ဇနီးသည်ကို ဖောက်ပြန်စေတဲ့ ခင်ပွန်းတို့ရဲ့ အပြုအမူများ
trend.com.mm
|
2020-06-19

အမျိုးသမီးက ဖောက်ပြန်တာကို သိတဲ့အချိန် ကျမှ သတ်ပစ်လို့ ထောင်ထဲ ရောက်တာက လွဲပြီး မရှိပါဘူး။ အမျိုးသားတွေအနေနဲ့ အရင်ဆုံး ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်တွေကို အရင် ပြင်ရမှာ ဖြစ်ပါတယ်။


၁။ အတ္တကြီးခြင်း
လင်မယားကြားမှာ ဘာမဟုတ်တဲ့ အတ္တတွေကို ရှေ့တန်းတင်လို့ မရပါဘူး။ ကိုယ်ကျတော့ သွားချင်တဲ့ နေရာသွား၊ စားချင်တဲ့ နေရာစား၊ အိပ်ချင်တဲ့ နေရာအိပ်ပြီး ဇနီးသည်ကိုတော့ ဘာမလုပ်နဲ့၊ ဘယ်မသွားနဲ့၊ ဘယ်သူနဲ့ မဆက်ဆံနဲ့ ဆိုပြီး ချုပ်ချယ်ရင် မှားတတ်ပါတယ်။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် ချုပ်နှောင်ခံရရင် ရုန်းထွက်ချင်ကြတာ ဓမ္မတာပါ။


၂။ အာရုံစိုက်မှု မပေးခြင်း
ဇနီးသည်ကို အာရုံစိုက်မှု မပေးတာကလဲ လင်မယားကြားက လိင်ကိစ္စ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်ထောင် ထိန်းသိမ်းမှု၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တို့မှာ လင်ယောက်ျားကိုမှ အားမကိုးရရင် အားကိုးရာ ရှာတတ်ကြပါတယ်။


၃။ ခံစားချက်ကို နားမလည်ခြင်း
ဇနီးဖြစ်သူရဲ့ ခံစားချက်က ဘာတွေလဲဆိုတာကို မေးလေ့မေးထ မရှိခြင်းကလည်း ရေရှည် အတွက် မကောင်းပါဘူး။ ထူးသဖြင့် လင်မယားကြားမှာ အဓိက လိုအပ်ချက် ဖြစ်တဲ့ ခြင်ထောင်ပိတ် ဆက်ဆံရေးအတွက် အမြဲ တံခါး ဖွင့်ထားရမှာ ဖြစ်ပြီး တစ်ဦးအလိုကို တစ်ဦးက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။


၄။ ထောက်ပံ့မှု မပေးခြင်း
ရသမျှ ပိုက်ဆံကို အိမ်ထောင်ရေးမှာ စီးဝင်ခြင်းမရှိဘဲ ဘယ်နေရာမှာ ကုန်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ် ဆိုတာကိုလည်း မယ်မယ်ရရ မပြောဘဲ အကြောင်းမဲ့ ထောက်ပံ့မှု မပေးဘူး ဆိုရင် မလိုအပ်ချိန်မှာ ကိစ္စမရှိပေမယ့် လိုအပ်လာရင် ငွေရေးကြေးရေးအရ ပတ်သက်လာရင်လဲ ဇနီးသည်တွေက ဖောက်ပြန်တတ်ပါတယ်။


၅။ ရောဂါဘယ ထူပြောခြင်း
ရောဂါဘယ ထူပြောတဲ့ လင်ယောက်ျား ဆီကနေ ဘာတွေ ရနိုင်သလဲဆိုတာကို အကြမ်းဖျင်း စဉ်းစားကြည့်ပါ။ ဘာမှ မရနိုင်ပါဘူး။ စီးပွားရေး လုပ်ရအောင်ကလည်း မကျန်းမာလို့၊ လူမှုရေး ဆိုလည်း နေမကောင်းလို့၊ ဟိုကိစ္စဆိုလည်း မသန်မာလို့ ဆိုရင် ဘယ်လိုလုပ် အိမ်ထောင်ရေးက မြဲမလဲ။


(၆) စွမ်းဆောင်ရည်ကျဆင်းခြင်း
စွမ်းဆောင်ရည်ကျဆင်းခြင်းဆိုတာ အိမ်ထောင်သည် တော်တော်များများ သဘောပေါက်ပါလိမ့်မယ်။ မိမိစိတ်ကျေနပ်မှု တစ်ခုတည်း အတွက်သာ ဇနီးကို ဆက်ဆံတယ်ဆိုရင် အလိုရမ္မက်ကို မွေးပေးသလို ဖြစ်တတ်ပါတယ်။ အဲဒီကိစ္စမှာ ဇနီးဖြစ်သူ စိတ်ကျေနပ်မှု မရတဲ့အခါ ကြာရင် မလွယ်ဘူးပေါ့။ ဒီကိစ္စမျိုးဆိုတာ နှစ်ဦးနှစ်ဘက် မျှတနေမှ အိမ်ထောင်ရေးမှာ အချစ်တိုးပြီး သာယာမှာပါ။


၇။ အငယ်အနှောင်းထားခြင်း
နောက်ဆုံးအချက်ကတော့ အငယ်အနှောင်းထားတာပဲ ဖြစ်ပါတယ်။ ဒါက နံပါတ် (၅၊၆) ပြီးရင် ရာခိုင်နှုန်း အများဆုံး ဖြစ်လို့ သတိပြု ဆင်ခြင်သင့်ပါတယ်။


Ref;RELATIONSHIP GOALS


#အငယ်အနှောင်း
#လင်ယောက်ျား
#ဇနီးသည်
#လင်မယား
#အိမ်ထောင်ရေး

Some text some message..