော်..
သူတို့က သင့်ရဲ့လူမှုကွန်ရက်ကို အထူးဂရုစိုက်လိမ့်မယ်
သင်ကိုယ်တိုင် တစ်စုံတစ်ယောက်ကို လူမှုကွန်ရက်မှာ Crushဖူးခဲ့ရင် Social Mediaပေါ်မှာ ကိုယ်စိတ်ဝင်စားသူကို ဘယ်လိုတွေလုပ်ပြလဲဆိုတာသင်သိပါလိမ့်မယ်။ ဆိုလိုတာက သင့်ကိုတစ်ကယ်ကြိုက်နေပြီး ဝန်မခံတဲ့သူက သင့်ပုံတွေ စာတွေကို နေ့ပေါင်းများစွာ Like Commentတွေပေးနိုင်ပါတယ်။
Comment ပေးရင် ဖြစ်နိုင်တာက သင့် တုံ့ပြန်မှုကို ရနိုင်တဲ့ Comment မျိုးတွေပေးပါလိမ့်မယ်။ သင့်ကို အသဲတွေပဲ အမြဲပေးမှာ မဟုတ်ပဲ သင့်အကြောင်းတွေ သူစိတ်ဝင်စားနေတယ်ဆိုတာသိအောင် သင်ရေးထားတဲ့တင်ထားတဲ့Postရဲ့ ခံစားမှုအတိုင်း Reactတွေပေးပါလိမ့်မယ်။ အသဲတွေ အမြဲပေးနေရင်တော့ သင့်ကိုတစ်ကယ်ကြိုက်သူမဟုတ်ပါဘူး။
သင်နဲ့အတူရှိခွင့်ရဖို့ အကြောင်းပြချက်တွေရှာဖွေလိမ့်မယ်
ဖွင့်မပြောပဲ ဝန်မခံပဲသာနေချင်နေမယ် သင်နဲ့အတူ ရှိခွင့်ရဖို့ အကြောင်းပြချက်တွေဖန်တီးလိမ့်မယ်။ ဆိုလိုတာက သင်ကြိုက်တတ်တာလေးတွေကို စုံစမ်းပြီး ပို့ပေးတာမျိုး သူငယ်ချင်း အုပ်စုတစ်စုနဲ့ အတူတူ နနေရာတစ်ခုခုမှာ သင့်ကိုဖိတ်ခေါ်တာမျိုး အထိမ်းအမှတ်ရက်စွဲတစ်ခုခုအတွက် အမှတ်တရတွေလုပ်ဖို့ သင်နဲ့သင့်သူငယ်ချင်းတွေကိုဖိတ်ခေါ်တာမျိးစတဲ့ အကြောင်းပြချက်တွေ ရှာဖွေလာပါလိမ့်မယ်။ ပြောရရင် သင်နဲ့ရင်းနှီးကျွမ်းဝင်ခွင့်ရဖို့နည်းလမ်းပေါင်းစုံကနေ ဝင်လာနိုင်ပါတယ်။
သင်နဲ့တွေ့ရင် ရယ်မယ်
သူတိုက သင့်စကားလုံးတွေ ပြက်လုံးတွေအားလုံးကို ရယ်မောကြပြီး စကားလုံးတိုင်းကို ငံလင့်နေကြတယ်။ ဒါက သင့်ကိုကြိတ်ကြိုက်နေတယ်ဆိုတဲ့ ထင်ရှားတဲ့ အမူအရာတစ်ခုပါပဲ။ ဆိုလိုတာက သူတို့မျကိလုံးထဲမှာ မင်းဘာလုပ်လုပ် အမှားမမြင်ဘူးဆိုတာမျိုးဖြစ်နေတယ်။ မင်းရဲ့တလွှဲလုပ်ရပ်တွေ စကားလုံးတွေကအစ သူတို့အတွက် ရယ်ဖို့ေကာင်းနေပါလိမ့်မယ်။ တစ်ကယ်က စကားလုံးတွေထက် သင်နဲ့တွေ့ရတာကိုက သူတို့အတွက် ပျော်ဖို့ကောင်းနေပါလိမ့်မယ်။
နှုတ်နဲ့မဟုတ်ပဲ စိတ်ဝင်စားနေကြောင်းအမူအရာတွေကိုပြတယ်
သင့်ကိုတစ်ကယ်ကြိုက်နေတဲ့သူတစ်ဦးက သူတို့အပြုအမူတွေကိုကြည့်တာနဲ့တင် သိသာနေနိုင်တယ်။ သင့်ကိုနှုတ်က ထုတ်မပြောရင်တောင် နက်ရှိုင်းတဲ့မျက်လုံးအကြည့်တွေ၊ ဖျတ်ခနဲခိုးကြည့်တာတွေ၊ ဆံပင်လေးတွေနဲ့ကစားနေတာတွေ၊ နားရွက်နဲ့ပါးလေးတွေနီမြန်းနေတာတွေ၊ ရှက်ကြောက်နေသလိုအမူအရာတွေ ဒီလိုအမူအရာတွေပြမယ်ဆိုရင်သူတို့သင့်ကို ကြိတ်ကြိုက်နေတာသေချာသလောက်ပါ။ အဲ့ဒီလိုအမူအရာတွေကနေ အနည်းငယ် ကျယ်ကျယ်လောင်လောင်ရယ်မောပြတာတွေ၊ ရယ်စရာမကောင်းတောင် မင်းစကားပြောပီဆိုရင် ပြုံစိပြုံစိဖြစ်နေတာမျိုးတွေပါပါတယ်ပေါ့။ ဒါတွေက မင်းကိုစိတ်ဝင်စားကြောင်း ချစ်နေပါကြောင်းပြောတဲ့ အမူအရာတွေပေ့ါ။
ဒီလိုပုံစံတွေအမူအရာတွေပြရင် ဘာလုပ်မလဲ
သင့်ဘဝမှာ ဒီလိုအမူအရာတွေပုံစံတွေနဲ့ ခနခန ကြုံဖူးနိုင်ပါလိမ့်မယ်။ တစ်ယာက်ယောက်က သင့်ကို ဒီအမူအရာတွေ ပြနေပြီဆိုရင် ရွေးချယ်စရာ ၂ခုရှိပါတယ်။ တစ်ခုက သင်ကိုယ်တိုင်ကလည်း ပြန်စိတ်ဝင်စားတယ်ဆို နီးစပ်ဖို့အတွက် သူတို့လုပ်သလို သူတို့ကိုစိတ်ဝင်စားကြောင်းပြန်ပြပါ။ ယောကျာ်းလေးဆို ဦးဆောင်ဖွင့်ပြောပါ။ တကယ်လို့ သင်မကြိုက်ဘူး ခံစားလို့မရဘူးဆို မျက်လုံးအကြည့်တွေ ဘာညာ စပါကလာတွေ သွားမအီပါနဲ့။ နွေးထွေးရိုးသားစွာ ပဲပြန်ဆက်ဆံပါ။ တစ်ချိန်မှာ မချစ်ပဲ အီမိရင် မုန်းသွားနိုင်ပါတယ်။0
#Lifestyle_Myanmar
#Mg_Htet
REF_Elite.Daily.com