ယောက်ျားလေးတွေ သူတို့ကောင်မလေးကို လိမ်ပြောတတ်တဲ့ ကိစ္စတွေနဲ့ လိမ်ပြောရတဲ့ အကြောင်းရင်းများ
lifestylemyanmar.com
|
2020-06-09



မုသားမပါ လင်္ကာမချောဆိုတဲ့ စကားအတိုင်း ယောက်ျားလေးတော်တော်များများ သူတို့ချစ်တဲ့ ကောင်မလေးတွေကို လိမ်ပြောတတ်ကြတဲ့ ကိစ္စတော်တော်များများရှိပါတယ်။ ဘာအတွက်ကြောင့် လိမ်ပြောတတ်ကြတာလဲဆိုတာကိုလည်း ပြောပြချင်ပါတယ်။

ရည်းစားဘယ်နှစ်ယောက်ထားခဲ့ဖူးကြောင်း




ရည်းစားဦး မြေးဦးရတာတောင်မမေ့ဆိုတဲ့စကားရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကတော့ ပြီးခဲ့တဲ့ ကိစ္စတွေကို ပြီးခဲ့တဲ့အတိတ်မှာဘဲ ထားတတ်ကြပေမယ့် မိန်းခလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အတိတ်တွေကို မရမကသိချင်ကြပါတယ်။ သိလာရတဲ့အခါမှာလည်း စကားနာထိုးတတ်ကြပါတယ်။ မထင်မထင်သလို စကားအထအနကောက်ပြီး စိတ်ကောက်တတ်ကြပါတယ်။ မဆီမဆိုင်စိတ်ကောက်ခြင်းကိုခံရတဲ့ ယောက်ျားသားတွေခမျာ စိတ်ကောက်ပြေဖို့ ချော့ရပါတော့တယ်။ ချော့တဲ့အခါမှာလည်း စိတ်မရှည်တဲ့ပုံစံမျိုးဖြစ်သွားမိရင် တကယ်မချစ်လို့ဆိုတဲ့ စကားလုံးကြီးနဲ့ ကိုင်ပေါက်ခံရပြန်ပါတယ်။ ဒါကြောင့်မို့ ယောက်ျားလေးတွေက သူတို့ရည်းစားဟောင်းတွေအကြောင်းပြောပြဖို့ကို ဝန်လေးတတ်ကြပြီး ထားခဲ့ဖူးတဲ့ ရည်းစားအရေအတွက်ကိုလည်း လိမ်ပြောတတ်ကြပါတယ်။ လိမ်ပြောရတဲ့ အကြောင်းရင်းကလည်း သူတို့တကယ်ချစ်တဲ့မိန်းခလေးက သူတို့ကို မျက်နှာများတဲ့ယောက်ျားလေးလို့ အထင်မခံချင်ကြတာကြောင့်လည်း ပါပါတယ်။

သူတို့ဘယ်မှာရှိနေတယ်၊ ရှိခဲ့တယ်ဆိုတာ




ယောက်ျားလေးအများစုဟာ ချုပ်ချယ်တာ၊ လွှမ်းမိုးတာမျိုးကို မကြိုက်နှစ်သက်ကြပါဘူး။ သူတို့ဟာ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ရှိနေချိန်မျိုးမှာ လွတ်လွတ်လပ်လပ်နေချင်ကြပါတယ်။ ဒါပေမယ့် မိန်းခလေးတွေကတော့ အဲဒီလိုမဟုတ်ကြဘဲ သူတို့ချစ်သူတွေကို ချုပ်ချယ်ချင်ကြပါတယ်။ မိတ်ဆွေသူငယ်ချင်းပေါင်းတာသင်းတာကအစ ယောက်ျားလေးသဘာဝ အပေါင်းအသင်းတွေနဲ့ သောက်စားကြတာအဆုံး ဘာတခုကိုမှ နားလည်မပေးလိုကြပါဘူး။ သူတို့ပြောတတ်တဲ့စကားက သူတို့ကိုချစ်ရင် သူတို့စကားကို နားထောင်ရမယ်ဆိုတာပါဘဲ။ ဒါကြောင့်မို့ ယောက်ျားလေးတွေက ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဆိုတဲ့ စကားနဲ့အညီ သူတို့ဘယ်မှာရှိနေတာ၊ ဘယ်သူနဲ့ရှိနေတာ၊ ဘာတွေလုပ်နေတာဆိုတာမျိုးကို ၃ခါ ၁ခါ လောက်လိမ်ပြောတတ်ကြပါတယ်။ ဘာမဟုတ်တာလေးအတွက်နဲ့ စကားများ ရန်မဖြစ်ချင်၊ မဖြေရှင်းချင်ကြတဲ့အတွက်လည်းပါပါတယ်။

ကြောက်တတ်တဲ့ အရာမျိုး




ယောက်ျားလေးတွေဟာ ငယ်စဉ်ကတည်းက စိတ်ဓါတ်မပျော့ညံ့ဖို့အတွက်ဆိုပြီး မငိုဖို့၊ မကြောက်တတ်ဖို့ စတဲ့ ဖိအားတွေပေးခံခဲ့ရပါတယ်။ အမှန်တော့ ယောက်ျားလေးတွေဟာလည်း ခံစားချက်ရှိတဲ့သူတွေဘဲမို့ ကြောက်ရွံ့တတ်ကြပါတယ်။ သူတို့အကြောက်ဆုံးအရာကတော့ သူတို့ချစ်တဲ့သူကို ကာကွယ်မှုမပေးနိုင်မှာ၊ ပျော်ရွှင်ချမ်းမြေ့မှုတွေ ဆောင်ကြဉ်းမပေးနိုင်မှာ၊ သူတို့ချစ်သူကောင်မလေးရဲ့ မျက်လုံးထဲမှာ ဘာတခုမှ သုံးမရတဲ့ လူအဖြစ်အမြင်ခံရမှာ စတာတွေကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နာကျင်ခံစားရမှုတွေ၊ ခံစားချက်တွေကိုလည်း ဖွင့်ပြောရမှာ ကြောက်တတ်ကြပါတယ်။

ကိုယ့်ချစ်သူက စိုးရိမ်မှု လွန်ကဲတဲ့အခါ




စိုးရိမ်မှု လွန်ကဲတဲ့ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားလေး အများစုမှာ လိမ်ပြောတတ်တဲ့ အကျင့်အနည်းနဲ့အများရှိနေတယ်ဆိုတာသိကြမှာပါ။ တခါတလေ တစ်ချို့ကိစ္စတွေမှာ ကိုယ့်ဘက်က ဖွင့်ပြောလိုက်ပေမဲ့ ကိုယ့်ချစ်သူက ကိုယ့်အတွက် စိုးရိမ်ကြောင်းကြနေရမဲ့အဖြစ်မျိုးကို ယောက်ျားလေးတော်တော်များများက မလိုလားကြပါဘူး။ အဲ့ဒီအခါ ဖုံးကွယ်တာမျိုး၊ မသိသလိုဟန်ဆောင်နေလိုက်တာမျိုး၊ လိမ်ညာ ပြောမိတာမျိုးစတဲ့ နည်းလမ်းနဲ့ ကြုံသလိုဖြေရှင်းတတ်ကြပါတယ်။

ကိုယ့်ချစ်သူဆီက အချစ်ခံချင်တဲ့အခါ/ မာနကို အထိခိုက် မခံချင်တဲ့အခါ




ယောက်ျားလေး အများစုမှာ ယောက်ျားမာန ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ တချို့ ယောက်ျားလေးတွေက ကိုယ့်ချစ်သူဆီက ချစ်ခြင်းမေတ္တာခံရဖို့အတွက် လိမ်ညာပြောဆိုတတ်ကြပါတယ်။ (ဥပမာ – ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုနဲ့ အချစ်ခံချင်တဲ့အခါ ကိုယ့်ဘာမှ မဖြစ်ပေမဲ့ ကိုယ်တစ်ခုခုဖြစ်နေပြီလို့ လိမ်ညာပြောဆိုမိတာမျိုး ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အချို့ယောက်ျားလေးတွေကတော့ သူတို့ရဲ့ ယောက်ျားမာနအတွက် လိမ်ညာ ပြောဆိုတတ်ကြပါတယ်။ (ဥပမာ – ကိုယ့်ကောင်မလေးက ကိုယ့်မှာ သုံးစရာ ပိုက်ဆံရှိသေးလား အဆင်ပြေလား မေးလာတဲ့အခါ ကိုယ်တကယ်အခက်အခဲဖြစ်နေပေမဲ့ မာနအတွက်ကြောင့် အဆင်ပြေနေပါတယ်ဆိုတာမျိုး) စတဲ့မုသားစကားအချို့ သူတို့ရဲ့ မာနကို ကာကွယ်တတ်ကြပါတယ်။

#Lifestyle_Myanmar

#Dmo_aung


#ယောက်ျားလေး
#ချစ်သူ
#မာန
#ရည်းစား
#ယောက်ျား

Some text some message..