မိုးရွာချိန်မှာ ချစ်သူနဲ့ ဘယ်လို Date ကြမလဲ။
moda.com.mm
|
2020-06-16

မိုးရာသီကာလရောက်ရှိလာပြီဖြစ်တာကြောင့် စုံတွဲလေးတို့တွေ မိုးရွာထဲမှာ ချစ်သူနဲ့ Date ပြီး ကော်ဖီဆိုင်ထိုင်ရုံလောက်နဲ့ ကျေနပ်နေကြပြီလား။ မိုးအေးအေးလေးမှာ ဒီ့ထက်ပိုပြီး Ro နိုင်လို့ ရနိုင်မယ့် နေရာလေးတွေအကြောင်းကိုဖော်ပြပေးသွားပါမယ်။ ဒီနေရာလေးတွေမှာ အမှတ်တရလေးတွေဖန်တီးနိုင်ဖို့အတွက် ချစ်သူမရှိသေးသူတွေလည်း အမြန်ဆုံးတစ်ယောက်လောက်တော့ ရှာလိုက်တော့နော်။


အနုပညာပြခန်း (သို့မဟုတ်) ပြတိုက်ကို သွားရောက်လည်ပတ်ပါ။




ဒီလိုပြကွက်လေးတွေကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အနုပညာပြခန်း (သို့မဟုတ်) ပြတိုက်ကို သွားရောက်ခြင်းဟာ သင်တို့ကို စုံတွဲအတွက် Romantic Date လေးတစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ အပြင်မှာ မိုးရွာနေတဲ့အချိန်တွေအတွက် ပြခန်းမှာရှိတဲ့ အနုပညာလက်ရာတွေကိုခံစားရင်း အတူတူကုန်ဆုံးခြင်းက သင်တို့အတွက်အမှတ်တရ Date လေးတစ်ခုလည်း ဖြစ်စေမှာပါ။ ပြတိုက်ကို လည်ပတ်ခြင်းက ချစ်သူနှစ်ဦးရဲ့ ရင်ထဲကအနုပညာခံစားချက်တွေကိုလည်း မြင်တွေ့နိုင်ပါလိမ့်မယ်။


Bowling


မိုးရွာတဲ့နေ့ရက်တွေမှာ Bowling ကစားခြင်းနဲ့ အချိန်ကုန်ခြင်းက သင်တို့ချစ်သူနှစ်ဦးအတွက် အမှတ်တရလေးတွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ Bowling ကစားခြင်းဟာ ပထမဆုံးအကြိမ်မှာတော့ ပျင်းစရာကောင်းပြီး ခက်ခဲနေပါလိမ့်မယ်။ ဒါပေမယ့် ချစ်သူနဲ့ တူတူကစားခြင်းက သင့်အတွက် ပျင်းစရာအချိန်တွေကို ကျော်လွှားနိုင်မှာပါ။ နောက်ပိုင်းအချိန်တွေမှာတော့ သင်တို့ရဲ့ မိုးရွာတဲ့ နေ့ရက်တွေအတွက် Date တွေမှာ Bowling ကစားခြင်းဟာ မရှိမဖြစ်ပါဝင်လာမယ်ဆိုတာကိုတော့ ရဲရဲကြီးအာမခံပေးလိုက်ပါတယ်နော်။


Indoor Picnic ထွက်ပါ။




နေရာလေးတွေကို စုံစမ်းထားပြီး Day Trip တစ်ခုစီစဉ်ကြည့်ပါ။ Day Trip စီစဉ်တဲ့အခါမှာလည်း Indoor Picnic ပုံစံမျိုး ကိုယ်တိုင်ချက်ပြုတ်စားနိုင်ပြီး တစ်နေကုန်နေလို့ရနိုင်မယ့် နေရာမျိုးတွေကို ရှာဖွေကြည့်ပါ။ မိုးအေးအေးလေးမှာ ချစ်သူနဲ့ နှစ်ယောက်တည်းရှိပြီး အတူတူချက်ပြုတ်စားသောက်ကြမယ့် Romantic Date လေးဟာ သင်တို့နှစ်ယောက်အတွက် အမြဲမှတ်မိနေစေမယ့် အမှတ်တရတွေကို ပေးနိုင်မှာပါ။


Karaoke Bar




ချစ်သူနဲ့ နှစ်ယောက်တည်း Karaoke သွားဖို့အတွက် သတ္တိတော့ရှိဖို့လိုပါလိမ့်မယ်။ သင့်ရဲ့ အသံကောင်းကောင်း ဆိုးဆိုးကို သူတစ်ဦးတည်းသာ ပရိသတ်အနေနဲ့ နားထောင်မယ့်သူရှိတာကြောင့်ပါ။ သို့သော်လည်း သင်နှစ်သက်တဲ့သီချင်းတွေကို သင့်စိတ်ကြိုက်သီဆိုနေခြင်းဟာ သင့်ချစ်သူအတွက်ဆွဲဆောင်မှုတစ်ခု ပေးနိုင်ပါလိမ့်မယ်။ ချစ်သူနဲ့ နှစ်ယောက်တူတူ ဟန်ဆောင်ခြင်းကင်းစွာ စိတ်တိုင်းကျ အော်ဟစ်သီဆို ပေါက်ကွဲနိုင်မယ့် အခွင့်အရေးလည်းရနိုင်ပါလိမ့်မယ်။


ရကေူးပါ။




မိုးရွာတဲ့နေ့အတွက် Date မှာ ရေကူးခြင်းဟာ အနည်းငယ် အူကြောင်ကြောင်နိုင်ပေမယ့်လည်း သင်တို့ချစ်သူနှစ်ဦးအတွက်တော့ အမှန်တကယ် Ro နိုင်မယ့် နေရာလေးတစ်ခုဖြစ်မယ်လို့ ယုံကြည်လို့ ဖော်ပြလေးလိုက်ပါတယ်နော်။ ရေကူးဖို့အတွက် ရွေးချယ်တဲ့နေရာမှန်ကန်ဖို့တော့ လိုမယ်နော်။


Indoor Sport တွေကိုသွားကြည့်ပါ။




မိုးလုံလေလုံအားကစားရုံတွေမှာ တင်းနစ်ကစားခြင်း၊ ဘော်လီဘောကစားခြင်း၊ ဘိလိယက်ထိုးခြင်းစတဲ့ ကစားနည်းတွေကို ရွေးချယ်ပြီး Date ကြည့်ပါ။ သင်တို့ရဲ့ Date အတွက် ပျော်စရာအတိဖြစ်နေမှာပါ။

နောက်ဆုံးအနေနဲ့ သင်တို့ရဲ့ တစ်နေ့တာအချိန်လေးပြီးဆုံးတော့မယ်ဆိုရင်တော့ မိုးရေထဲမှာ လမ်းလျှောက်ပြီး Romantic Date လေးကို အဆုံးသတ်ကြရအောင်နော်။


#ချစ်သူ
#နေရာလေး
#ပြခန်း
#အမှတ်တရ
#ပြတိုက်

Some text some message..