ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ပြည့်နှက်နေတဲ့ Singapore Nightlife
moda.com.mm
|
2020-06-17

Super Model M Seng Lu နဲ့ အတူ Weekend getaway အနေနဲ့ စင်ကာပူကိုသွားရင်းနောက်ထပ်ပြောပြချင်တာကတော့ အားလုံးစိတ်ဝင်စားကြမယ့် Singapore Nightlife အကြောင်းပေါ့ ။ စင်ကာပူနိုင်ငံ ဟာ စီးပွားရေးလုပ်ငန်းအချက်အ ချာနေရာ တင်မဟုတ်ဘဲ နေဝင်ပြီ ဆိုတာနဲ့ နိုက်ကလပ်တွေ ဘားတွေ က သက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံတစ်နိုင်ငံ ပဲ ဖြစ်ပါတယ်။

ကဲ စင်ကာပူရဲ့ မြူးကြွလှုပ်ရှားနေတဲ့ Nightlife ဆိုရင်တော့ Clarke Quay က နေ စပြောရမှာပါပဲ။ လူစည်ကားပြီး စားသောက်စရာ အများကြီးရှိတဲ့နေရာသွားချင်ပါတယ်ဆိုရင် တော့ကျွန်တော့်အနေနဲ့ Clarke Quay ကို ညွှန်းပေးချင်ပါတယ်။ Night out ထွက်မယ်ဆိုရင်လည်း အရမ်းမိုက်တဲ့အတွက်ကိုယ့် ရဲ့ သူငယ်ချင်းတွေနဲ့ အတူ စင်ကာပူမြစ်ကမ်းဘေးမှာထိုင်ပြီး စကားပြောလို့ ကောင်းတဲ့နေရာလေးပါ။ မိသားစုနဲ့မှ သွားချင်ပါတယ်ဆိုတဲ့ လူတွေအတွက်လည်း Clarke Quay ကသွားဖို့ သင့်တော်တဲ့နေရာဖြစ်ပါတယ်။ Clarke Quay မှာဆိုင်တွေများတယ်ဆို ပေမယ့် အစားအသောက်မကောင်းတဲ့ ဆိုင်ဆိုတာမရှိသလောက်ပါပဲ။ မျက်စိမှိတ်ပြီးတောင် ဝင်ထိုင်ရင်တောင် အရသာရှိပြီးစားကောင်းတဲ့ဆိုင်တွေ ကမလွတ်ပါဘူး။ ဆိုင်တော်တော်များ များကလည်း Live Performance ရှိတော့ သောက်စရာတွေကလည်း များတော့ သူငယ်ချင်းတွေနဲ့ Chill လို့ အရမ်းကောင်းတာပေါ့။







High end ဖြစ်တဲ့ Rooftop bar ကိုမှ သွားချင်ပါတယ်ဆိုတဲ့ သူတွေအတွက် Central Business District Area မှာရှိတဲ့ Empire Lounge ကို ညွှန်းချင်ပါတယ်။ Empire Lounge က ၄၅ ထပ်မှာရှိတဲ့အတွက် စင်ကာပူ ရဲ့ မကြည့်မဖြစ်တဲ့ Marina Bay Sand ရဲ့ LED Performance ကိုလည်းသူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ကော့တေးလ်တွေကို မြည်းစမ်းကြည့်ရင်း စင်ကာပူရဲ့ Nightlife ကို အပြည့်အဝ ကြည့်ရှုခံစားနိုင်ပါတယ်။




အခုလာမယ့် သြဂုတ် ၉ ရက်နေ့မှာ ကျရောက်မယ့် စင်ကာပူနိုင်ငံရဲ့ အမျိုးသားနေ့ မှာ လွှတ်တင်မယ့် မီးရှုးမီးပန်းတွေကိုလည်း တစ်မြို့လုံးရဲ့အပေါ်စီးကနေ ကြည့်လို့ရပါတယ်။

Empire Lounge က outdoor ရှိသလို indoor area မှာလည်း အရမ်းမိုက်တဲ့ အပြင်အဆင်တွေနဲ့ တကယ်ကို Chill လုပ်ဖို့သင့်တော်တဲ့ Bar တစ်ခုပါ။




Empire Lounge ကိုသွားတဲ့ လူတော်တော်များများက Central Business District Area ကဆိုတော့ professional ကျပြီး စတိုင်ကျတဲ့သူငယ်ချင်းတွေအများကြီးလည်း ရနိုင်ပါတယ်။သွားမယ်ဆိုရင်တော့ သောကြာနေ့တို့ စနေနေ့တို့ကတော့ အကောင်းဆုံးပါပဲ။






Clarke Quay မှာ စားသောက်ပြီးရင်တော့ Clarke Quay Cannery Block ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ RedTail by Zouk ကို သွားရောက်လည်ပတ်စေချင်ပါတယ်။ RedTail Bar က ဆိုရင် သောက်ရင်းနဲ့ဆော့ရတဲ့ကစားနည်း တွေ ထဲက တစ်ခုဖြစ်တဲ့ Beer pong တွေအပြင် တခြားကစားနည်းအများကြီးရှိတဲ့ Zouk Club ရဲ့ ကစားကွင်းအသစ် လို့ ပြောလို့ရပါတယ်။ ပေါ့ပေါ့ပါးပါး နဲ့ သူငယ်ချင်းတွေ စုပြီး ကစားလို့ရအောင် ဖန်တီးထားတဲ့ နေရာဖြစ်တဲ့အပြ င် အလုပ်ကပြီးလို့ သူငယ်ချင်းတွေ နဲ့တွေ့မယ် ဆိုရင်တော့ အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။




ပိတ်ရက်တွေမှာ ကလပ်တွေ ဘာတွေ မသွားရင် အရင် စားသောက်ကစားလို့ ကောင်းတဲ့ နေရာတစ်ခုပါ။ အဲဒီကိုရောက်ရင် တော့ အာရှအကြိုက် အရသာတွေကို ဖန်တီးထားတဲ့ အစားအသောက်တွေ၊ စိတ်ကြိက်ဖန်တီး ဖျော်စပ်ပေးတဲ့ ကော့တေးလ် တွေ ဘီယာ ဝိုင် နဲ့ Zouk ရဲ့ သင်္ကေတဖြစ်တဲ့ Blue Spin, Velvet Rope တွေကို မြည်းစမ်းကြည့်ဖို့ မမေ့နဲ့ဦးနော်။




ညတစ်ည ကို အကောင်းဆုံး အနားသတ်ပေးဖို့အတွက် ကတော့ ကမ္ဘာ့အသိအမှတ်ပြု DJ Top 100 Club စာရင်းဝင် ထိပ်တန်း ကလပ် ၅ ခုထဲ က တစ်ခုဖြစ်တဲ့ Zouk Club ကို ပဲ သွားလိုက်ဖို့ အကြံပေးချင်ပါတယ်။ စင်ကာပူ ရောက်ပြီး Zouk Club ကို မရောက်သေးရင်တော့ စင်ကာပူ ရဲ့Nightlife ကို ခံစားပြီးပြီလို့ တော့ ပြောလို့မရပါဘူးနော်။ Zouk ဆိုတာ ပြင်သစ်စကားဖြစ်ပြီး ပါတီ လို့ အဓိပ္ပါယ်ရပါတယ်။ Zouk Club က တစ်ပတ်နဲ့တစ်ပတ် မထပ်အောင်ကို ပွဲတွေလည်းရှိနေပြီး အမိုက်စား ဒီဂျေ တွေနဲ့ဆိုတော့ အပတ်တိုင်းသွားရင်တောင် ပျင်းဖို့အချိန်တောင် မ ရလောက်ပါဘူး။ ကျွန်တော်တို့ Zouk သွားတဲ့နေ့ကအတွေ့ အကြုံကိုပြောရမယ်ဆို ရင်နေ့လည်မှာ Shopping တွေအကြီးအကျယ်ထွက်ထားလို့ ပင်ပန်းလွန်းလို့ ကလပ် ထဲမှာမကဲနိုင်လောက်တော့ဘူးလို့တွေးထားပေမဲ့ တကယ်တမ်း Zouk ကိုရောက်တဲ့အခါ Music တွေ Beat တွေကအရမ်းကိုကောင်းနေတော့ ခန္ဓာကိုယ်က သူ့အလိုလို လိုက်ကမိတော့တာပဲ။




တကယ်အမိုက်စား Beat တွေနဲ့ Sound system တွေကြောင့် အရမ်းကိုပျော်ခဲ့ကြပါတယ်။ မနက် ၄ နာရီမှပဲ M Seng Luနဲ့ အတူ ကလပ် က ပြန်ဖြစ်ကျပါတယ်။အဲ့လောက်ထိကို ပျော်စရာကောင်းတာကြောင့် ပင်ပန်းနေပြီ Zouk ကို မသွားတော့ဘူးလို့ မနေလိုက်နဲ့နော်။ Zouk ကို ရောက်ရင် ကိုယ် ဘယ်လောက်ထိ ကနိုင်လဲဆိုတာ သိသွားလိမ့်မယ်။ တကယ်လို့ အခုလို ကမ္ဘာ့ထိပ်တန်း အမြူးကြွဆုံး သံစဉ်တွေကို ခံစားချင်တယ်ဆိုရင်တော့ စင်ကာပူ က သင့်ကို မေ့မရနိုင်တဲ့အခုလိ weekend getaway ကို ဖန်တီးပေးနိုင်တယ်လို့ လို့ ပြောချင်ပါတယ်။




အပေါ်ကပြောသွားတဲ့ ကလပ် တွေ high end bar တွေ လည်းမသွားချင်ဘူး။ သူငယ်ချင်းတွေနဲ့ ဘီယာလေးသောက်ပြီး အစားအသောက်ကောင်းကောင်းရနိုင်တဲ့ဆိုင်မျိုး မိတ်ဆက်ပေးပါဦး လို့ပြောရင်တော့ Esplanade မှာ ရှိတဲ့ Mischief ကိုညွှန်းပေးချင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူ ပေါ့ပေါ့ပါးပါး gathering လုပ်လို့ကောင်းတဲ့ ဆိုင်တစ်ဆိုင်ပြီး လူငယ်ဆန်တဲ့ အပြင်အဆင်ကလည်း အရမ်းကို သက်တောင့်သက်သာဖြစ်စေပါတယ်။




စင်ကာပူရဲ့ “Passion Made Possible” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Mischief ရဲ့ passion တွေနဲ့ဖန်တီးထားတဲ့ အစားအသောက်တွေကို ရရှိနိုင်ပါတယ်။ နောက်ထပ်ထူးခြားတာ တစ်ခု က သူရဲ့ menu တွေက အမေရိကန် နဲ့ အရှေ့တောင်အာရှ က ရိုးရာ အစားအသောက် တွေကို ပေါင်းစပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ M Seng Lu ရဲ့ အကြိုက်ဆုံး menu ဖြစ်တဲ့ Full Platter ကိုတော့ Mischief ရောက်ရင်စားကြည့်ဖို့မမေ့နဲ့နော်။




ကဲအခုဆိုရင် စင်ကာပူရဲ့ Weekend Getaway မှာ Super Model M Seng Lu ရဲ့ Nightlife ဖြတ်သန်းခဲ့ပုံလေးကို ပြောပြပြီးပြီ ဖြစ်တဲ့အတွက် Singapore Nightlife ကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းလိုက်တယ်နော်။


#ကလပ်
#သူငယ်ချင်း
#အစားအသောက်
#Weekend
#Chill

Some text some message..