အထူးသဖြင့် သင့်မှာ ( long-term relationship ) ရေရှည်ဆက်ဆံရေးမျိုး ရှိခဲ့ရင် ခွဲခွာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက စိတ်ကို ထိခိုက်နာကျင်စေပါတယ်။ ဒီခွဲခွာမှုက သင့်အား ပြင်းထန်သော နာကျင်မှုနှင့် မကောင်းတဲ့ ခံစားချက်တွေကို ဖြစ်စေပါတယ်။ ဒီအဆင့်မှာ တစ်စုံတစ်ယောက်က သင့်ဘဝထဲကို လှမ်းဝင်လာပြီဆိုပါစို့။ သင်ဟာ သင့်စိတ်ခံစားမှု ဒဏ်ရာတွေကို ကုသဖို့အတွက် သူတို့ကို လက်ကမ်းပြီး ကြိုဆိုမိပါလိမ့်မယ်။ ဒါက အချစ်ကြောင့်ခံစားရတဲ့ သင့်ရဲ့ဝေဒနာတွေကို ကုသဖို့ မှန်ကန်တဲ့ လုပ်ရပ်လား?
Rebound Relationship ဆိုတာက အရှေ့တစ်ယောက်ကို မေ့နိုင်ဖို့ နောက်တစ်ယောက်ကို ချက်ချင်းအစားထိုးလိုက်တဲ့ ကြိုးပမ်းမှုပဲ ဖြစ်ပြီး ယခင်ဆက်ဆံရေးကို ကျော်လွှားဖို့ စိတ်အာရုံပြောင်းမှုတစ်ခုသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် အချစ်ကြောင့်ရတဲ့ ရောဂါဝေဒနာကို အချစ်နဲ့ ကုတာပဲဖြစ်ပါတယ်။ တကယ်တော့ ဒါက နာကျင်မှုနဲ့ အထီးကျန်မှုကနေ လွတ်မြောက်ဖို့ ဆင်ခြေတစ်ခု ဖြစ်နိုင်ပါတယ်။ အချစ်သစ်က နာကျင်မှုကို လျော့နည်းသွားစေတာကြောင့် ဒါက နာကျင်မှုကို သူ့ဘာသာ ကိုင်တွယ်ဖြေရှင်းခြင်းထက် အချိန်ရင်းနှီးမြုပ်နှံဖို့ ပို လွယ်ကူတာကြောင့် ဖြစ်ပါတယ်။
Rebound Relationshipမှာ ပါဝင်သူတွေဟာ နောက်ဆုံးအချစ်ရေးကနေ ပြန်လည်သက်သာဖို့ ကိုယ့်ကိုယ်ကို အချိန်အလုံအလောက် မပေးဘဲ နောက်အချစ်သစ်တစ်ခုကို ချက်ချင်းစတင်လိုက်ကြပါတယ်။
လမ်းခွဲပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ နောက်အချစ်သစ်အတွက် အဆင်သင့်ဖြစ်နေတာမျိုး ၊ ကိုယ်ရေရှည်ဆက်ဆံရမယ့် သူတစ်ယောက်ကို ဘာမှမစဉ်းစားဘဲ မြန်မြန်ဆန်ဆန် ရှာဖွေလိုက်ခြင်းမျိုးက သင့်အတွက်လည်း မကောင်းသလို တတိယလူအတွက်လည်း မကောင်းပါဘူး။
လမ်းခွဲခြင်းဟာ ခက်ခဲသော်လည်း သင့်Ex ကိုပြန်ရဖို့အတွက် နောက်တစ်ယောက်နဲ့ ချက်ချင်းတွဲတာမျိုးကအထီးကျန်မှုမှ လွတ်မြောက်ဖို့ အဖြေမဟုတ်ပါဘူး။ အစားထိုးတဲ့အချစ်က သင့်အတွက် ဘာ့ကြောင့်မကောင်းသလဲဆိုတော့…
၁။ သင်ဟာ စိတ်ခံစားမှုပိုင်းမှာ (ပျော့ကွက်)အားနည်းချက်ရှိလာပါတယ်
သင်ဘယ်လောက်ပဲ strong ဖြစ်ပါစေ၊ လမ်းခွဲလိုက်ခြင်းက သင့်စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လွယ်စေနိုင်ပါတယ်၊ ဒီအချိန်ဟာ အခြားသူများ သင့်ဘဝထဲကို ဝင်လာပြီး သင့်အားနည်းချက်ကို အခွင့်ကောင်းယူနိုင်တဲ့အချိန်ဖြစ်ပါတယ်။
၂။ သင့်ကို ဝေခွဲမရ ဖြစ်စေပါတယ်
လမ်းခွဲခြင်းက စိတ်ခံစားမှုကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ဖို့ ခက်ခဲလွန်းပါတယ်။ သင်ဟာ အချစ်သစ်နဲ့ အစားထိုးလိုက်တဲ့အချိန်မှာ အဲဒီအတွက် သင့်မှာ အဆင်သင့်မဖြစ်သေးပါဘူး။ သင့်လက်တွဲဖော်အသစ်ကို သင်ကြိုက်နှစ်သက်နိုင်ပေမယ့် သင့်Ex ကိုမေ့နိုင်သေးမှာ မဟုတ်ပါဘူး။ ဒါက သင့်အားစိတ်ရှုပ်စရာ ဖြစ်စေပြီး သင့်လက်တွဲဖော်အသစ်ပေါ် ထားရှိသော ခံစားချက်အမှန်နှင့် ပတ်သတ်ပြီး နလပိန်းတုံး ဖြစ်နေပါလိမ့်မယ်။
၃။ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းကို လက်လွတ်ဆုံးရှုံးနိုင်ပါတယ်
ဘဝအတွေ့အကြုံတိုင်းက သင့်ကို သင်ခန်းစာပေးပါတယ်။ ဆက်ဆံရေးပြတ်တောက်သွားတဲ့အခါ သင်မှာ ဘာတွေမှားယွင်းနေလဲ? ဘာ့ကြောင့်ပြတ်ရတာလဲဆိုတာ ပြန်လည်စဉ်းစားဖို့ အချိန်ယူရပါမယ်။ လမ်းခွဲပြီးနောက်RS အသစ်ကို ချက်ချင်း စတင်လိုက်တာက သင့်ကိုယ်သင် ဆန်းစစ်ဖို့အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရပါလိမ့်မယ်။
၄။ လက်တွဲဖော်အသစ်ကို မမျှမတ ဖြစ်စေပါတယ်
Rebound relationship ထဲကို ဝင်ရောက်သူ လူအများစုက အထီးကျန်မှုမှ လွတ်မြောက်ချင်လို့(သို့) ရည်းစားဟောင်းကို မနာလိုဖြစ်စေချင်လို့ ဖြစ်ကြပါတယ်။ တကယ်လို့ သင်ဟာ ထိုကဲ့သို့သော rebounder တစ်ယောက်ရဲ့ အသုံးချခံရမှုကို မြင်ယောင်ကြည့်ပါ။ ကိုယ့်ကို တခြားသူတစ်ယောက်အနေမှာ အစားထိုးတယ်ဆိုတဲ့ ခံစားချက်က အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ ဟုတ်ပါတယ်။ ဒါက relationship ကိုစတင်ဖို့ ဆုံးဖြတ်ပြီးဖြစ်တဲ့၊ အလေးအနက်ထားတဲ့ လက်တွဲဖော်အသစ် တစ်ယောက်အတွက် မမျှမတဖြစ်စေပါတယ်။
၅။ ပြန်လည်ရင်ကြားစေ့ဖို့ မဖြစ်နိုင်တော့ပါ
တစ်ခါတစ်ရံမှာ သင့်အနေဖြင့် ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးနဲ့ပတ်သတ်ပြီး ချစ်သူနဲ့ လမ်းခွဲသွားရနိုင်ပါတယ်။ နောက်မှ နောင်တရပြီး သူတို့ထံပြန်သွားချင်ပါလိမ့်မယ်။ သို့သော် သင်ဟာ သူ့ကိုအရွဲ့တိုက်ပြီး နောက်တစ်ယောက်နဲ့ တွဲနေတာဆိုရင် အရင်လူနှင့် ပြန်လည်သင့်မြတ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားပါပြီ။
၆။ လက်တွဲဖော်အသစ်အတွက် ဆွဲဆောင်မှုက ခဏတာမျှသာ ဖြစ်ပါတယ်
ပါတနာအသစ်ကို သင်စွဲလမ်းနေတယ်လို့ ခံစားမိနိုင်ပေမယ့် အမှန်တကယ်က ဒါဟာ သင့်ကို Support လုပ်ပေးဖို့၊ စာနာဖို့အတွက်သာ လိုအပ်တာဖြစ်ပါတယ်။ ထိုကဲ့သို့သော ဆွဲဆောင်မှုက ကြာရှည်မခံပါဘူး။
၇။ သင်ဟာ မှီခိုသူဖြစ်လာပါတယ်
အစားထိုးလိုက်ခြင်းက သင့်ပျော်ရွင်မှုအတွက် အခြားသူတစ်ယောက်အပေါ် အမြဲတမ်းမှီခိုစေပါတယ်။ single လုပ်နေတာကမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး သင့်ခွန်အားကို ပြန်လည်ရှာဖွေနိုင်စေပါတယ်။ relationship အသစ်နှင့်အတူ ဆက်စပ်နေတဲ့ ဒီလိုပြဿနာတွေက ကြာရှည်မြဲဖို့ ခက်ခဲနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-momjunction