သင့်ဘဝရဲ့ အရာအားလုံးနီးပါး ပြိုလဲပျက်စီးသွားသလို ခံစားနေရပြီဆို ဒီနည်းလမ်း ၃ ခုကို သုံးကြည့်ပါ
lifestylemyanmar.com
|
2020-06-08



တခါတလေ ကျွန်တော်တို့ ဘဝရဲ့အရာအားလုံးပြိုကွဲပျက်စီးသွားသလို ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်မဲမှောင်နေသလို ခံစားမှုတွေဖိစီးတတ်ကြပါတယ်။ ပြောရရင် “ငါအရာရာအားလုံးမှာ ကျရှုံးနေပီလား”ဆိုတဲ့အတွေးတွေနှိပ်စက်တာမျိုးပေါ့။ ဒါပေမယ့် ဒါတွေကိုတွန်းလှန်နိင်တဲ့ အရာတစ်ခု ကျွ န်တော်တို့ ကိုယ်တွင်းမှာ ရှိနေတယ်ဆိုတာ မေ့နေတတ်ကြပါတယ်။

အဲ့ဒါကတော့ ကျွန်တော်တို့ ကြုံလာရတဲ့သောကတွေကို “ဘယ်လိုသဘောထားလဲဆိုတာပါပဲ”။ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ Positive Thinking တွေရှိနေရင် ဒီစိတ်ဓါတ်ကျစရာတွေဟာ ဘာမှမဟုတ်တော့ပါဘူး။ ခက်ခဲတဲ့အချိန်တွေမှာ အဆိုးတွေကိုတွေးနေတာထက် ဘယ်လိုကောင်းအောင်လုပ်နိုင်မလဲ? ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတဲ့ Positive Thinking က အရင်ထက်ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကိုတည်ဆောက်ဖို့ကူညီပေးနိုင်ပါတယ်။ ခုပြောပြချင်တာက အဲ့ဒီလို အရာရာတိုင်း ပြိုလဲနေချိန်မှာ ကောင်းမွန်စွာမယိမ်းမယိုင်နေနိုင်ဖို့ နည်းလမ်း ၃ခုအကြောင်းကိုပဲဖြစ်ပါတယ်။ ကဲ.ဖတ်ကြည့်လိုက်ရအောင်


သင့်ဘဝရဲ့ အရာရာတိုင်းပြိုလဲပျက်စီးနေသလို ခံစားရမယ့်အချိန် ဒီအချက် ၃ ချက်ကို သုံးပါ


၁။ သင့်ရဲ့အဆုံးသတ်ရည်မှန်းချက်ပန်းတိုင်ကို အာရုံစိုက်ပါ




ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ နောက်ဆုံးပန်းတိုင်(End Goal)ကို အာရုံစိုက်(Focus)ထားဖို့ပြောတာပါ။ ကျွန်တော်တို့သွားချင်တဲ့နေရာကိုရောက်ဖို့ ပထမဆုံးသတိရရမှာက ကျွန်တော်တို့ဘယ်ကိုသွားနေလဲဆိုတာပါ။ ကျွန်တော်တို့ရဲ့ အတိတ်က ဘယ်လောက်ပဲခက်ခဲပင်ပန်းခဲ့ပါစေ ခက်ခဲပင်ပန်းနေပါစေ ဆက်သွားဖို့ပါ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ပေါ့။

ခက်ခဲလွန်းလို့ သင်လဲပြိုကျခါနီးတိုင်း သင့်ရဲ့ နောက်ဆုံးပန်းတိုင်(End Goal)ကို ပြန်သတိရပါ ပြန် အာရုံစိုက်ပြီးFocus ပြန်လုပ်ပါ။ နောက်ဆုံးသင်ဟာဘယ်လောက်နက်ရှိုင်းတဲ့တွင်းတစ်တွင်းကိုတူးချင်ရင်တောင်တူးထုတ်နိုင်ပါတယ်။

ဒါပေမယ့် ပထမဦးစွာ သင်သည် သင့်ရဲ့ ဂေါ်ပြားကို ကောက်ကိုင်ရန်နဲ့တူးရန် ဆုံးဖြတ်ချက်တော့ရှိရပါမယ်။ ဒီတော့ ကောင်းကင်ကြီးတစ်ခုလုံးပြိုကျလာသလို ခံစားလာရတဲ့အချိန်တိုင်းသင့် End Goalကိုချရေးပါ။ သူ့ဆီသွားဖို့ဘာတွေလိုနေလဲဆိုတာချရေးပါ။ သေးသေးလေးတွေကစပီး လုပ်ပါ။ တဖြည်းဖြည်း သင်သွားချင်တဲ့နေရာနဲ့နီးလာပါလိမ့်မယ်။


၂။ဒုက္ခတွေကိုကျေးဇူးတင်ပါ




နည်းနည်းဆန်းတယ်ထင်ရပါတယ်။ ဘဝမှာ ဒုက္ခတွေနဲ့ရင်ဆိုင်ရပြီး စိတ်ဓါတ်တွေကျနေမယ့်အစား ဘဝကဆုံးရှုံးမှုတွေပေးရင်တောင် ကျေးဇူးတင်တတ်ဖို့ကြိုးစားပါ။ နောက်ဆုံးသင်အလုပ်ပြုတ်သွားရင်တောင် နောက်ထပ် ကောင်းတဲ့ အလုပ်တစ်ခု အခွင့်အရေးတစ်ခုပေါ်လာနိုင်တယ် ဒီ့ထက်ပိုကောင်းတဲ့အရာတစ်ခု ရှာဖွေဖို့ လုပ်ပေးလိုက်တယ်လို့ စဉ်းစားပါ။

သင်အခု ဘာအလုပ်မှလုပ်စရာမရှိပဲ ဒီစာကိုဖတ်နေရင်တောင် သင့်ကိုသင်ကျေးဇူးတင်ဖို့လိုပါတယ်။ အဆိုးဆုံးအခြေအနေထဲမှာ ကောင်းမွန်တဲ့အရာတစ်ခုအတွက် ကျေးဇူးတင်တတ်ရင် အဲ့ဒီကျေးဇူးတင်တတ်တဲ့စိတ်က တဖြည်းဖြည်းကြီးထွားလာပါလိမ့်မယ်။ သာယာကြည်နူးဖွယ်ကျေးဇူးတင်တတ်သောနှလုံးသား၊ အကောင်းမြင်တတ်သောစိတ်သည်သာ ပိုမိုကောင်းမွန်တဲ့အခွင့်အရေးများကိုဆောင်ယူပေးလာနိုင်ပါလိမ့်မယ်။ အရှုံးတွေထဲမှာ ဘဝကို အဆုံးမခံလိုက်ပါနဲ့။


အဆိုးမြင်အတွေး အပျက်သဘောဆောင်သောလုပ်ရပ်များကိုရပ်တန့်ရှောင်ကြည်လိုက်ပါ




လူတွေမှာ positive Energy နဲ့ Negative Energy ဆိုပြီးရှိကြပါတယ်။ ဘဝကိုပိုကောင်းချင်ရင် positive Energyကိုမွေးမြူရပါတယ်။ နောက်ဆုံးဘဝ မှာလဲပြိုတော့မယ့်အချိန်တွေမှာတောင် positive Energyက သင့်ဘဝကို အားအင်အသစ်တွေပွင့်လန်းစေနိုင်ပါတယ်။ အဆိုးမြင်အတွေး အပျက်သဘောဆောင်သောလုပ်ရပ်များကိုရပ်တန့်ရှောင်ကြည်လိုက်ခြင်းက သင့်ကိုလမ်းကြောင်းအသစ်တွေ အားမာန်အသစ်တွေပွင့်ဖူးစေပါလိမ့်မယ်။

လူတိုင်းဟာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ “ဘယ်တော့မှ မမေ့ပါနဲ့” ။ သင့်ရဲ့တိုက်ပွဲမှာ သင့်ကိုကူညီမယ့်လူတွေ ရှိနေကြပါတယ်။ လူတစ်ယောက်ချင်းစီတိုင်းမှာ သူတို့ရဲ့ပင်ကိုယ်အရည်အချင်းတွေရှိတတ်ကြပါတယ်။ ပြဿနာတစ်ခုပေါပေါက်လာတိုင်း “ကျရှုံးပစ်လိုက်တာပဲကောင်းပါတယ် ငါကိုက အသုံးမကျတာပါ”ဆိုတဲ့အဆိုးမြင်စိတ်ထက် “ဒီပြဿနာဟာ ငါ့အတွက်အခွင့်အရေးပဲ ငါရအောင် ကျော်ဖြတ်မယ်”ဆိုတဲ့ အကောင်းမြင်အတွေးက သင့်ကို ရွေးချယ်စရာတွေပေးပါလိမ့်မယ်။

ဒီတော့ ဘဝရဲ့အရာအားလုံးပြိုကွဲပျက်စီးသွားသလိုခံစားနေရပြီဆို”အဆိုးမြင်အတွေးတွေ လုပ်ရပ်တွေကို ရှောင်ကြည်လိုက်ပါ”တော့။ ဘဝဟာတိုက်ပွဲပဲ။ ကဲ..ဒီလောက်ဆိုရင် ယုံကြည်မျှော်လင့်ချက် လမ်းမအလယ် မူးမေ့လဲကျမနေပါနဲ့တော့..နိုးထလိုက်ပါတော့.တိုက်ခိုက်လိုက်ပါတော့.

#Lifesyle_Myanmar

#Mg_Htet

REF_Power Of Possitivity


#ဘဝ
#အတွေး
#ပန်းတိုင်
#လုပ်ရပ်
#စိတ်ဓါတ်

Some text some message..