အမျိုးသားတွေ အမျိုးသမီးတွေကို စိတ်ပျက်ရတဲ့ အကြောင်းရင်း (၆) ချက်
lifestylemyanmar.com
|
2020-06-21



ခုနောက်ပိုင်းခေတ်ကာလတွေမှာ relationship တွေက လေးနက်မှုတွေလျော့နည်းလာနေကြတယ်။ စိတ်အားထက်သန်မှုတွေ ပျောက်ကွယ်သွားပေမယ့် နူးညံ့မှုနှင့် လေးစားမှုတွေတော့ ပိုနိုးကြားလာကြပါတယ်။ သို့ပေမယ့် relationship တစ်ခုမှာ တစ်နှစ်၊ နှစ်နှစ်လောက်မှာ အမျိုးသားတွေဟာ အမျိုးသမီးတွေအပေါ်မှာ အေးစက်လာခဲ့ကြတယ်။ ဘာကြောင့်လဲ?




၁။ အမျိုးသမီးတွေဟာ တစ်ခြားအမျိုးသမီးတွေကို ဝေဖန်လွန်းတယ်

တစ်ချို့အမျိုးသမီးတွေဟာ လှပပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးတွေကို တွေ့မြင်ရတဲ့အခါ မသက်မသာခံစားကြရတယ်။ အနည်းဆုံးတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ သူတို့ရဲ့ ဘေးကအမျိုးသားတွေကတစ်ဆင့် ၎င်းတို့ရဲ့ အလှအပကို ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ၊ မှတ်ချက်တွေထုတ်ဖော်ပြောဆိုကြပါတယ်။ တကယ်တော့ ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး။ သင်ကိုယ်တိုင် ဘာကြောင့်ဒီလိုလုပ်မိမှန်းနားမလည်ဘူးဆိုရင်တောင် သင့်ရဲ့ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ကင်းမဲ့တာကို သူရှင်းရှင်းလင်းလင်းတွေ့ပါလိမ့်မယ်။ သေချာတာပေါ့ လူတွေက တစ်ခြားလူတွေမကောင်းကြောင်းပြောရင်း ကိုယ့်ကိုယ်ကိုယ်ကယ်တင်ချင်ကြတယ်။




၂။ တစ်ခြားအမျိုးသားတွေနဲ့ နှိုင်းယှဉ်တယ်

သင့်ရဲ့ လူကို ဆုံးရှုံးချင်တယ်ဆိုရင် သူ့ကို Jimin (သို့) D.O တို့နဲ့ နှိုင်းယှဉ်ပါ။ သူတို့ဘယ်လောက်ချောတယ်၊ ဘယ်လောက်စမတ်ကျတယ်၊ ဘယ်လောက်သတ္တိရှိတယ်ဆိုတာ သူ့ကို အမြဲပြောပါ။ အစပိုင်းမှာ သင့်ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေပြီးတော့ နောက်ဆုံးမှာ သူ့ကို လုံးဝတန်ဖိုးမထားတဲ့ အမျိုးသမီးတစ်ဦးကို လုံးဝမလိုအပ်တော့ဘူးလို့ ထင်မြင်လာပါလိမ့်မယ်။




၃။ အမျိုးသမီးတွေက အမြဲတမ်း စိတ်ဆိုးဒေါသထွက်နေကြတယ်

သူက သူ့အတွက်တောက်ပပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မြတ်နိုးခဲ့တယ်။ တကယ်လို့ မကြာခင် စိတ်ပျက်ဖို့ကောင်းတဲ့ လူတစ်ယောက်ဖြစ်လာတယ်ဆိုရင် သူ့ရဲ့ အာရုံမှာ သင့်ကို စိတ်ညစ်စရာတွေပဲ ကြုံနေရမယ်ဆိုရင် ဘယ်သူက အဲဒီလိုညည်းညူပြီး စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်နဲ့ တစ်သက်လုံးနေချင်မှာလဲ။




၄။ အမျိုးသမီးတွေဟာ ကျိန်ဆဲကြတယ်

ရက်စက်ကြမ်းကြုတ်ဆုံးလူတွေတောင်မှ သူ့ရဲ့ ချစ်သူရည်းစားရဲ့ ဆဲဆိုကျိန်ဆဲနေခြင်းကို လုံးဝမနှစ်သက်ပါဘူး။ ပညာရှိတဲ့ အမျိုးသမီးတွေဟာ ကျိုးနွံခြင်းနှင့် အသိဉာဏ်ရှိခြင်းဆိုတာ လူမှုဆက်ဆံရေးမှာ အရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်ကြောင်း နားလည်ထားကြပါတယ်။




၅။ သူ့ရဲ့ အမေကို မနာလိုစကားပြောတယ်

သင်က သူ့ရဲ့ မိခင်ကို မကြိုက်ကြဘူးဆိုရင်တောင် သင့်ပါတနာရဲ့ ရှေ့မှာ သူ့မိခင်ဘယ်လောက်ဆိုးကြောင်း သင့်ထင်မြင်ချက်တွေကို ဖော်ပြစွပ်စွဲဖို့ လုံးဝမသင့်တော်ပါဘူး။ အဆင်မပြေနိုင်ဘူးထင်ရင် သင့်ပါတနာရဲ့ မိခင်နဲ့ ဆက်သွယ်မှုကို အနိမ့်ဆုံးအနေအထားမှာထားပါ။ ဒီလိုမှမဟုတ်ရင် ပိုရင်းနှီးအောင် လုပ်ပါ။




၆။ အမြင်ရိုင်းသော အပြင်အဆင်

ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းအတွက် မသင့်လျော်တဲ့ မိတ်ကပ်အပြင်အဆင်၊ အလွန်တိုကပ်နေတဲ့ စကတ် နှင့် ရင်ဟိုက်နေပြီး အဖော်အချွတ်အဝတ်အစားတွေ အားလုံးက သင့်အတွက် တစ်ညတာရပ်တည်ဖို့သာ အထောက်အကူပြုနိုင်ပါလိမ့်မယ်။ စစ်မှန်တဲ့ လူကြီးလူကောင်းတွေက စတိုလ်နဲ့ စနစ်တကျဝတ်စားဆင်ယင်ထားတဲ့ အမျိုးသမီးတွေကို ပိုနှစ်ခြိုက်ကြပါတယ်။

Lifestyle_Myanmar
Nyein_Thu

#အမျိုးသမီး
#အပြင်အဆင်
#မိခင်
#တစ်ခြားလူ
#Lifestyle

Some text some message..