ယောကျာ်းလေးအများစု ချစ်ခင်နှစ်သက်တတ်ကြတဲ့ မိန်းကလေး အမျိုးအစား ၆ မျိုး
lifestylemyanmar.com
|
2020-06-10



ယောကျာ်းတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုချစ်ခင်သွားစေတဲ့အရာက ဘာတွေပါလဲ?ဘယ်လိုအမျိုးသမီး အမျိုးအစားတွေကို ယောကျာ်းတွေ ချစ်ခင်နှစ်သက်တတ်ကြသလဲ? အ မျိုးသမီးတော်တော်များများကလည်း ယောကျာ်းတွေ ဘယ်လိုမိန်းကလေးတွေကို ကြိုက်တတ်လဲဆိုတာ သိချင်နေကြမယ်ထင်ပါတယ်။ ဒီတော့ ဘယ်လိုမိန်းကလေးမျိုးတွေကို ယောကျာ်းလေးတွေ ချစ်ခင်နှစ်သက်ကြလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ရအောင်..


ချစ်ခင်ဖွယ်ဆွဲဆောင်မှုနဲ့ကောင်းမွန်တဲ့စရိုက်ရှိတဲ့အမျိုးသမီး




အမျိုးသားတော်တော်များများက မိန်းကလေးတွေကို ကြည့်တဲ့အခါမှာ Sexy ကျတာမကျတာထက် သူမရဲ့ ဂုဏ်အသရေတစ်ခုလုံးကို ခြုံကြည့်ပါတယ်။ တစ်ကယ်က မိန်းမတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေဆိုတာ မျက်နှာလေးတစ်ခုတည်းမှာရှိတာမဟုတ်ပါဘူး။ ယောကျာ်းတွေကလည်း မျက်နှာလေးတစ်ခုတည်းကိုကွက်ကြည့်ပြီး မကြိုက်ကြပါဘူး။ ဆိုလိုတာက Sexyကျတာထက် ချစ်ဖို့ကောင်းတာ၊ ကြင်နာတာ၊ သစ္စာစောင့်သိတတ်တာ၊ ပျော်ရွင်စွာနေတတ်တာ၊ Sexyကျတာ၊ ကောင်းမွန်တဲ့အရည်အချင်းရှိတာ၊ စကားပြောဆိုတတ်တာ ယုံကြည်မှုရှိတာ စတဲ့သူမရဲ့ စရိုက်လ က္ခဏာအားလုံးကိုခြုံကြည့်ပြီး ချစ်ခင်နှစ်သက်တွယ်တာတာပါ။ ဒါကြောင့် ယောကျာ်းတွေ ဝိုင်းဝိုင်းလည်နေစေချင်ရင် သင်အများကြီးလှစရာမလိုပါဘူး။ သင့်တင့်တဲ့ အရာတွေအားလုံးပေါင် းစပ်ထားဖို့ပဲလိုပါတယ်။ အရမ်းကြီး Sexy ကျနေဖို့မလိုပါဘူး။ Sexyအကျလွန်သွားရင် ယောက်ျားတွေကြိုက်ရင် ကြိုက်မယ် တစ်ဘဝလုံးစာ လက်တွဲဖို့ကိုစဉ်းစားပါလိမ့်မယ်။


ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အမျိုးသမီး




ယောကျာ်းတော်တော်များများအတွက်မှန်ပါတယ်။ ဒီကောင်မလေးနဲ့တွေ့လိုက်တိုင်း သူတို့ပျော်ရွှင်သွားသလို ခံစားရတယ်။ သူ့ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်။ ဒါကအမျိုးသမီးတွေအတွက်လည်းအတူတူပါပဲ။ လူနှစ်ဦးနှောင်ကြိုးဖွဲ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်အောင်လုပ်နိုင်ဖို့က အရေးကြီးပါတယ်။


ပွင့်လင်းတဲ့အမျိုးသမီး



ယောကျာ်းတော်တော်များများက အချစ်နဲ့ပက်သက်ရင်မာနကြီးတစ်ခွဲသားနဲ့ခက်ခက်ခဲခဲ လိုက်ရမယ့်မိန်းမမျိုးဆိုချစ်နေရင်တောင် နောက်ဆုတ်လိုက်တတ်ကြပါတယ်။ အချစ်နဲ့ပက်သက်ပြီး ပိုမိုပွင့်ပွင့်လင်းလင်းရှိပြီး နားလည်မှုမြင့်တဲ့ အမျိုးသမီးတွေကို ပိုချစ်ခင်တွယ်တာတတ်ကြပါတယ်။


တကယ်က ပွင့်လင်းမြင်သာမှုရှိခြင်းက Relationshipတစ်ခုအတွက် အရေးကြီးပါတယ်။ တစ်ယောက်ယောက်နဲ့ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပြီး အဆင်ပြေတယ်လို့ခံစားရတဲ့အခါမှာ ချစ်ခြင်းတရားမှာကျဆင်းသွားတတ်ကြပါတယ်။


စိတ်ခံစားမှုတွေကိုနားလည်ပေးပြီးကြင်နာမှုရှိတဲ့အမျိုးသမီး




ယောကျာ်းတွေက သူတို့ရဲ့စိတ်ခံစားမှုတွေကိုနားလည်ပေးပြီး ကြင်နာတတ်တဲ့ အမျိုးသမီးတွေကို ချစ်ခင်တွယ်တာတတ်ကြပါတယ်။ သူမနားမှာနေရတာ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ ရင်ခုန်မှုစတာတွေခံစားနေရတာကို မသိကျိုးကျွံပြုပြီး စော်ကားတတ်တဲ့ မိန်းကလေးတွေဆို ယောကျာ်းလေးတွေက ရှောင်တတ်ကြပါတယ်။ ဆိုလိုတာက အရမ်းကြီးပရောပရည်နေတာမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့ခံစားချက်ကို မစော်ကားမနစ်နာစေပဲနေတတ်ရင် ယောကျာ်းတွေက သင့်အပေါ် ပြိုလဲကျလာမှာပါပဲ။


ဘဝအတွက် “Yes”ဆိုပြီးထောက်ခံပေးတဲ့အမျိုးသမီး




အမျိုးသားတွေက သူတို့ကိုပဲ့ပြင်ထိန်းသိမ်းပြီး အရာရာကို စဉ်းစားပြီးလုပ်တတ်တဲ့ မိန်းကလေးတွေကို စိတ်ဝင်စားပေမယ့် လက်ထပ်ဖို့တော့တော်တော်စဉ်းစားရပါလိမ့်မယ်။ သူတို့ကြီးမားတဲ့ ငြ င်းခုန်မှုတွေမရှိပဲ သူတို့ဘဝထဲကို ဝင်ရောက်လာမယ့်သူတွေကိုရှာဖွေနေကြတာမျိုးပါ။ အစားအစာအသစ်တွေ နေရာအသစ်တွေ သူသွားချင်တဲ့နေရာတွေကို ငြင်းခုန်မှုတွေမရှိပဲ စူးစမ်းဖို့အသင့်ရှိနေသူ “Yes”ဆိုပြီးထောက်ခံတတ်တဲ့ အမျိုးသမီးတွေ ကောင်းတူဆိုးဖက်ချစ်နိုင်မယ့် သူတို့ဆန္ဒတွေကို ဦးစားပေးနိုင်မယ့် မိန်းကလေးတွေကို အသေအလဲဖက်တွယ်ချစ်ခင်တတ်ပါတယ်။


သူ့ရည်ရွယ်ချက်နဲ့စိတ်အားထက်သန်မှုကိုခံစားစေရတဲ့အမျိုးသမီး




ဒီမိန်းကလေးနဲ့တွေ့ပြီးနောက် ကျနေတဲ့စိတ်ဓါတ်တွေပြန်မြင့်လာမယ် သူ့ရည်ရွယ်ချက်နဲ့စိတ်အားထက်သန်မှုတွေ ပြန်ရှင်သန်လာမယ်၊ ကြိုးစားချင်လာမယ် ဒီလိုတွေခံစားရလာပြီဆိုရင် အချိန်မရွေး ဒီမိန်းကလေးရဲ့ အချစ်နွံထဲ သူသက်ဆင်းတော့မှာပါ။ သူမ မေတ္တာတရားနဲ့ ရှင်သန်ဖွင့်ဖူးလာပါလိမ့်မယ်။ အဲ့ဒီ အမျိုးသမီးလေးဟာ သူ့အတွက် အမှောင်လောကရဲ့ နတ်သမီးလေးပါပဲ။

#Lifestyle_Myanmar

#Mg_Htet

REF_Power Of Possitivity


#ယောကျာ်း
#မိန်းကလေး
#အမျိုးသမီး
#စိတ်ခံစားမှု
#စရိုက်

Some text some message..