
အထွန်းဖွားတွေက ဘယ်နယ်ပယ်မှာမဆို လူများစွာနဲ့ ပေါင်းသင်းဝင်ဆန့်ပြီး ချစ်ကြောက်ရိုသေခြင်းကို ခံရတတ်ပါတယ်။
ခင်မင်ရင်းနှီးတဲ့ အပေါင်းအသင်းတွေဆိုရင်လည်း ရင်းနှီးရုံမျှမက ချစ်ခင်လေးစားတတ်ကြပါတယ်။
မာန်မာနကြီးတတ်ပေမယ့်လည်း ရိုးဖြောင့်ကြသည်။ အကျင့်သီလကို ထိန်းသိမ်းတတ်ကြ၏ မိမိမမှားဘဲ မှားသည်ဟုအပြောမခံ အစွန်းထင်းမခံ လက်ငင်းဖြေရှင်းတတ်ကြသူများဖြစ်သည်။ အများစုမှာ အငြင်းအခုံသန်ကြသည်။
စိတ်နေစိတ်ထားမှာ အမြဲဖျက်လက် တက်ကြွနေတတ်သည်။ ရဲရင့်သည့်နေရာတွင်လည်း လွန်စွာရဲရင့်ပြီး မိုက်လျှင်လည်း တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်တတ်သူများလည်းဖြစ်ပါတယ်။
ဒေါသအထွက်မြန်သည် သို့သော် ပညာကွပ်ကဲသူများဖြစ်သဖြင့် ဒေါသထွက်သည်ဟူပင်မထင်ရအောင် ထိန်းသိမ်းတတ်သူများဖြစ်သည်။
တတ်ကြွပြီး လုံ့လဝီရိယရှိ၍ ဉာဏ်နှင့်ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ ကိုယ့်ဒူး ကိုယ်ချွန် ကိုယ့်အားကိုယ်ကိုး ထူထောင်ပျိုးလာရတတ်သည်။
ရဲရင့်ခြင်း ပညာကို အသုံးချတတ်ခြင်း ဝီရိယအားကြီးချင်း စသည့်အချက်သုံးချက်သည် အထွန်းဖွားတို့၏ မူလ အရည်အချင်းဟုပင်ပြောရလောက်အောင် တန်ဖိုးရှိသည့်ဗီဇများဖြစ်ပါတယ်။အထွန်းဖွားအိမ်သည် မဟာဘုတ် ခုနှစ်အိမ်တွင် အကောင်းဆုံးဟုပင်ပြောလို့ရပါတယ်။
(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ အထွန်းဖွားတို့၏ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် ထပ်မံကွဲပြားပြန်ပေသည်)

Ref;Baydin