အဝတ်အစား ဝယ်တဲ့အခါ ကျွန်မတို့အတွက် စိန်ခေါ်မှုတစ်ခုက ကိုယ့်အတွက်ကိုယ် မှန်ကန်တဲ့ အရောင်တွေ ရွေးချယ်ခြင်းဖြစ်ပါတယ်။ကိုယ့်အတွက်ကိုယ် အရောင်ကောင်းလေးတွေ ရွေးချယ်ရာမှာ သတိရဖို့ လိုအပ်တဲ့ အရေးကြီးဆုံးအချက်က ကျွန်မတို့ရဲ့ အသားအရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အသားအရောင်ပေါ်မှုတည်ပြီး ဘယ်အရောင်တွေ ဝတ်ဆင်ရမယ်/ရှောင်ကြဉ်ရမယ်ကို ပြောပြပေးချင်ပါတယ်။
၁။ အသားဖြူတဲ့သူ
ဖြူတဲ့အသားအရေကို ပိုင်ဆိုင်ထားခြင်းက အရောင်တွေရဲ့သတ်မှတ်ချက်မှာ ကောင်းတာရော၊ ဆိုးတာပါနှစ်ခုလုံးဖြစ်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းတွေရှိပါတယ်။ ဒါ့ကြောင့် တစ်ချိန်တည်းမှာ အမှားတစ်ခုခုလုပ်ဖို့ လွယ်ကူပါတယ်။
ကောင်းသောအရောင်များ- နက်ပြာရောင်၊ ကျောက်စိမ်းရောင်၊ နီညိုရောင် ကဲ့သို့သော အရောင်ရင့်ရင့်များ
မလိုက်ဖက်တဲ့အရောင်များ- အနက်၊ ကာကီရောင်၊ အရောင်ဖျော့ဖျော့များ
၂။ အသားလတ်တဲ့သူ
သင့်မှာ သံလွင်ရောင်အသားအရေရှိပါက ကွန်ဂရက်ကျူးရေးရှင်းပါ။ သင့်မှာ အပြစ်အလွတ်ဆုံး အသားအရေအမျိုးအစားရှိပြီး သင့်အတွက် အရောင်ရွေးချယ်ရာမှာ မှားယွင်းဖို့ ခက်ခဲပါတယ်။
ကောင်းသောအရောင်များ- သနပ်ခါးရောင်၊ ဝါညိုနုရောင်၊ ပန်းခရမ်းရောင်၊ အဖြူရောင်နှင့် warm color အားလုံးနီးပါး။
မလိုက်ဖက်တဲ့အရောင်များ-အခြေခံအားဖြင့် သင့်ကို အဝတ်မဝတ်ထားသလို ထင်ရစေတာကြောင့် အညိုရောင်၊ ကော်ဖီရောင်ရှောင်ပါ။
၃။ အသားညိုသူ
ပွင့်ပွင့်လင်းလင်းပြောရရင် သင်ကြိုက်နှစ်သော အရောင်ကို ဝတ်ဆင်နိုင်ပါတယ်၊ သို့သော် စဉ်းစားဖို့လိုမယ့် အကြံတစ်ခုပြုချင်ပါတယ်။
ကောင်းတဲ့အရောင်များ- အားလုံးနီးပါးက သင်နဲ့ ကြည့်ကောင်းနေပါလိမ့်မယ်။
မလိုက်ဖက်တဲ့အရောင်များ- သင်ရှောင်ရှားရမယ့်အရောင်တစ်ခုက အညိုရောင်ဖြစ်ပါတယ်။
သင့်ရဲ့undertone ကိုဘယ်လိုဆုံးဖြတ်မလဲ
သင့်အတွက် အကောင်းဆုံးအရောင်ကို ဆုံးဖြတ်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုက warm toned အသားအရေလား?cool toned အသားအရေလား? ဆိုတာ ရှာဖွေခြင်းဖြစ်ပါတယ်။
သင့်လက်ကောက်ဝတ်ပေါ်ရှိ သွေးပြန်ကြောတွေကို ကြည့်ပါ။ တကယ်လို့ သွေးကြောလေးတွေက အပြာရောင်သန်းနေတယ်ဆိုရင် သင်ဟာ cool skin tone ပါ၊ အစိမ်းရောင်သန်းနေတယ်ဆိုရင် warm skin tone ပိုင်ရှင်ပါ။
Lifestyle_Myanmar
LM_Nandar
Source-fabiosa