Relationships အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ကြတဲ့ကိုရီးယားဆယ်လီများ
trend.com.mm
|
2020-06-04

ကိုရီးယားမှာ နာမည်ကြီးဆယ်လီတွေနဲ့ ချိန်းတွေ့ခြင်းကအရမ်းကို ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အကြောင်းအရင်းတစ်ခုဖြစ်ပြီဆိုရင် ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုတဲ့သူတွေရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံရတာကလဲ အစဉ်အလာတစ်ခုလိုဖြစ်နေပါတယ်။အဲ့ဒါကြောင့်တစ်ချို့ဆယ်လီအများစုက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောလေ့မရှိပါဘူး။ဒီတစ်ခါမှာတော့ Relationships နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ ဆယ်လီတွေကို ပြောပြပေးသွားမှာဖြစ်ပြီး ဒီထဲမှာတော့ ပြစ်တင်ဝေဖန်မှုတွေကြားထဲကနေ လက်ထပ်လိုက်ကြတဲ့ ဆယ်လီစုံတွဲတွေမပါဝင်ပါဘူး။

1. Sooyoung (Girls’ Generation) & Jung Kyung Ho




အရမ်းလိုက်ဖက်လွန်းတဲ့ ဒီအတွဲလေးကတော့ သူတို့ရဲ့အကြောင်းကို အကြိမ်ပေါင်းများစွာထုတ်ပြောခဲ့ကြဖူးပါတယ်။

2. Lee Kwang Soo & Lee Sun Bin




ပရိသတ်အချစ်တော် Kwang Soo ကတော့ သူ့ရဲ့ Relationship နဲ့ပတ်သက်လို့ ပထမဆုံးအကြိမ်ထုတ်ပြောပြီးတဲ့နောက်မှာတော့ အနည်းငယ်အလှောင်ခံခဲ့ရပါသေးတယ်။

3. HyunA & Dawn




ချစ်စရာကောင်းတဲ့ Hyun နဲ့ Dawn တို့အတွဲကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့အတွဲလေးဖြစ်ပြီး ပြပွဲတွေမှာဆိုရင်လဲ အတူတူတွေ့နေရတတ်ပါတယ်။

4. Kyungri & Jinwoon (2AM)




Kyungri နဲ့ Jinwoon ကတော့ သူတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ ဝေဖန်မှုတွေကို သိပ်ပြီး ဂရုစိုက်တတ်တဲ့ ပုံစံမျိုးပါ။နောက်ပြီး Jinwoon က အရမ်းသဝန်တိုတတ်ပါတယ်နော်။

5. Heechul (Super Junior) & Momo (TWICE)




သူတို့အတွဲလေးကလည်း အရမ်းချစ်စရာကောင်းပြီး လိုက်ဖက်လွန်းနေပါတယ်။

Ref;KOREABOO


#အတွဲ
#ချစ်စရာ
#ဝေဖန်မှု
#အချစ်တော်
#ပရိသတ်

Some text some message..