မြင်းနှစ် အဟော
trend.com.mm
|
2020-06-04

၁၈၉၄၊ ၁၉ဝ၆၊ ၁၉၁၈၊ ၁၉၃ဝ၊ ၁၉၄၂၊ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉ဝ၊၂ဝဝ၂၊၂ဝ၁၄ ၂ဝ၂၆နှစ်ဖွားများသည် မြင်းနှစ်ဖွားများဖြစ်ကြသည်။
မြင်းနှစ်ဖွားများသည် တိကျပြတ်သားခြင်း၊ သန်မာခြင်း၊ သစ္စာရှိခြင်း၊ အားထားယုံကြည်လောက်ခြင်းနှင့် ပြည့်စုံ၏။ ထို့ပြင် ယင်းတို့သည် အောင်မြင်မှုကို လက်ကိုင်ထား၍ သီးခြားနေထိုင်တတ်သူ ဖြစ်သည်။ လျင်မြန်သော၊ ဖြတ်ထိုးဉာဏ်ရှိသော၊ ဆွဲဆောင်မှုရှိသော၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော၊ ဂရုမစိုက်သော၊ မြှောက်ပင့်တတ်သော၊ နိုင်ငံရေး ဝါသနာပါသော၊ စိတ်မရှည်တတ်သော၊ အလွန်ပြင်းထန်တတ်သော၊ မာနကြီးသော၊ စိတ်ကြီးသော၊ တစ်ယူသန်သော၊ ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားသော ၊ အကြံဉာဏ်ဝေဖန်သုံးသပ်မှုကို လက်မခံသော သဘောတို့ ရှိသည်။ အရာရာကို ချစ်ခင်နှစ်သက်ဖွယ်ပြုမူ ဆောင်ရွက် အနိုင်ယူတတ်သည်။

ညမွေးမြင်းနှစ်ဖွားများသည် နေ့မွေး မြင်းနှစ်ဖွားများထက် တည်ငြိမ်သော ဘ၀ အကျိုးပေးများ ခံစားရတတ်၏။ တရုတ်လူမျိုးတို့၏ ရှေးဟောင်း အယူအဆ မြင်းသည် ပိုးနှင့် ပိုးထည်များကို ဆက်စပ်နေသည့်အားလျော်စွာ ထိုနှစ်ဖွားများမှာလည်း ပိုးနှင့် ပိုးထည်များတွင် အကျိုးပေး သန်ပေသည်။
မြင်းနှစ်ဖွားများသည် ပရိယာယ်ကြွယ်ဝသည့်အပြင် တဘက်သား ချီးမွမ်းပြောဆိုရာတွင်လည်း သိမ်မွေ့ညက်ညောသည်။ ထို့ကြောင့်လည်း သူတို့ကို လူချစ်လူခင်များခြင်း ဖြစ်သည်။ ယင်းတို့၏ ချို့ယွင်းချက်မှာ စကားများလွန်းခြင်း၊ ဟန်ထုတ်လွန်းခြင်း၊ အရိပ်သုံးပါး နားမလည်ခြင်းတို့လည်း ရှိတတ်သည်။
မြင်းနှစ်ဖွာဒအမျိုးသားတို့သည် မိတ်ဆွေအပေါင်းအသင်းများနှင့် အကျွမ်းတဝင် ရှိတတ်ကြသည်။ ယင်းတို့သည် ကျကျနန ဝတ်စားတတ်ကြသည်။ အကြံဉာဏ်ယူသည်ထက် အကြံဉာဏ်ပေးတတ်ကြသည်။ အိမ်ထောင်ဦးစီးအနေဖြင့် ပိုင်စိုးပိုင်နင်းသဘော တစ်ကိုယ်ကောင်း ကြံသည့်စိတ်ဓါတ် ရှိတတ်သည်။
မြင်းနှစ်ဖွား အမျိုးသမီးများသည် ရှိုးမိုးထုတ်တတ်သူများဟူ၍ နာမည်ကြီးပြီး အလှအပကြိုက်တတ်သည်။ စိတ်ကူးယဉ်သမားများလည်း ဖြစ်ကြမည်။ အတင်းအဖျင်းပြောခြင်း၊ အငြင်းသန်ခြင်း၊ ခေါင်းမာခြင်း စသည့် ဉာဏ်များ ရှိတတ်သည်။ မိမိကိုယ်ကို မိမိယုံကြည်ခြင်း၊ စကားပြောကောင်းခြင်း၊ ဇဝနဉာဏ်ရှိခြင်း၊ မာနကြီးခြင်း၊ ငွေကြေးရှာဖွေတတ်ခြင်း တို့လည်း ရှိတတ်သည်။
အချစ်ရေး၌ ပေးဆပ်မှုများတဲ့အတွက် အခြားသူများ၏ အပျော်ကြံခြင်း ခံရတတ်သည်။ စီးပွားရေး၌ ခွေးနှစ်ဖွားရှိသူနှင့် အလုပ်လုပ်က အောင်မြင်မည်။ နိုင်ငံရေး၊ ရုပ်ရှင်၊ ပြဇာတ် စသည့် အနုပညာလောက၌ အထူးအောင်မြင်နိုင်သည်။ မြင်းနှစ်ဖွားများသည် ကျား၊ ခွေးနှစ်ဖွားများနှင့် သင့်မြတ်သည်။ နွား၊ ယုန်နှင့် မြင်းနှစ်ဖွားတို့နှင့်ကား ဖီလာဖြစ်သည်။ ကြွက်နှစ်ဖွားနှင့်ကား ဓမ္မသောက ဖြစ်၏။ ယင်းတို့ အကောင်းဆုံး ဘဝကြင်ဖော်မှာ ဆိတ်နှစ်ဖွား ဖြစ်သည်။

မြင်းနှစ်ဖွားများ၌ ထင်ရှားသူများမှာ ကရုရှက်၊ ရင်းဖရန့်၊ ရုစဗဲ့၊ ပတ်စချာ၊ အိုင်ဇက်နျူတန်၊ ဆိုဇင်နစ်ဇင်၊ဂျင်ဂျစ်ခန်၊ မာဂရက်မင်းသမီး၊ ဝင်ဆာမြို့စားကြီး အရစ်တိုတယ်အိုနာစစ်၊ ရှောင်ကွန်နရီ၊ ဘယ်ဂျီယန်ဘုရင် ဘော်ဒွင်၊ အမေရိကန် အာကာသသူရဲကောင်း နေးလ်အမ်းစထရောင်း၊ လီယိုနစ်ဘရက်ဇညက်၊ ကီမင်ကော့စ်နာ၊ ဂျိမ်းစ်ဒင်း၊ ဟာရစ်ဆန်ဖို့ဒ်၊ သောမတ်အယ်ဗာဒီဆင်၊ ဂျင်းဟက်မန်း၊ နယ်ဆင်မင်ဒဲလား၊ ဘောရစ်ယယ်ဆင်၊ မိုက်ကယ်ယော့၊ လူဝီပတ်ချာ၊ အန်နဝါဆာဒတ်၊ မိုက်တိုင်ဆန်တို့ ဖြစ်သည်။

[ Unicode ]

Ref; chinese_zodiac_sign

#မြင်း
#ယင်းတို့
#ပိုးထည်
#အကြံဉာဏ်
#ဗာဒီ

Some text some message..