စိတ်ထိခိုက်မှုကို မခံနိုင်တော့တဲ့အခါ နာကျင်စေတဲ့ မှတ်ဉာဏ်၊ ဖြစ်ရပ်တစ်ချို့ကိုပဲ ဦးနှောက်က မေ့ပစ်လိုက်တာမျိုး ဇာတ်ကား အတော်များများမှာ ကြည့်ဖူးကြမှာပါ။ နာကျင်စရာ မှတ်ဉာဏ်တွေကို ဒီလိုဖျက်ပစ်လို့ရနိုင်ပါ့မလား?
မှတ်ဉာဏ်တွေက ဘာလဲ?
ယေဘုယျအားဖြင့် မှတ်ဉာဏ်တွေက သင့်ဘဝကို organize လုပ်တဲ့ တာဝန်ယူရပါတယ်။ မှတ်မိခြင်း (သို့) မှတ်ဉာဏ်တွေ မရှိပါက ရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက သင်ဟာ အသစ်ဖြစ်လာတဲ့ အသစ်တွေနဲ့အတူ အရာအားလုံးကို တစ်ချိန်လုံး သင်ယူရမှာ ဖြစ်ပါတယ်။
သင့်ဦးနှောက်က မှတ်ဉာဏ်တွေကို ဘယ်လိုသိမ်းဆည်းထားသလဲ?
စိတ်က နည်းလမ်းများစွာနဲ့ မှတ်ဉာဏ်တွေကို သိုလှောင်ထားပြီး မတူညီတဲ့ မှတ်ဉာဏ်အမျိုးအစားကို တည်ဆောက်ပါတယ်။ သို့သော် စာရင်းက အလွန်ှရားလျားပါတယ်။ ရိုးရှင်းစွာပြောရရင် မှတ်ဉာဏ်တွေကို ရေတို၊ ရေရှည်နှင့် အာရုံခံမှတ်ဉာဏ်တွေအကြား ခွဲခြားထားတယ် ဆိုပါစို့။
၁။ အာရုံခံမှတ်ဉာဏ်
ပထမဦးဆုံးအနေနဲ့ ဒီဟာက သင့်ရဲ့ အာရုံခံစားမှုကနေ ခံစားရတဲ့ မှတ်ဉာဏ်ပါ။ ဒီမှတ်ဉာဏ်တွေက မီလီစက္ကန့် ၃၀၀ထက်မပိုသော အချိန်တိုတိုကို သိုလှောင်ထားပါတယ်။ သူတို့က သင့်ရဲ့ “ရေတိုမှတ်ဉာဏ်” အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ မဟုတ်ရင် ထိုကာလပြီးနောက် လုံးဝပျောက်ကွယ်သွားပါတယ်။
၂။ ရေတိုမှတ်ဉာဏ်
သင်ဟာ သင့်ရဲ့ အာရုံခံမှတ်ဉာဏ်မှ အတွေ့အကြုံတစ်ခုကို ရွေးချယ်ပြီးတာနဲ့ ၎င်းကို ရေတိုမှတ်ဉာဏ်ထဲမှာ ထည့်သွင်းလိုက်ပါတယ်။ ဒီအမျိုးအစားကို တစ်ခါတစ်ရံမှာ လည်ပတ်မှုဆိုင်ရာ မှတ်ဉာဏ်လို့လည်း ခေါ်ပါတယ်။ အားလုံးခြုံကြည့်ရင် ၎င်းမှာ တစ်ကြိမ်လျှင် ဒြပ်စင် ငါးခုမှ ကိုးခု ကြား ပါဝင်နိုင်ပါတယ်။
၃။ ရေရှည်မှတ်ဉာဏ်
နောက်ဆုံးအနေနဲ့ ဒါက သင့်ရဲ့ မှတ်ဉာဏ်တွေကို သင့်စိတ်ထဲမှာ ရေရှည်သိုလှောင်စေပါတယ်။ ထို့အပြင် နာကျင်စရာမှတ်ဉာဏ်တွေကိုလည်း ဒီနေရာမှာ ထားပါတယ်။ ရေရှည်မှတ်ဉာဏ်ကို သွယ်ဝိုက်သော မှတ်ဉာဏ် (implicit)နဲ့ ရှင်းလင်းပြတ်သားတဲ့ မှတ်ဉာဏ်( explicit ) ဆိုပြီး ခွဲခြားနိုင်ပါတယ်။
ပထမတစ်ခုက သင်ရဲ့မေ့နေတဲ့ မှတ်ဉာဏ်တွေကို သိုလှောင်ထားပြီး အမျိုးမျိုးသော ကျွမ်းကျင်မှုတွေကို လေ့လာခြင်းနှင့် ဆက်စပ်နေပါတယ်။ ဒီအမျိုးအစားကြောင့် စက်ဘီးစီးခြင်း၊ ကားမောင်းခြင်းကဲ့သို့သော လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်ပါတယ်။
ရှင်းလင်းပြတ်သားတဲ့ မှတ်ဉာဏ်က သင့်ရဲ့ သတိလှုပ်ရှားမှုနှင့် ဆက်စပ်နေပါတယ်။ semantics နဲ့ episodic ဆိုပြီး ရှင်းလင်းပြတ်သားတဲ့ မှတ်ဉာဏ် ၂မျိုးရှိပါတယ်။ Semantics ဆိုတာက သမိုင်းဆိုင်ရာ (သို့) သိပ္ပံနည်းကျ မှတ်ဉာဏ်များ သာမက ပထဝီဝင် (သို့) အကွာအဝေးဗဟုသုတွေကို ရည်ညွှန်းပါတယ်။ ထို့အပြင် တစ်စုံတစ်ယောက်ရဲ့ နာမည်ကိုလည်း ဒီမှတ်ဉာဏ် အမျိုးအစားမှာ သိမ်းဆည်းထားပါလိမ့်မယ်။
Episodic မှတ်ဉာဏ်ကို နာကျင်စရာ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းပါတယ်။ အချို့သော အချက်အလက်တွေကို ဆက်လက်ထိန်းသိမ်းထားခြင်း ၊ အချို့သော အတွေ့အကြုံတွေကို ပြန်လည်သိမ်းဆည်းခြင်းနှင့် သင့်ကိုယ်သင်နဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို သိမ်းဆည်းထားတဲ့ နေရာဖြစ်ပါတယ်။ episodic မှတ်ဉာဏ်ထဲမှာ သိမ်းထားတဲ့ အတွေ့အကြုံတွေက သင့်ရဲ့ မင်္ဂလာဆောင်နေ့၊ ဘွဲ့ရတဲ့နေ့၊ ရန်ပွဲတစ်ခု(သို့) သင်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။
နာကျင်စရာမှတ်ဉာဏ်တွေကို ဖျက်ပစ်လို့ ရမလား?
လူအားလုံးဟာ ဘဝတစ်လျှောက်လုံး နာကျင်စရာ အဖြစ်အပျက်တွေနဲ့ ဖြတ်သန်းကြရပါလိမ့်မယ်၊ တစ်ခါတရံမှာ ထိုအဖြစ်အပျက်တွေ၊ မှတ်ဉာဏ်တွေကို စနစ်တကျသွားဖို့၊ ကူးပြောင်းဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ သို့သော် ပိုရှုပ်ထွေးနိုင်တဲ့ အချိန်တွေရှိပါတယ်။ အတိတ်ဖြစ်ရပ်တွေမှ ထွက်ပေါ်လာတဲ့ (ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ) နှင့် စိတ်ဓါတ်ကျခြင်းက ကြံ့ကြံ့ခံ ထမ်းထားနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။
သင့်မှတ်ဉာဏ်တွေကို သိမ်းဆည်းခဲ့တဲ့ နည်းလမ်းကြောင့် သင်မေ့နိုင်သည်ဖြစ်စေ၊ မမေ့နိုင်သည်ဖြစ်စေ မှတ်ဉာဏ်တစ်ခုစီက သင်ဘယ်လို ပေါင်းစည်းခဲ့သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ၎င်းက neuroscience သို့ ပို့ဆောင်ပါတယ်။
ဒီနယ်ပယ်ရှိ သုသေသနပြုချက်တွေအရ သင်တွေ့ကြုံခံစားရတဲ့ အတွေ့အကြုံတစ်ခုခုကို ပြန်လည်သိမ်းဆည်းတဲ့အခါတိုင်း ၎င်းက သင့်အားအချကအလက်သစ်တွေ ထပ်မံထည့်သွင်းခွင့်ပြုပါတယ်။
ဒီယန္တရားက နာကျင်မှု (သို့) စိတ်ထိခိုက်ဖွယ်မှတ်ဉာဏ်ကို သင်ပြုပြင်နိုင်တဲ့ နေရာတစ်ခုပေးပါတယ်။ ရလဒ်အနေနဲ့ သင်ဟာ ၎င်းနှင့် ဆက်စပ်နေတဲ့ သင့်စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို ပြောင်းလဲနိုင်ပါတယ်။
မကောင်းတဲ့ စိတ်ခံစားမှု
အဲဒါကို ယုံချင်မှ ယုံပါ။ စိတ်ရောဂါကုထုံးက မင်းကို နာကျင်စေတဲ့ အချက်အလက်တွေကို ပြန်လည်အဓိပ္ပာယ်ကောက်ယူခြင်းဖြင့် မကောင်းတဲ့ စိတ်ခံစားမှုတွေကို တိုက်ဖျက်ဖို့လည်း ကူညီနိုင်ပါတယ်။
အဓိပ္ပာယ် ပြောင်းလဲသွားတဲ့အခါ နာကျင်သော အချက်လည်း ပြောင်းလဲသွားပါတယ်။ သင့်ခံစားချက်တွေကို လျှော့ချဖို့ အချက်အလက်တွေကို ဖြည့်စွက်နိုင် ၊အစားထိုးနိုင်ပါတယ်။
လတ်တလောမှာ သိပ္ပံပညာရှင်တွေက လူနာတွေကို နာကျင်စေသော မှတ်ဉာဏ်တွေကတဆင့် အလုပ်လုပ်စေနိုင်တဲ့ ဆေးတွေကို တီထွင်နေကြပါတယ်။ စိတ်ဖိစီးမှုဟော်မုန်း (ကော်တီဇုန်) ထုတ်လုပ်မှုကို ဟန့်တားသော ပစ္စည်းတွေဟာ နာကျင်စရာ မှတ်ဉာဏ်တွေကိုတောင် ဖြေရှင်းနိုင်ပါတယ်။
သို့သော် ဒီမှတ်ဉာဏ်တွေကို လေ့လာမှုနှင့် သက်ဆိုင်သော သီအိုရီအများစုက သင်ဟာ ‘အမှန်တရားကို လက်ခံရမှာဖြစ်ပြီး အတိတ်ကို မပြောင်းလဲနိုင်ကြောင်း နားလည်သင့်တယ်’လို့ အကြံပြုထားပါတယ်။
နာကျင်စေသော အတိတ်နှင့် ပတ်သတ်ပြီး အချို့ရှုထောင့်တွေကနေ နည်းလမ်းရှာပါ။ ဘယ်လောက်ပဲ ပြင်းထန်သည်ဖြစ်စေ၊ ဘယ်လောက်ပဲ ထိခိုက်ပျက်စီးသည်ဖြစ်စေ၊ ၎င်းမှာ သင်အမြဲတမ်း သင်ယူရမယ့် အပြုသဘော သင်ခန်းစာရှိပါတယ်။
နောက်ဆုံးအနေနဲ့ ခွင့်လွှတ်ဖို့ အရေးကြီးပါတယ်။ ခွင့်လွှတ်ခြင်းက အတိတ်ကို အတိတ်မှာ ထားခဲ့နိုင်ပြီး အရာရာကို ကျော်လွှားနိုင်စေပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-steptohealth