သင့်လက်တွဲဖော်က အချစ်ရေးကို အဆုံးသတ်ချင်ပေမယ့် သင်အဆုံးမသတ်ချင်သေးတဲ့အခါ
lifestylemyanmar.com
|
2020-06-17



တစ်ခါတစ်ရံမှာ ကျွန်မတို့ချစ်တဲ့သူတွေကို နှုတ်ဆက်ဖို့ အချိန်ရောက်လာပြီဆိုတာကို လက်မခံချင်ကြပါဘူး။ သင်ဟာ အစားပျက်၊ အအိပ်ပျက်နဲ့ ငိုနေရနိုင်ပါတယ်။ သင့်လက်တွဲဖော်က အချစ်ရေးကို အဆုံးသတ်ချင်ပေမယ့် သင်က အဆုံးမသတ်ချင်သေးတဲ့အခါ သင်ဘာလုပ်သင့်သလဲ?

ဒီနေ့ခေတ်မှာ ရေရှည်မြဲတဲ့ relationships ဆိုတာရှားပါးလာပါတယ်။ လူ့အဖွဲ့အစည်းက ပြောင်းလဲသွားပါပြီ။ အတိတ်ကာလတုန်းက စုံတွဲတွေဟာ ‘သေတဲ့အထိ ငါတို့လက်တွဲသွားမယ်’ဆိုတဲ့ စကားစုကို အမှန်တကယ်နှလုံးသွင်းခဲ့ကြပြီး အတူတူနေဖို့ကြိုးစားခဲ့ကြရင်း ခက်ခဲတဲ့အချိန်တွေ ရင်ဆိုင်ခဲ့ကြပါတယ်။ ယခုအခါမှာ သဘောထားခြင်း မတိုက်ဆိုင်တာနဲ့ လွယ်လွယ် လမ်းခွဲတဲ့အထိ လွတ်လပ်လာကြပါပြီ။ တစ်ဖက်သတ်အချစ်က ကိုင်တွယ်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ သင်ရှုံးနိမ့်ခဲ့တဲ့ အချိန်တွေအားလုံးကို ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းတွေနဲ့ သင်ချစ်ရသူမပါဘဲ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို စဉ်းစားမိနိုင်ပါတယ်။

သင့်ပါတနာက သင်တိုရဲ့အချစ်ရေးကို ရပ်တန့်စေလိုတဲ့ အချက်များ

သင်ချစ်ရတဲ့သူက သင့်ကို ကြာရှည်မပျော်စေတော့ဘူးလား? သင့်လက်တွဲဖော်က သင်တို့ရဲ့အချစ်ရေးကို ရပ်တန့်စေလိုတဲ့ သဲလွန်စခြောက်ခုရှိပါတယ်။

၁။ သူတို့ စိတ်မဝင်စားတော့ဘူး- သူတို့က မင်းနဲ့အချိန်ဖြုန်းဖို့ကို စိတ်မဝင်စားတော့ပါဘူး။ သူတို့က သင့်ဘက်မှာရပ်တည်ဖို့ (သို့) ကတိကဝတ်တွေထဲက ရုန်းထွက်ဖို့ ဆင်ခြေပေးလာပါတယ်။

၂။ ပြောဆိုဆက်ဆံမှုတွေ ပြောင်းလဲလာတယ် – မင်းဘဝမှာ ဖြစ်ပျက်နေတာတွေကို မင်းပြောပြတဲ့အခါ သူတို့စိတ်ဆိုးကြတယ်၊ မင်းရဲ့ စကားပြောဆိုမှုတွေက ကြာရှည်မစီးဆင်းတော့ဘူး။ သူတို့ပြောတဲ့ စကားလုံးက “good morning” နဲ့ “good night” ပဲဖြစ်နေပါတယ်။

၃။ သူတို့က မင်းကိုအမြဲတမ်း တိုက်ခိုက်နေတာ- သူတို့နဲ့ ဘာမှဆွေးနွေးလို့မရဘူး။ ရန်ပွဲကိုပဲ အစပျိုးနေပါတယ်။




၄။ မင်းကိုငါချစ်တယ်ဆိုတာ မကြားရတော့ဘူး – သင့်ကိုချစ်ကြောင်း သူတို့မပြောကြတော့ဘူး၊ သူတို့ရဲ့အချစ်ကို တခြားစကားလုံးတွေနဲ့ မဖော်ပြကြတော့ပါဘူး။

၅။ လိင်မှုကိစ္စနည်းလာတယ်- သင့်ရဲ့လိင်မှုဘဝက ငြီးငွေ့စရာဖြစ်လာတယ်။

ဘာလုပျမလဲ?

ချစ်ခြင်းမေတ္တာ မြုံသွားတဲ့အခါ သင့်လက်တွဲဖော်က သင်တို့ရဲ့အချစ်ရေး အဆုံးသတ်ချင်မှာကို သင်ကြောက်ရွံ့လာပါတယ်။ သင်ချစ်တဲ့သူကို နှုတ်ဆက်ဖို့ ခက်ခဲတာကြောင့်ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့

လက်တွဲဖော်တစ်ယောက်ဟာ အရာရာကို ချိုးဖောက်ချင်တယ်ဆိုရင် အခြားလက်တွဲဖော်တစ်ယောက်ကြောင့်သာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ပျက်ရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ ကိုယ့်ကိုယ်ကို နှိပ်စက်ခြင်း(သို့) အပြစ်တင်ခြင်းက သင့်ရဲ့စိတ်ဖိစီးမှုအဆင့်ကို မြင့်တတ်စ်ရုံသာမက ဝမ်းနည်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

အနာဂတ်နဲ့ပတ်သတ်ပြီး မကောင်းတဲ့ အတွေးတွေ မတွေးပါနဲ့

အချစ်ရေးတစ်ခုပြီးဆုံးသွားတဲ့အခါ သင့်လက်တွဲဖော်မပါဘဲ မနေနိုင်လို့ သင်ယုံကြည်ထားတာကြောင့် စိတ်ထိခိုက်တာခံစားမိနိုင်ပါတယ်။ သို့သော် အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ သိဖို့နည်းလမ်းမရှိပါဘူး။

ပျော်ရွှင်မှုကို ရှာဖွေပါ

အချစ်ရေးရဲ့အဆုံးသတ်က ပိုပြီးကျေနပ်ဖွယ်ကောင်းတဲ့ အဆင့်တစ်ခုရဲ့ အစဖြစ်နိုင်ပါတယ်။ သင့်ကိုပျော်ရွင်စေမယ့် လုပ်ဆောင်မှုတွေကိုသာ အာရုံစိုက်ပါ။




သူတို့ရဲ့ ကုထုံးဆရာ မဖြစ်ပါစေနဲ့

သင့်လက်တွဲဖော်ဟာ ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်းကို ကျော်လွန်ဖို့ အချိန်အနည်းငယ်ပေးဖို့သာ လိုအပ်တယ်လို့ သင်ထင်နေရင်တောင်မှ သင်ဟာ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သင်တော်တဲ့လူမဟုတ်ပါဘူး။ သူတို့ဒီလိုဖြစ်နေတဲ့ အသေးစိတ်တိုင်းကို နားထောင်ဖို့ (သို့) သင့်ရဲ့စိတ်ခံစားမှုဆိုင်ရာ နာကျင်မှုအကြောင်း သူတို့ကို ပြောပြခြင်းက အကျိုးဖြစ်ထွန်းမှာ မဟုတ်ပါဘူး။

သူတို့နောက် ပြေးမလိုက်ပါနဲ့

လူသားဖြစ်တည်မှုအားလုံးက လွတ်လပ်ခွင့်နှင့် ဖိအားမရှိဘဲ ချစ်မြတ်နိုးရသူတွေနှင့်အတူ နေထိုင်ခွင့်ဖြစ်ပါတယ်။ သူတို့ကို လိုက်ဖမ်းနေတာက ပိုပြီးဝေးကွာသွားစေပါလိမ့်မယ်။




Goodbye လို့ပြောဖို့ လိုအပ်လာတဲ့အချိန်

တစ်သက်လုံးအတူတူလက်တွဲရမယ်လို့ ဘယ်စုံတွဲမှ ကြိုမသိနိုင်ပါဘူး။ ဘာရည်ရွယ်ချက်မှ မရှိတော့တဲ့ ခံစားချက်တစ်ခုမှာ တွယ်ကပ်နေခြင်းထက် Goodbye လို့ပြောလိုက်တာက ပိုကောင်းပါတယ်။ ပထမတော့ သင်ဟာ ဘာမှမရှိသလို ခံစားရ၊ စိတ်ဓါတ်ကျရပြီး self-esteem နိမ့်ကျနိုင်သော်လည်း အချိန်ကုန်လွန်လာတာနှင့်အမျှ ထိုလူတစ်ယောက်မရှိခြင်းကို ပိုခံနိုင်ရည်ရှိလာပြီး သင့်ဘဝဟာ နောက်တစ်ဖန် အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ သင့်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို အချိန်သက်သာအောင်လုပ်ပါ။ သင်တို့အတူတကွ နေထိုင်ခဲ့သမျှအတွက် သင့်လက်တွဲဖော်အား ကျေးဇူးတင်ရှိကြောင်းနှင့် အတွေ့အကြုံအသစ်တွေကို ဖွင့်ဟပါ။




သင့်လက်တွဲဖော်က သင်တို့ရဲ့အချစ်ရေးကို အဆုံးသတ်လိုတယ်လို့ ယုံကြည်ပါ သူတို့မှာ သင့်ကိုမချစ်နိုင်တော့တဲ့ အခွင့်အရေးရှိကြောင်း သိတိရပါ။ သင်ဟာ အတိတ်မှာ မနေထိုင်နိုင်ပါဘူး။ သင်အတူတူဖန်တီးခဲ့တဲ့ ဇာတ်လမ်းက ပြီးဆုံးသွားပြီဆိုရင် ကျောခိုင်းသွားလိုက်တာက အကောင်းဆုံးပါပဲ။

Lifestyle_Myanmar
LM_Nandar


Source-steptohealth


#အချစ်
#ဖြစ်ပျက်
#စုံတွဲ
#အချိန်
#Lifestyle

Some text some message..