လမ်းခွဲသွားတဲ့ EXကြီးကို ပြန်လာအောင် လုပ်နိုင်မယ့် နည်းလမ်း ၁၂ ချက်
lifestylemyanmar.com
|
2020-06-03



Relationshipတစ်ခုပြတ်တောက်သွားတာဟာ အကြောင်းပြချက်များစွာရှိနိုင်ပါတယ်။ တခါတရံမှာ သေဆုံးတော့မယ့် RSတစ်ခုကို နှစ်ဦးနှစ်ဖက် နားလည်မှုပြန်ယူပြီး အချိန်မှီ ကယ်တင်လိုက်နိုင်ပေမယ့် အဆင်မပြေတော့ဟေ့ဘူးဆို များသောအားဖြင့်တော့ Relationshipတစ်ခုကပြတ်စဲသွားတာပါပဲ။ Relationshipတစ်ခုပြတ်စဲတာ အချစ်တွေများတဲ့သူတွေအတွက်တော့ ဘာမှမဖြစ်လောက်ဘူးထင်ရပေမယ့် တကယ်ချစ်တဲ့သူတွေကျတော့ ကြိုးတစ်ချောင်းလိုပဲ နှစ်ဖက်လုံးမှာ ဒဏ်ရာကိုယ်စီနဲ့ကျန်ခဲ့ရပါတယ်။ ခုပြောပြချင်တာက တချိန်က ကိုယ်ချစ်လွန်းတဲ့ EXကို ကိုယ့်ဆီဘယ်လိုပြန်လာအောင်လုပ်နိုင်မလဲဆိုတဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ကဲ..ဖတ်ကြည့်လိုက်ကြရအောင်.


သူကသင့်အကြောင်းတွေစိတ်ဝင်စားသေးလားအရင်စုံစမ်းပါ




ဒါအရေးကြီးပါတယ်။ ဟတိုဘက်က လုံးဝစိတ်မဝင်စားတော့ဘူး”တာ့တာ”ပဲဆို ကြိုးစားလည်း မထူးတော့ပါဘူး။ ဟိုကချစ်သူအသစ်နဲ့ပျော်လို့ရွှင်လို့ဖြစ်နေပြီလား သူလည်းကိုယ့်လိုပဲံ ခံစားနေရသေးလားဆိုတာ စုံစမ်းပါ။ ဒါပီးရင်တော့ အောက်က အဆင့်တွေကိုလုပ်ကြည့်ပါ။


ကိုယ့်အတွက်အချိန်ယူပါ

ပထမဆုံးလမ်းခွဲပြတ်စဲပီးရင်တော့ကြေကွဲခံစားကြရမှာပါပဲ။ ဒီ့အတွက် ကိုယ့်ဒဏ်ရာကိုကုဖို့ အချိန်ယူပါ။ အချိန်က အကောင်းဆုံးသမားတော်ပါပဲ။ သူ့ကိုလည်းခနလွှတ်ပေးထားလိုက်ပါ။ ဆုံးဖြတ်ချက်တွေချက်ခြင်းကြီးချဖို့မလိုသေးပါဘူး။ သင်အသစ်တစ်ယောက်မတွဲမှီ ဒါမှမဟုတ် သူလည်းမတွဲသေးမှီ သင့်ပူလောင်မှုဒဏ်ရာတွေကို သက်သာအောင် ကုသဖို့ အချိန်ယူလိုက်ပါ။


ဆက်သွယ်မှုဧရိယာပြင်ပမှာနေထိုင်ပါ




Relationshipတစ်ခုက ပြတ်စဲသွားပြီ။ ဒီတော့ ပြန်လာမလားဆိုတဲ့မျှော်လင့်ချက်လေးပဲကျန်တော့တယ်။ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်အောင်လုပ်တာတွေကိုရပ်သင့်ပြီဖြစ်တဲ့အတွက် သူ့ကိုချည်နှောင်ထားမိစေတဲ့အမှတ်တရအားလုံးကို ဖြတ်တောက်ပစ်လိုက်ပါ။ ဒါကမဖြစ်နိုင်ဘူးပြင်းထန်တယ်ထင်ရပေမယ့် သင့်စိတ်ကို ကုစားလိုက်တာပဲဖြစ်ပါတယ်။ သူ့ကိုအလွယ်တကူဝင်ရောက်ခွင့်မပေးဖို့ပဲဖြစ်ပါတယ်။

ပြီးရင် သူနဲ့ဆက်သွယ်လို့ရတဲ့အရာတွေကို အကုန်ဖြတ်တောက်ပစ်လိုက်ပါ။ Facebook,Viberစတဲ့လူမှုမီဒီယာတွေမှာBlockတာ၊ သူ့ဖုန်းခေါ်ဆိုမှုတွေကိုလျစ်လျူရှုတာ၊ သူသွားတတ်တဲ့နေရာတွေကို ရှောင်တာမျိုးပါ။ ဒါကသင်တို့ မမြင်ကြတော့ဘူးဆိုပေမယ့် သင့်အကြောင်းပုံမှန်စဉ်းစားဖို့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ သင်ဟာသူမရှိတဲ့ဘဝတစ်ခုမှာ စတင်နေထိုင်နေတဲ့အချိန်အတွင်း သူကသင့်ကိုတွေ့ချင်မြင်ချင်ပေမယ့် မြင်ခွင့်မရတော့တဲ့အခါ သင်တစ်ကယ်မရှိတော့ဘူးဆိုတာ သူစတင်ခံစားရပါလိမ့်မယ်။ အဲ့ဒီအခါ သူ့နှလုံးသားက သင့်ကိုပြန်လိုချင်တဲ့ ဆန္ဒတွေ ပြန်လည်မွေးဖွားလာပြီး သင့်ကိုလိုက်လံရှာဖွေပါလိမ့်မယ်။ တစ်ကယ်ချစ်ခဲ့တယ်ဆိုရင်ပေါ့။


သင့်EX လိုချင်တာမပေးနဲ့

သူကချစ်သေးတယ် ဂရုစိုက်သေးတယ်ဆို ကျိန်းသေ သင့်ကိုဆက်သွယ်ခွင့်ရဖို့ ကြိုးစားပါလိမ့်မယ်။ ဖုန်းနဲ့ပြောဖို့ ကြိုးစားတာ လူချင်းတွေ့ပြီးတောင်းပန်ဖို့ ကြိုးစားတာမျိုးကို အလွယ်လက်ခံလိုက်ရင် သင့်ကို အလေးထားမှု လျော့သွားပါလိမ့်မယ်။ ခနခန ထားခဲ့ပါလိမ့်မယ်။ သူနောင်တရပြီးပြန်လာတဲ့အချိန်ကျမှ သူလိုချငိတာကို သင်ပေးလို့ရသလို သင်လိုချင်တာကိုလည်း သူ့ကိုလက်ဖြန့်ပြီးတောင်းရုံပေါ့။


မဖီလ်းပြနဲ့ ဝမ်းနည်းငိုကြွေးမပြနဲ့

သင့်EXကြီး သင့်ဆီ ပြန်မလာမချင်း သင့်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေ ငိုကြွေးမှုတွေ ကို မထုတ်ပြမိပါစေနဲ့။ သူ့အမှားတွေကို သူနောင်တရပြီး သူ့လိုအပ်မှုက သင်ဆိုတာကို သေချာသူမြင်ပြီး ပြန်လာတဲ့အချိန်ရောက်မှ သင်အားရပါးရငိုကြွေးလို့ရပါတယ်။ ဆိုလိုတာက တိတ်တိတ်လေးကြေကွဲပါ. သူသိအောင် မဖီးလ်ပြပါနဲ့။ မျော်လင့်ချက်မဲ့သလို မလုပ်ပြမိစေနဲ့။


ကိုယ့်တန်ဖိုးကိုမြှင့်ပါ




ကိုယ့်ဘဝကိုတိုးတက်အောင်လုပ်ပါ။ သူထားသွားတာ ဘာကြောင့်လဲ ? သင့်မှာဘာအားနည်းချက်တွေရှိနေလဲ? သူကဘာလိုချင်တာလဲ? သင်ကိုယ်တိုင်ကရော ဘာဖြစ်ချင်တာလဲဆိုတာတွေးပါ။ အကောင်အထည်ဖော်ပါ။ လေ့ကျင့်ခန်းလုပ်တာမျိုး ဘာသာစကားတစ်ခုခု လေ့လာတာမျိုးလုပ်ကြည့်ပါ။ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလုပ်ပစ်ပါ။


လိုက်မတောင်းပန်နဲ့

သင့်ကိုယ်သင်အတွက် အကောင်းဆုံးပြင်ဆင်နေတဲ့အချိန် သူ့ကို လွမ်းလွန်းလို့ မခွဲနိုင်လို့ ငိုယိုပြီး အပြင်မှာလိုက်ရှာပြီးတောင်းပန်တာမျိုးတွေမလုပ်ပါနဲ့။ ဒါကတော်တော်များများလုပ်တတ်တဲ့ မိုက်မဲမှုတစ်ခုနော်။ သူမပါပဲ ဘာတစ်ခုမှ မလုပ်နိုင်တော့သလို သူ့ကို အရမ်းလိုအပ်နေပါတယ်ဆိုတဲ့ ပုံစံကိုလုပ်မပြမိပါစေနဲ့။ တကယ်တော့အဲ့ဒီလိုတွေ လုပ်ပြခြင်းက သူသင့်ကိုထားခဲ့တာရဲ့ အကြောင်းပြချက်တစ်ခုတောင်ဖြစ်နိုင်ပါတယ်။


သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ




ဖြစ်နိုင်ရင်ဒီလို အချိန်တွေမှာ တစ်ယောက်တည်းမနေတာအကောင်းဆုံးပါ။ သူငယ်ချင်းတွေနဲ့သွားပါ လာပါ စားပါ သောက်ပါ ပျော်အောင်နေပါ။


သင့်ချစ်သူကိုတကယ်ပြန်လာစေချင်လားဆုံးဖြတ်ပါ

သူကသင့်အတွက် ဘယ်လောက်ထိလိုအပ်နေလဲ? မရှိမဖြစ်လား သူရှိမှ ဖြစ်မှာလား သူ့ကိုတစ်ကယ်ရောလိုချင်သေးရဲ့လား? တစ်ကယ်ရောပြန်လာစေချင်သေးလား သေချာဆုံးဖြတ်ပါ။


အမှတ်တမဲ့ပြန်ဆုံခွင့်ကိုဖန်တီးပေးပါ



အချိန်တစ်ခု ကလတစ်ခုဖြတ်ကျော်ပြီးတဲ့နောက် ပိတ်ဆို့ထားတာတွေကိုပြန်ဖွင့်ပေးလိုက်ပါ။ သူ့ရှေ့မှဦ သင့်ကိုယ်သင် ကောင်းကောင်းထိန်းချုပ်နိုင်ပြီဆိုတာ သေချာတဲ့တနေ့ သူသင့်ဆီပြန်လာဖို့ အမှတ်တမဲ့တွေကိုဖန်တီးပါ။ များသောအားဖြင့် အေးစက်သွားခဲ့တဲ့Relationshipတစ်ခုကို ချက်ခြင်းကြီး ပြန်နွေးလို့မရပါဘူး။ ဘာလို့ဆို သင်တို့ဆက်ဆံရေးက ပြီးဆုံးခဲ့ပြီလေ။ ဒီတော့သူ့ကိုပြန်လာစေဖို့ဆုံးဖြတ်ချက်ချထားတယ်ဆို သူဖုန်းခေါရင်ကိုင်ပါ။ စကားတွေတော့အများကြီး မပြောနဲ့ဦး။
ဘယ်လောက်ကြေကွဲရလဲဆိုတဲ့ ကဗျာရှည်ကြီးကို မရွတ်ပြနဲ့ဦး။ သင့်ကိုသူ့ဘက်က ပိုပီးလိုချင်လာအောင်လုပ်ပါ။


အပြင်မှာတခေါက်လောက်ပြန်ဆုံဖို့ချိန်း



သေဆုံးပီးသားဆက်ဆံရေးဖြစ်တဲ့အတွက် အပြင်မှာ ညစာဖြစ်ဖြစ် မုန့်စားတာမျိုးဖြစ်ဖြစ် ခနတွေ့ဖို့ချိန်းပါ။ သူ့ဘက်ကချိန်းရင်လည်း လက်ခံလိုက်ပါ။ တွေ့ဆုံတဲ့အခါ သတိထားပါ။ ငိုတာတွေ ချွဲတာတွေ မလုပ်ပါနဲ့ဦး။ သူ့ဘက်ကလိုလိုချင်ချင် လှိုက်လှိုက်လှဲလှဲမှသာ ထိုက်သင့်တာတွေပြန်ပြောပါ။ အဖြစ်မှန်မဟုတ်တောင် သင်ခုချိန်မှာနေသားကျနေပီး သင့်ကို ချစ်ရေးဆိုထားသူရှိတယ်လို့ ပြောပြလိုက်ပါ။ သူ့ဘက်က ဒီလိုပြောလိုက်ရင် တုံ့ပြန်မှု ၂ခုဖြစ်လာနိုင်ပါတယ်။ တခုကသင့်ကိုတကယ်ဆုံးရှုံးရမှာကြောက်လို့ လိုလိုချင်ချင်နဲ့ပြန်ဆက်ချင်တာ။ နောက်တစ်ခုက မလိုချင်တော့တာ။
သူ့ဘက်ကမလိုချင်တဲ့ ပုံပြရင်တော့ အပြုံးလေးနဲ့လှည့်ထွက်ခဲ့ပါ။ သင်ကသင့်ဘဝရဲ့ပဲ့ကိုင်ရှင်ပါ။


အနာဂါတ်Planတွေအတူချပါ

အပြစ်အားလုံးကို ခွင့်လွတ်တယ်၊ သင်တို့နားလည်မှုပြန်ယူကြမယ်ဆိုရင်တော့ သူပြန်လာအောင် လမ်းဖွင့်ပေးထားလိုက်ပါ။ သင်လိုချင်တာလိုအပ်တာတွေ ဖြစ်စေချင်တာတွေပွင့်လင်းစွာဆွေးနွေးပါ။ သူ့ဘက်ကိုလည်းနားထောင်ပါ။အတူတကွပုံစံသစ်နဲ့ပျော်ပျော်ရွှင်ရွှင် ပြန်နေထိုင်ပါ။သင့်ကိုသင်မသေချာသေရးရင် အချိန်ယူပါ။ သင့်ဘဝအတွက်ဆုံးဖြတ်ချက်ချမယ့်သူက သူမဟုတ်ဘူး၊ သင်ပဲဖြစ်ပါတယ်။ ကဲဒီလောက်ဆို အရမ်းချစ်ရပါတဲ့EXကို ကိုယ့်ဆီပြန်လာအောင် ဘယ်လိုအဆင့်ဆင့် လုပ်ရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်နော်

#Lifestyle_Myanmar

#Mg_Htet

REF_Hackspirit.Com


#အချိန်
#ဆုံးဖြတ်ချက်
#အကြောင်းပြချက်
#နားလည်မှု
#ဒဏ်ရာ

Some text some message..