ပုတိဖွားတို့ရဲ့ စိတ်နေစိတ်ထား
trend.com.mm
|
2020-06-04

ပုတိဖွားသားသမီးတွေကတော့…..
အရာရာတိုင်းကို လက်တွေ့မှ ယုံကြည်တတ်ကြသည်။သူများက မြှောက်ပင့်ပြောတိုင်းလဲ ဘဝင်မမြင့်တတ်သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပါဘူး။

စည်းနဲ့ကမ်းနဲ့နေတတ်သည်။ မိမိပစ္စည်းကို ရိုရိုသေသေကိုင်တွယ်သဘောကျတတ်ကြသည်။စာပေ၊အနုပညာ၊ဗဟုသုတ လိုက်စားတတ်ကြသည်။

ပုတိဖွားတွေ့က ပေးပြီးသားကတိကို တည်အောင်စောင့်ထိန်းတတ်ကြသည်။ မည်သည့်အလုပ်ကိုမဆို လေးလေးစားစားလုပ်တတ်သည်။ အချိန်ကိုလေးစားတတ်၊ဂတိတည်ပြီး၊ပြတ်ပြတ်သားသားလုပ်တတ်သည်။


ပုတိဖွားတွေ သွားလာလှုပ်ရှာနေရာမှာ ၊ အလုပ်လုပ်တယ်နေရာမှာ စိတ်ကျေနပ်ကြပါတယ်။
လူအများ၏ အထင်ကြီးခြင်း လေးစားခြင်းခံရပြီး၊စည်းရုံးရေးကောင်းတာကြောင့် ဦးစီးဦးဆောင် ခေါင်းဆောင်နေရာတွေမှာ တင်မြောက်ခံရတတ်သည်။

ဒါပေမဲ့ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်းမှရသည်။

ပုတိဖွားတွေက ဘဝတစ်လျှောက်လုံး ရုန်းကန်လှုပ်ရှားနေရတတ်သည်။ အတတ်အကျများသည်။ တုန်လှုပ်ဖွယ်ရာ ဘေးဆိုးများ မမျှော်လင့်တာသော ပြဿနာများလဲ မကြာခဏကြုံရတတ်သည်။

သို့သော်လည် ဒုက္ခတွေကြားက သီသီလေးလွတ်မြောက်တတ်သည်။ အမြဲတမ်းအလကားမနေတတ်။ တစ်ခုခုလုပ်နေရမှကျေနပ်ကြသည်။

ပုတိဖွားတွေက များသောအားဖြင့် စိတ်တည်ငြိမ်စွာ ဆုံးဖြတ်ကြသည်။ မိမိကို ရန်ပြု လာလျှင် တတ်နိုင်သမျှ သည်းခံစိတ်ထားကြသည်။

အရာရာထက် လွန်လာပါက အပြင်ပန်းအမြင်မှာ အေးဆေးတည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသထွက်လျှင် အမှန်အမှားမခွဲခြားတတ်တော့ပါ။ဘဝတိုက်ပွဲအမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြသည်။

ပုတိဖွားတွေက အရာရာ ပြတ်ပြတ်သားသား ဆောင်ရွက်တတ်ပါတယ်။ တစ်ခါတလေအားနာတတ်သော်လဲ အားမနာတာကများသည်။ရဲတင်းလွန်ခြင်း ဦဆောင်ရဲခြင်းက လူအများရဲ့သြဘာ ပေးခြင်းခံရတတ်သည်။

မိမိသည်စိတ်ကောင်းစိတ်ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင်သူများထက် သူများထက်ကောင်းတတ်ပြီး စိတ်ဆိုးစိတ်ယုတ်ဝင်လာရင် မိမိမျက်ထဲဘာကိုမှ မမြင်တော့ပါ ဘီလူးထက်မိုက်ပြတတ်သည်။

ပုတိဖွား တွေဟာ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။တံငါးနာနီတော့ တံငါး၊ မုဆိုးနာနီ မုဆိုး၊ သူတော်ကောင်းနဲ့နီးရင် သူတော်ကောင်းဖြစ်သွားတတ်သလို သူယုတ်မာနဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါသည်။

ဒါကြောင့် အောင်မြင်နေတဲ့ပုတိဖွားတွေကိုသုတေသနပြုကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။

သို့ပေမယ့် မွေးဖွားရာဒေသတော့ စွန့်ခွာရတတ်သည်။ မွေးတစ်နေရာ၊ ပညာသင်တစ်နေရာ၊ အောင်မှုတစ်နေရာ အထူး နယ်ဝေးရပ်ခြားသွားရခြင်းနှင့် ပြည်ပသို့ အောင်မြင်မှုရတတ်ကြသည်။

မိမိသည် အခွင့်အရေးတွေကို လက်လွတ်မခံတတ်ဘဲရအောင်ယူတတ်သူပါပဲ။ ဖြောင့်မတ်ရိုးသားသူတွေပါပဲ။ ပုတိဖွားတွေက စိတ်အခန့်မသင်လျှင် ဒေါသထွက်လွယ်သည်။

ဒေါသကြီးတာ ဒေါသထွက်လွယ်တာကို ရှောင်သင့်တယ်၊အောင်မြင်မှုအတွက် အတားအဆီး ဖြစ်ကြုံတွေ့ရတတ်ကြသည်။ကျော်လွှားနိုင်ကြသည်။


ပုတိဖွားများ နာမည်ကျော်ကြားလွယ်တဲ့ဇာတာပါ။ ကောင်းတာလုပ်ရင် နာမည်ကောင်းနဲ့ကျော်ကြားသလို ဆိုးတာလုပ်ရင်လဲ နာမည်ဆိုးကို ဖုံးဖိထားလို့မရပါဘူး။
ကောင်းရင်စံ ဆိုးရင် ဘဝပါပျက်တတ်သည်။

ပုတိဖွားတွေ့က အပေါင်းအသင်းစံ၊ သွားလေရာ သိသိမသိသိလူချစ်လူခင်ပေါများသည်။ကိုယ်က စပြီး မိတ်ဆက်စရာမလိုအောင် ထူးထူးခြား မိမိထံလာရောက် လက်တွဲနှုတ်ဆက်တတ်ကြသည်။


မိမိသည်ငွေနှင့်နီးတဲ့ ဇာတာပါပဲ။
အလိုလိုငွေရလွယ်၊မကြာခဏငွေရတတ်သည်။ ငွေကို စည်းနဲ့ကမ်းနဲ့ သုံးမယ်လို့ ရည်မှန်းထားသော်လည်း လက်တွေ့မှာတော့လက်ဖွားတတ်ကြသူတွေ့ပါ။ ရှိရင်ရှိသလိုသုံးတတ်ပြီး မရှိရင်ရေသောက်ဗိုက်မှောက်နေတတ်သည်။စုလိုက်ကုန်လိုက်ပါပဲ။


ငယ်စဉ်က ရောဂါထူးပြီး၊ မိဘများ အသင့်အတင့် ပြင်ကြသည်။
ဘဝမှာ ဒုတိယအရွယ်ကအလွန်ကောင်းမည်။အောင်မြင်မည်။ ကျော်ကြားမည်။ လူအထင်ကြီးခြင်းခံရမည်။

မိမိဘဝဟာ မကြာခဏအပြောင်းအလဲကြုံရ တတ်သည်။ လူလတ်ပိုင်းရောက်လျှင် သားကွဲမယားကွဲ၊ မိသာစုနှင့်ဝေးကွာနေရာတတ်သည်။ အလုပ်လုပ်နေရတတ်တာက ပိုများသည်။

စန်းကတော့ ပွင့်သည်။စန်းကြောင်းလဲ မိမိကမှန်နေလျင် အပျက်အစီး အတားအစီးကတော့ဝင်လာတသဲ့သဲ့။ ပုတိဖွားသားသမီးတို့မှာ အချစ်ရေး စန်းပွင့်ကြသည်။

အိမ်ထောင်သည်ဖြစ်လျှင်လည်း အလိုလို တစ်ဖက်လူက ဝင်ရောက် အချစ်ရေးကံပွင့်နေတတ်သည်။ ပုတိဖွားတွေက အလုပ်မှာလဲ လက်ငါးချောင်းထက်မနည်းပြောင်းလဲလုပ်ကိုင်နေရတတ်သည်။


ပုတိဖွားတွေဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကျိုးမခံစားရတတ်ပါ။ အိုးကံဇာတာတော့ အလွန်ကောင်းကြပါတယ်။



#သူတော်ကောင်း
#သူယုတ်မာ
#မုဆိုး
#သားသမီး
#ပတ်ဝန်းကျင်

Some text some message..