ကျွန်တော်တို့ချစ်လို့လက်တွဲခဲ့ပြီးနောက်မှ ငြင်းခုံရန်ဖြစ်ရတာ နှစ်ယောက်လုံးနာကျင်ဖွယ်ကောင်းပါတယ်။ တခါတလေတော့လည်း ဘာမှမဟုတ်တဲ့အကြောင်းနဲ့ စကားများတတ်သလိုအနိုင်ရယူလိုမှုလေးနဲ့များတတ်ကြပါတယ်။ ခုပြောပြချင်တာ အရမ်းချစ်ကြပါတယ်ဆိုပေမယ့် RSတွေ လမ်းခွဲရတတ်တဲ့ အဓိက အကြောင်းရင်းတွေ အကြောင်းပဲဖြစ်ပါတယ်..
နားလည်မှုလွဲခြင်း အယူအဆမတူခြင်း
RSတစ်ခုမှာ အမြဲတမ်းကြီး နားလည်မှုတွေရှိ သဘောထားချင်းတိုက်ဆိုင်နေတယ်ဆိုတာမျိုးက ရှားတာတောင် မဟုတ်ဘူး။ ရှိကိုမရှိနိုင်ပါဘူး။ တစ်ဖက်က မပြောစေချင်တာကို ပြောမိတဲ့အခါ ရှုပ်ထွေးတဲ့အကြောင်းအရာတစ်ခုကို ပြောဆိုမိတဲ့အခါ ကိုယ့်ချစ်သူကို နာကျင်စေတတ်တဲ့စကားတွေပြောမိတတ်ပါတယ်။ ဒီတော့ ငြင်းခုန်မှုတွေလုပ်မယ့်အစား ပါးပါးနပ်နပ် ရှောင်လိုက်တာ ပိုကောင်းပါတယ်။ စကားလုံးအသုံးအနှုန်း စကားသံကအစပေါ့နော်။
ကိုယ့်ကိုကိုယ်ဗဟိုပြုတဲ့ပြဿနာ
သမီးရည်းစားRSဆက်ဆံရေးဖြစ်ဖြစ် ဘယ်လို RSမျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ဗဟိုပြု အတ္တကြီးနေရင်တော့ ရေရှည်မြဲမှာမဟုတ်ပါဘူး၊။ ဒီတော့ သူ့ဘက် ကိုယ့်ဘက်ကြည့်ပြီး ပြောဆိုဆက်သွယ်ရပါမယ်။ ပြောရရင် “ငါဆိုတဲ့စကားလုံးအစား..ငါတို့ဆိုတဲ့” စကားလုံးမျိုးကိုကိုယ်စားပြု ပြောဆိုကြတာပိုကောင်းပါတယ်။ အတူတကွဆိုတဲ့စကားလုံးကို ခံစားနားလည်တတ်ရင် ပြဿနာတွေ အတော်အတန်ရှင်းသွားနိုင်ပါတယ်။
ဒီအတ္တကိုဗဟိုပြုတဲ့ဆက်ဆံရေးမှာ ကိုယ်လုပ်တာအကောင်း ကိုယ်ပဲမှန်တယ်ဆိုတာတွေပါလာတတ်ပါတယ်။ နောက်ဆုံးငြင်းခုန်ရင်းအတိတ်ကို ပြဿနာရှာတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီတော့ သံသယတွေပွားလာပြန်နိုင်ပါတယ်။ ဒီကတဆင့် ဆက်ဆံရေးတစ်ခုကို ပြချပစ်မယ့် မီးတွေဆက်တောက်လောင်နိုင်ပါတယ်။
အိမ်မွေးတိရစ္ဆာန်ကိစ္စ
ဒီပြဿနာက ဘာမှမဟုတ်ဘူးထင်ရပေမယ့် သင်ကခွေး ကြောင် လုံးဝမချစ်တတ်ဘူး။ သင့်ချစ်သူက ဒါတွေကို အရမ်းချစ်တယ်။ တခါတလေသင့်ထက်တေ င် ဒီအကောင်လေးတွေကိုချစ်နေရင် သင်သည်းခံရင်းနဲ့စကားတွေများ ပြဿနာတွေဖြစ် နောက်ဆုံးလမ်းခွဲတဲ့ အဆင့်ထိရောက်သွားနိုင်ပါတယ်။ ဒီတော့ ဒါကိုဘယ်လိုချိန်ညှိဖြေရှင်းနိုင်မလဲဆိုတာ ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။
ဆိုလိုတာက သင်ချစ်တာက တစ်ကောင် သူချစ်တာက တစ်ကောင်ဆိုသင်တို့ဆက်ဆံရေးမှာ ဒီအကောင်လေးတွေကို ဘယ်လိုအခန်းက ပါဝင်စေမလဲဆိုတာပြောပြပါ။ ဒါကိုပြောတာ အကြိုက်တူမှရန်သူမဟုတ်ဘူး။ အကြိုက်တူရင်လည်း ရန်သူဖြစ်သွားတတ်တယ်ဆိုတာ။
မဖြစ်နိုင်တာမှန်းဆမှုနဲ့မျှော်လင့်ချက်များ
တခါတလေ RSတွေ ကြောင်တောင်တောင်နိုင်တာ တော်တော်များတယ်။ မဖြစ်နိုင်တာတွေကို မှန်းဆပြီး လျောက်ပြောတတ်တာလည်း တော်တော်ကြောင်တဲ့လုပ်ရပ်ပါပဲ။ ဒါကြောင့် RSတစ်ခု တည်မြဲချင်ရင် ရန်မဖြစ်ချင်ရင် မှန်းဆ ရမ်းသပြီး မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေမထားဖို့ပါပဲ။ ဆိုလိုတာက မီဒီယာတွေပေါ်မှာအရမ်း ရိုပြ ချစ်ပြ ဘယ်သူကဘယ်လိုလက်ဆောင်ကြီးပေးဆိုတာမျိုးတွေကို ကိုယ့်အခြေအနေနဲ့အမှန်အတိုင်းသဘောပေါက်ဖို့ပါပဲ။ ဒီတော့ဖြစ်နိုင်ချေရှိတာတွေကိုပဲ ပွင့်လင်းစွာဆွေးနွေးပါ။ လက်တွေ့ကြိုးစားပါ။ ဒါကမဖြစ်နိုင်တာတွေကို ပြောဆိုစဉ်းစားပြီး ငြင်းခုန်နေရတာတွေကို လျော့ချနိုင်ပါလိမ့်မယ်။
မစစ်မှန်တဲ့လူတစ်ယောက်ဖြစ်ခြင်း
ဆိုလိုတာက ကိုယ့်တာဝန်ကို ကိုယ့်တာဝန်အဖြစ်နဲ့သိနေပြီး တာဝန်မယူပဲ အခြားသူအပေါ် ပုံချခြင်းတွေနဲ့ အသက်ရှင်တတ်တဲ့ လူရဲ့ဘဝကို “မစစ်မှန်တဲ့လူရဲ့ဘဝ”လို့ခေါ်တာပါ။ ဒါက သမီးရည်းစားတွေ RSတွေ ရေရှည်ရပ်တည်ရေးမှာ တော်တော်အရေးကြီးပါတယ်။
ကောင်လေးပဲဖြစ် ကောင်မလေးပဲဖြစ်ဖြစ် “ကိုယ့်ကိုပိုင် ရွေးချယ်ဆုံးဖြတ်လုပ်ဆောင်မှု မရှိတဲ့အတွက် တာဝန်ယူမှုဆိုတာမရှိတော့ဘူး။ ဒီတော့ တာဝန်ခံမှုဆိုတာမရှိတော့ဘူး၊ ဒီတော့ RSတစ်ခုက ဘယ်လိုတည်မြဲနိုင်တော့မလဲ။ ဒါကြောင့်ကိုယ်ယုံကြည်ရာကိုရပ်တည်ပါ။ ချစ်ရသူရဲ့အမြင်ကို လေးစားပါ။ သင့်အတွေးနဲ့ယုံကြည်မှုတွေကို ရှင်းလင်းစွာ ပွင့်လင်းစွာပြောဆိုပါ။
မပြည့်စုံမှုတွေကို အပြစ်တင်ခြင်း
ပြီးပြည့်စုံတဲ့အချစ် ပြီးပြည့်စုံတဲ့ RSဆိုတာတော့မရှိပါဘူး။ ဒီလိုပဲ မပြီးပြည့်စုံမှုတွေကြားက အချစ်ကို မွေးမြူပြီး ဆက်သွားကြတာပါပဲ။ ဒါပေမယ့် ဒီလိုမပြီးပြည့်စုံတွေကို အပြစ်မြင်လာတဲ့အခါ ဆက်ဆံရေးတွေတင်းမာလာပြီး ရန်ဖြစ်စကားများတတ်ရပါတယ်။ ဒီကတစ်ဆင့်လမ်းခွဲပြတ်စဲရတတ်ပါတယ်။ဒီတော့ မပြီးပြည့်စုံမှုတွေထဲကအချစ်ကို သက်တမ်းရှည်အောင်မွေးဖွားသန့်စင်ပါ။
အထင်သေးလာခြင်း
စချစ်ချစ်တုန်းကတော့ အထင်သေးတာတွေ ကြီးတာတွေရှိချင်မှလည်းရှိမှာပါ။ နောက်ပိုင်း အချိန်တွေကြာလာတယ်။ ချစ်ရက်နဲ့မျက်လုံးစုံမှိတ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို မပြင်ဆင်တဲ့အခါ အထင်သေးလာမယ်။ ဒီတော့ ဆန့်ကျင်ဘက်တွေဖြစ်လာမယ်။ စကားတွေများမယ်။ ပဋိပက္ခတစ်ခုတည်းက ရုန်းမထွက်နိုင်တော့တာမျိုးဖြစ်မယ်။ ဒါတွေက RSတစ်ခုကိုတော်တော်ဒုက္ခပေးတယ်။
ရိုးအီလာခြင်း
ဒါကတော့ RSတော်တော်များများ ဖြစ်နေကျကိစ္စပါ။ အချိန်တွေကြာတော့လည်း အချစ်တွေဟောင်းသွားတတ်တာမျိုး အထိအတွေ့တွေ ရိုးသွားတတ်တာမျိုးပေါ့လေ။ ဒီတော့ဘာလုပ်ရမလဲဆိုတော့ အချစိကို မွေးမြူပါ။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖန်တီးပေးပါ။ ချစ်သူအဟောင်းကိုပဲ နှလုံးသားအသစ်ကြီးနဲ့ ချစ်ကြည့်ဖို့ကြိုးစားကြည့်ပါ။
နောက်တစ်ယောက်ရှိနေခြင်း
ဒီပြဿနာက တချို့စုံတွဲတွေ ကြုံဖူးပါလိမ့်မယ်။ ကိုယ့်မှာနောက်ထပ် တစ်ယောက်ယောက် အဆင်သင့်ရှိနေတာ ရွေးချယ်စရာရှိနေတဲ့အခါ အချစ်က အပြစ်တွေဖြစ်လာတတ်ပါတယ်၊ ဒီတော့ ဒီလိုအခြေအနေမှာ ကိုယ့်ဘက်ကို ပြန်ဆွယ်တတ်ရပါတယ်။ လူမပြောနဲ့တိရစ္ဆာန်လေးတွေတောင် လက်သာရာလိုက်တတ်ကြသေးတယ်မဟုတ်လား? ကဲဒီတော့ Lifestyle Myanmarပရိတ်သတ်ကြီးလည်း ချစ်ရသူတွေနဲ့ ငြင်းခုံရန်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေ သိလောက်ပီထင်ပါတယ်။ ဖြစ်နိုင်ရင် ဒါတွေအတွက်အကြံပေးထားတာတွေကိုလည်း လိုက်လုပ်ကြည့်ဖို့တောင်းဆိုချင်ပါတယ်။
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity