အတိတ်ဘဝကကံကြမ္မာတွေပေါ်မူတည်ပြီး တွေ့ဆုံကြတဲ့ relationship တွေကို ၃မျိုးလောက်ခွဲလို့ရပါတယ်။ ဒါတွေက Karmic mates, companion mates(soulmate), twin flame ဆိုပြီး ခွဲခြားနိုင်ပါတယ်။ ခုပြောပြချင်တာက twin flameအကြောင်းပါ။ကဲဒီတော့ Twin Flameဆိုတာ ဘာလဲသိရအောင်ဆက်ဖတ်ကြည့်လိုက်ရအောင်…
Twin Flameဆိုတာဘာလဲ?
Twin flame…..Twin Flamesဆိုတာ two bodies but one soul. စိတ်ဝိညာဉ်တစ်ခုက ခန္ဓာနှစ်ခုထဲကိုခွဲဝင်နေခြင်းပါ။ သူကSoulmateနဲ့လည်းတူသယောင်နဲ့မတူပါဘူး။ “လူတစ်ယောက်အတွက် စိတ်တူကိုယ်တူ ချစ်သူ၊ ဝိညဉ်ဖက် လို့ဆိုကြတဲ့(Soulmate)တွေကိုအများကြီးတွေ့နိင်ပေမယ့် Twin flame ကတော့ တစ်ယောက်သာတွေ့နိုင်ပါလိမ့်မယ်။ တစ်ယောက်တည်းသောသူ။ သင့်ရဲ့ပျောက်ဆုံးနေသောကိုယ်တစ်ခြမ်းပါ။
Twin Flame ကို Twin soulလို့လည်းခေါကြပြီး ခန္ဓာကိုယ် ၂ခုနဲ့ စိတ်ဝိညဉ်တစ်ခုတည်းရှိသူလို့ဆိုပါတယ်။ နှစ်ကိုယ့်တစ်စိတ်လို့ဆိုရမလားပဲ။ ဒဏ္ဍာရီတွေအဆိုအရ အရင်ကလူတစ်ယောက်မှာ ခြေ ၄ဖက် လက်၄ဖက် ခေါင်း ၂ လုံးပါကြတယ်လို့ဆိုပါတယ်။ ခန္ဓာကိုယ်တစ်ခုတည်းမှာယောကျာ်းရယ်မိန်းမရယ် ကျောချင်းကပ် တည်ရှိခဲ့တဲ့လူသားတွေဟာ အင်အားကြီးမားလာပြီး နတ်ဘုရားတွေကို အန်တုနိုင်တဲ့အထိဖြစ်လာပါတယ်။
ဒါကြောင့် နတ်ဘုရားတွေက သူတို့လက်အောက်က လူသားတွေ သူတို့ကို ပမာမခန့်လုပ်လာမှာကို စိုးရိမ်တဲ့အတွက် ခန္ဓာကိုယ်ကို ၂ခြမ်းခွဲပစ်လိုက်ပါတယ်။ ဒါကြောင့် ယောကျာ်းရယ် မိန်းမရယ်ဆိုတာဖြစ်သွားပြီး သူတို့နှစ်ယောက်ဟာ အမြဲတမ်း သူတို့ရဲ့ပျောက်ဆုံးနေတဲ့ကိုယ်တစ်ခြမ်းနဲ့ အသဲနှလုံးတစ်ခြမ်းကိုလိုက်ရှာနေကြတယ်လို့ဆိုပါတယ်။
ပြောရရင် Twin Flameဆိုတာ အခွဲခံခဲ့ရတဲ့ ကိုယ် ၂ခြမ်းနဲ့ ဝိညဉ်တစ်ခုပေါ့။ ကျွန်တော်တို့ ဘဝမှာ “စိတ်တူကိုယ်တူ ချစ်သူ၊ ဝိညဉ်ဖက် (Soulmate)တွေကိုအများကြီးတွေ့နိင်ပေမယ့် Twin Flameဆိုတာကတော့ တစ်ဦးတည်းသော တစ်ယောက်တည်းသော သူသာဖြစ်ပါတယ်။ စိတ်ဝိညဉ်ချင်းဆက်သွယ်နေတဲ့သူဆိုတာ တစ်ယောက်တည်းပဲရှိနေပါလိမ့်မယ်။
ဘယ်လိုလူတွေဖြစ်နိုင်လဲ
Twin flameဟာ လိင်တူချင်းလည်းဖြစ်နိုင်သလို လိင်ကွဲချင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်က အဖိုသဘာဝရှိပြီး နောက်တစ်ယောက်က အမသဘာဝရှိကိုရှိနေပါလိမ့်မယ်။ ဆွဲငင်အားကောင်းလွန်းတဲ့အတွက် သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါ နက်နက်နဲနဲ ချစ်မြတ်နိုးခြင်းကို ကြုံရတတ်ပါတယ်။
ဒါပေမယ့် သူတို့နှစ်ယောက်က ဘဝအဆက်ဆက် လုပ်လာခဲ့တဲ့ ကံကြမ္မာနဲ့ဝဋ်ကြွေးတွေကို ပေးဆပ်ပြီးနောက်မှသာ အတူပေါင်းစည်းနေထိုင်နိုင်တတ်ကြပါတ ယ်။ ဒီလိုပေါင်းဆုံဖို့ဆိုတာက နှစ်ပေါင်းများစွာလည်း စောင့်နေရနိုင်သလို ဘဝပေါင်းများစွာလည်း စောင့်နေရနိုင်ပါတယ်။ ဒီတော့ သင့်ရဲ့ Twin flameကို ပထမဆုံးတွေ့ရရင် ဘယ်လိုနိမိတ်လက္ခဏာတွေခံစားရမလဲဆိုတာပြောပြချင်ပါတယ်။
ဘယ်လိုအဆင့်တွေနဲ့ဘယ်လိုလက္ခဏာတွေပြလဲ
Twin flame တွေရဲ့ ပထမအဆင့်မှာ ကိုယ့်အတွက်တွေ့ဆုံဖို့ ထူးထူးခြားခြားလူတစ်ယောက်ရှိနေတယ်လို့ခံစားနေရပါလိမ့်မယ်တဲ့။ အဲ့ဒီအချိန်မှာ နှစ်ယောက် လုံးဟာ ကံမကောင်းတဲ့အချစ်ရေးတွေကို ကြုံတွေ့ခံစားရပြီးသားဖြစ်နေနိုင်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ မမျှော်လင့်ပဲ တွေ့ဆုံတတ်ကြပါတယ်။ အဲ့ဒီလို တွေ့ဆုံတဲ့အချိန်မှာ သင့်နှလုံးသား တခါမှမခံစားခဲ့ရဖူးတဲ့ခံစားမှုတွေ အပြင်းထန်ဆုံးလှုပ်ရှားနေပါလိမ့်မယ်။ သင့်ရင်ဘတ်တွေပြင်းပြင်းထန်ထန်လှုပ်ခတ်မယ်။ နှလုံးသွေးတွေရပ်တန့်သွားသလိုခံစားရပြီး နွေးထွေးမှုကို ခံစားရလိမ့်မယ်။
မျက်လုံးချင်းဆုံမိခဲ့ကြရင် အတိတ်ဘဝက ရင်းရင်းနှီးနှီး ဆုံခဲ့ကြုံခဲ့ဖူးသလို နက်နက်နဲနဲ ခံစားနေရလိမ့်မယ်။ Eyes are the windows to the soul.မျက်လုံးများသည် စိတ်ဝိညဉ်ရဲ့ ပြတင်းတံခါးတွေပဲမို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နွယ်သလို ရင်းရင်းနှီးနှီး အသိအမှတ်ပြုကြမယ်။
လူချင်းမရင်းနှီးရသေးပဲစိတ်ချင်းရင်းနှီးနေရသလိုခံစားရပါလိမ့်မယ်။
သင်တို့ချင်းဆုံကြချိန် ကမ္ဘာပေါ်ကအရာတွေအားလုံးမှောင်မဲသွားပြီး သူ့ရဲ့မျက်ဝန်းလေးတစ်စုံသာ အလင်းတန်းလေးအဖြစ် သင့်အတွက်ကျန်ခဲ့မယ်။ ဘယ်အရာမှ မရှိတော့သလိုမျိုး။ လေထဲမှာမျောနေသလို သင်တို့ကြားမှာ အားအလွန်ကောင်းတဲ့ဆွဲငင်မှုတွေခံစားရလိမ့်မယ်။
သင့်ရဲ့အလိုလိုသိစိတ်ကနေ သူဟာ အနာဂါတ်မှာ သင့်အတွက် ဘယ်လောက်ထိအရေးကြီးကြောင်းခံစားရလိမ့်မယ်။
Twin Flamesနှစ်ဦးဆုံခဲ့ရင် ဘဝရဲ့လိုနေတာတွေကို တစ်ဦးကိုတစ်ဦးမျှဝေရင်း ဖြည့်ဆည်းရင်း နားလည်ရင်း အလွန်တရာ နက်ရှိုင်းသောဆက်ဆံရေးရှိမယ်
ချစ်သူတွေဖြစ်သွားခဲ့ပြီဆို သူတို့ကြားက အချစ်က အင်အားကြီးလွန်းလို့ ဘေးနားရှိမှာ ရှိနေတဲ့သူတွေကအစ သူတို့အချစ်ကိုခံစားမိနေနိုင်တယ်၊ နက်နက်ရှိုင်းရှိုင်း မြတ်မြတ်နိုးနိုးချစ်တတ်တယ်။ စက္ကန့်နဲ့မျှအတူရှိနေရင် အလိုလိုပျော်ရွှင်နေတတ်တယ်။ အနားမှာရှိနေရုံနဲ့ ရင်းနှီးနွေးထွေးမှုကိုခံစားရမယ်။
ကမ္ဘာကြီးရဲ့ဘယ်နေရာရောက်ရောက် သူရှိတဲ့နေရာကို ရောက်အောင် ဆုံအောင်ပြန်လာလိမ့်မယ်။
Twin Flames နှစ်ဦးချစ်သူဖြစ်တဲ့အခါ သာမာန်စိတ်ကနေ အလွန်ပြင်းထန်တဲ့စိတ်တွေအဖြစ်ပြောင်းလဲသွားပြီး ဆင်ခြင်နိုင်မှုစွမ်းအင်ကိုပါ ဝါးမြိုပစ်လိုက်ပါတယ်။ Love is Blind ,Crazy & Hardဆိုတဲ့ အချစ်ကြောင့်မျက်စိကန်းသွားတာ ရူးသွပ်တာ ခက်ခဲတာစတဲ့ ချစ်ခြင်းမျိုးခံစားရတယ်။ ကဲ..ဒါတွေကတော့ twin flames နှစ်ဦးဆုံတွေ့တဲ့အခါဖြစ်လာနိုင်တဲ့ နိမိတ်လက္ခဏာတွေခံစားမှုတွေပါ။ နောက်များမှ သူတို့ချစ်သူတွေဖြစ်သွားရင်ဘာတွေဖြစ်လာတတ်တယ် ဘယ်လိုခံစားရတတ်လဲဆိုတာ ထပ်ရေးပေးပါ့မယ်။
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity/Spiritual Unite