နောင်လာမယ့် ၁၀နှစ်အတွင်း သင့်ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေချင်ရင် ဒါလေးတွေစလုပ်ကြည့်
lifestylemyanmar.com
|
2020-06-06



နောင်လာမယ့် ၁၀နှစ်အတွင်း သင့်ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေချင်ရင် တခြားလူတွေထက် သာလွန်ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်စေချင်ရင် ခုချက်ချင်း သင်စလုပ်လို့ရတဲ့ သေးငယ်လွန်းတဲ့အရာ ၁၂ခုအကြောင်းကိုပြောပြချင်ပါတယ်။ သင့်ဘဝကို အရမ်းကြီး အပင်ပန်းခံစရာမလိုပဲအခုထက်ကောင်းတဲ့ဘဝတစ်ခုကို ရစေနိုင်မယ့်အချက်လေးတွေပေါ့။ကဲ.ဖတ်ကြည့်လိုက်ရအောင်..


ခုချက်ချင်း သင်စလုပ်လို့ရတဲ့ သေးငယ်လွန်းတဲ့အရာ ၁၂ခု

၁။လူအမျိုးမျိုးနှင့်မိတ်ဆွေဖွဲ့ပါ။ သင်နှင့်အခြေခံအားဖြင့်တူညီသောသူများနှင့်သာပေါင်းသင်းခြင်းဖြင့်သင်၏အမြင်ကို ဘောင်မကျဉ်းပါစေနဲ့။ လူပေါင်းများစွာဆီက အတွေ့အကြုံများစွာ အမြင်များစွာ သင်ခန်းစာများစွာ ရပါလိမ့်မယ်။




၂။ စာဖတ်ပါ။ ဒီရက်သတ္တပတ်အနည်းငယ်အတွင်းသင်ဖတ်ခဲ့တဲ့စာအုပ်ဟာနောင်ဆယ်စုနှစ်များစွာအတွက်စဉ်းစားပုံကိုပြောင်းလဲစေနိုင်သေ ာကြောင့်ဖြစ်သည်။ တခါတရံ စာလေးတစ်ကြောင်းက သင့်ဘဝကို ပြောင်းလဲသွားစေနိုင်ပါတယ်။

၃။ သင့်ကိုယ်သင်မေးခွန်းထုတ်ပါ၊သင့်သံယတွေကို ဖြေရှင်းပါ။ သင့်အတွက် မလုံခြုံမှုတွေကို ပေးနေတယ်ထင်တဲ့သူတွေနဲ့ဝေးဝေးနေပါ။ ဆိုလိုတာက သင့်ဘဝကို လမ်းဘေးဆွဲချနေသူတွေနဲ့ ဝေးဝေးနေပါ။

၄။ အခြားလူများမလုပ်နိုင်သည့်လမ်းစဉ်အတိုင်းနေထိုင်ရန်ဆန္ဒရှိပါ၊ သို့မှသာသင်သည်အခြားလူများမတတ်နိုင်သည့်နည်းလမ်းအတိုင်းနေထိုင်နိုင်မည်ဖြစ်သည်။ အခြားသူများနှင့်မတူသည့်ဘဝကို ရလိမ့်မည်။

၅။ သင်ကြိုက်နှစ်သက်ရာများ သင်ကြိုက်နှစ်သက်သောအစားအစာများကိုဘယ်လိုပြင်ဆင်ရမယ်ဆိုတာလေ့လာပါ။ ဆိုလိုတာက ပျော်ရွှင်စွာချက်ပြုတ်စားသောက်တတ်ဖို့ သင်ယူထားပါ။

၆။ သင့်ငွေကိုဘယ်လိုတာဝန်ယူရမယ်ဆိုတာကိုလေ့လာပါ။ အသုံးနဲ့အဖြုန်းကွဲအောင် လုပ်ပါ။ လိုချင်တာနဲ့တကယ်လိုအပ်တာကိုခွဲခြားနားလည်ပါ။




၇။ လစဉ်ငွေအနည်းငယ်ချွေတာပါ၊ တစ်လဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို အနည်းဆုံးရအောင်စုပါ။ သေးငယ်လွန်းတဲ့အရာတွေကို အထင်မသေးပါနဲ့။ နောင်၁၀နှစ်နေရင် သင်သိလာပါလိမ့်မယ်။

၈။ နာကျင်မှုကို သင်ခန်းစာအဖြစ်လုပ်ယူတတ်အောင်လေ့ကျင့်ပါ။ အတိတ်ကအတိတ်ဆိုတာလက်ခံပါ။ သင်တစ်ခုခုလုပ်တော့မယ်ဆို အာရုံစူးစိုက်တတ်တဲ့အလေ့အကျင့်ရအောင်လေ့ကျင့်ပါ။ တနေ့ကို ၁၀မိနစ်လောက်တရားထိုင်ပါ။

၉။ သင်မှားနေလျှင်ဝန်ခံခြင်းကိုအဆင်ပြေပါစေ။ အမှားဆိုတာ ကျရှုံးမှုမဟုတ်ဘူးဆိုတာ ကောင်းကောင်းလက်ခံပါ။ မှားပီးသားအမှားတွေပဲထပ်ခါထပ်ခါမမှားပါစေနဲ့။




၁၀။သင်ကြိုက်သည့်အရာနှင့်သင်မနှစ်သက်သောစာရင်းများကိုရေးပါ။ အဘယ်အရာကိုသင်တန်ဖိုးထားသည် အဘယ်အရာကိုတန်ဖိုးမထားသည် အဘယ်အရာကို ကျွမ်းကျင်သည် အဘယ်အရာကို မကျွမ်းကျင်သည်ဆိုခြင်းကိုချရေးပါ။ ကျွမ်းကျင်မှုများကို အရင်းခံပြီး လုပ်ပါ။ ထိုမှတစ်ဆင့် မကျွမ်းကျင်သောနယ်ပယ်များကို အပင်ပန်းခံထပ်သင်ပါ။ ဘယ်အရာမှ သက်တောင့်သက်သာ လွယ်လွယ်နဲ့မရနိုင်ပါ။


၁၁။ သင်၏ဘဝကို ပြန်ပြောင်းစဉ်းစားပါ။ အတိတ်ကို လက်ခံပါ။ အတိတ်ကအမှားတွေ နာကျင်မှုတွေကနေ အကျိုးအမြတ်ထွက်အောင်လုပ်ပါ။ GOALပန်းတိုင်တစ်ခုချပါ။ ပန်းတိုင်ကိုရောက်ဖို့ဘာတွေလိုအပ်လဲဆိုတာ စာရွက်ပေါမှာချရေးပါ။ သေးသေးလေးတွေကစလုပ်ပါ။ အခက်အခဲဆုံးသောအရာတွေက ဘာတွေဖြစ်နိုင်လဲဆိုတာ ချရေးပါ။ သေးသေးလေးတွေကစလုပ်ပါ။ ကျွမ်းကျင်သူတွေဆီက အကူညီယူပါ။
ဘယ်တော့မှ အရှံးမပေးပါနဲ့။

၁၂။ကျရှုံးသွားတိုင်း ပြန်ထပါ။ ကမ္ဘာကျော်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေအားလုံးလိုလို အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့တာသတိရပါ။ သင့်အကောင်းဆုံးကြိုးစားမှုအတွက် နေရာတစ်နေရာ အမြဲရှိနေမယ်ဆိုတာ သေချာနားလည်ပါ။နောင်၁၀နှစ်နေရင် သင့်ဘဝအပြောင်းလဲကြီးပြောင်းလဲနေပါလိမ့်မယ်။

#Lifestyle_Myanmar

#Mg_Htet

REF_EliteDaily


#အရာ
#အတိတ်
#ဘဝ
#အမှား
#ပန်းတိုင်

Some text some message..