
ချစ်ခြင်းမေတ္တာမှာ Sex က အရေးကြီးပါသလား။
လူတိုင်းအဖြေကတော့ တူချင်မှတူပါလိမ့်မယ်။ တချို့အတွက်အရေးကြီးတယ်ဆိုပေမယ့် တချို့အတွက် အရေးမကြီးတဲ့ အရာတစ်ခုဖြစ်နေပါလိမ့်မယ်။
ဒါဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ သင်တို့ရဲ့ ရင်းနှီးပတ်သက်မှုကို ဖော်ပြပေးနိုင်မယ့် အရာတစ်ခုလည်းဖြစ်တယ်လို့ မှတ်ချက်ပြုမှုများကိုလည်း မြင်တွေ့ရပါတယ်။ တချို့ Realtionship တွေမှာ Sex ကိစ္စမပါဝင်ဘဲနဲ့ ပျော်ရွှင်မှု ရရှိတတ်ပေမယ့်လည်း ကိုယ့်ရဲ့ Partner နဲ့ ရေရှည်လက်တွဲဖို့အတွက် ရည်ရွယ်ထားသူတွေအတွက်ကတော့ တစ်ဦးနဲ့ တစ်ဦး ရင်းနှီးမှုအတွက် Sex ကိစ္စကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ ရပ်တည်နေပါတယ်။
ချစ်သူတွေကြားမှာ ရင်းနှီးမှုပိုစေပြီး တစ်ယောက်အကြောင်းတစ်ယောက်သိနိုင်ဖို့အတွက် Living Together ဆိုတဲ့ လူနေမှုတစ်ရပ်ဟာလည်း ယခုနောက်ပိုင်းမှာ ပိုမိုတွင်ကျယ်လာခဲ့ပါတယ်။ Relationship တစ်ခုအတွက် မိမိ Partner အကြောင်းကို သိဖို့အခွင့်အရေးတွေလည်း အများကြီးရနိုင်သလို Sex ပါဝင်ရခြင်းရဲ့ အကြောင်းပြချက်တွေလည်း ရှိနေပါတယ်။
ယေဘုယျအားဖြင့် လေ့လာမှုတွေအရ ယင်းအကြောင်းပြချက်တွေကတော့ သင့်ချစ်သူနဲ့ ပတ်သက်ပြီး သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုပြသနိုင်ပြီး သင့်အပေါ်သူထားရှိတဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေကိုလည်း တွေ့မြင်နိုင်မှာပါ။ မကြာခဏဆက်ဆံခြင်းဟာ သင်တို့နှစ်ယောက်အကြားရင်းနှီးနွေးထွေးမှုကို ပိုစေသလို စိတ်လုံခြုံမှုကိုလည်း ရရှိစေပါလိမ့်မယ်။
လိင်ဆက်ဆံခြင်းကြောင်း စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရရှိနိုင်မယ့် အကျိုးကျေးဇူးတစ်ချို့လည်း ရှိနေပါသေးတယ်။ သင့်ရဲ့ Self - Confident ကို မြှင့်တင်ပေးနိုင်ပြီး သင့်ခန္ဓာကိုယ်ကို ပျော်ရွှင်ပြီး စိတ်လက်ပေါ့ပါးစေပါလိမ့်မယ်။ ဒါ့အပြင် လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပုံမှန်ချစ်တင်းနှောခြင်းဟာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ သီးခြားလုပ်စရာမလိုအောင်ကို သင့်ခန္ဓာကိုယ်အတွက် အထောက်အကူပြုစေပါတယ်
ကဲ ဒီတော့ သင်တို့နှစ်ဦးရဲ့ ချစ်တင်းနှောမှုပုံစံဟာ သင်တို့ ချစ်သူနှစ်ဦးရဲ့ တန်ဖိုးထားမှုရင်းနှီးမှုကို ပြသနိုင်မယ့် အချက်တစ်ချက်ဆိုရင်လည်း မမှားပါဘူးနော်။