အိပ်ယာပေါ်မှာ ကျေနပ်မှုလိုချင်တယ်ဆိုရင် အတွေးအခေါ်ကို အရင်ပြောင်းပါ
mizzimaburmese.com
|
2020-06-22

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Zon Aung



ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းမြောက်များစွာက

လိင်ကိစ္စ ကို ရိုးရိုးရှင်းရှင်းတွေးတတ်ကြပါတယ်။ တည့်တိုးတွေးတယ် ဆိုရမလားပဲ။

ထိတွေ့မယ်၊ ဆက်ဆံမယ်။ ပြီးမြောက်မယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လို ဆန်းပြားစွာ ပြုမူကြတယ်ဆိုဆို သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြီးမြောက်ဖို့ပါပဲ။ ပြီးမြောက်သွားရင် ပင်ပန်းနွမ်းနယ်စွာနဲ့ အနားယူကြမယ်။ ဒါက လိင်ကိစ္စရဲ့ အဓိက ရည်မှန်းချက်လား။

လိင်မှုဆိုင်ရာသဘောသဘာဝမှာ ဒီနည်းလမ်းက သင့်ကို ပြဿနာတွေ အများကြီးဖန်တီးနိုင်တယ်လို့ ဆိုထားပါတယ်။ Psychologist တွေနဲ့ Sex Therapist တွေရဲ့ အဆိုအရ လူတွေ လိင်ကို စွဲလမ်းတိမ်းညွတ်ကြ၊ ဆက်ဆံကြတာဟာ ပြီးမြောက်မှုအတွက်မဟုတ်ပါဘူး။ တကယ့် စိတ်ကျေနပ်မှုကို ရှာဖွေဖို့ပါတဲ့။

ဒီလိုမဟုတ်ပဲ တစ်ဦးချင်းပြီးမြောက်မှုကိုသာ ဦးတည်နေမယ်ဆိုရင် လူတွေအမှန်တကယ်လိုချင်တဲ့ အကြောင်းတရားနဲ့ ကင်းကွာနေလိမ့်မယ်လို့ ဆိုပါတယ်။

နီးနီးလေးနဲ့ ဝေး

တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ခိုင်မြဲဖို့ဆိုရင် ကျေနပ်ပျော်ရွှင်မှု (

Pleasure ) ကသာ အဓိကဖြစ်ပြီးတော့ ပြီးမြောက်မှု (

Orgasm ) ဟာ ပဓာနမဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဒါပေမယ့် လူတစ်ချို့က သူတို့ ဘာကိုအလိုရှိလို့ လိင်ဆက်ဆံနေတယ်ဆိုတာကိုတောင်မှ သိနားလည်ကြခြင်း မရှိကြပါဘူး။ ပြီးမြောက်ရုံပြုမူပြီးနောက်မှာ ဘာစိတ်ကျေနပ်မှုမှ ခိုင်ခိုင်မာမာမရလိုက်တာမျိုးနဲ့ အဆုံးသတ်သွားတတ်ပါတယ်။ ရေရှည်မှာ လက်တွဲဖော်နဲ့ တွယ်ငြိနေစေမယ့် အကြောင်းတရားဘာမှ မကျန်ခဲ့တော့ပါဘူး။


ဒီသံသရာစက်ဝန်းထဲမှာပဲ လည်ပတ်နေရင်း တစ်ယောက်နဲ့ တစ်ယောက် စိတ်ကုန်လာကြပြီး ပိုပြီးဝေးကွာသွားတတ်တယ်လို့

Sex Therapist တစ်ဦးဖြစ်တဲ့ ဂျိုအန် လူလန်က သတိပေးပါတယ်။ ပြောချင်တာက လိင်ကိစ္စဆိုတာ ထိုးသွင်းဆက်ဆံ၊ ပြီးမြောက်ရုံကိစ္စတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။

ပွင့်လင်းမြင်သာပါ


ပွင့်လင်းမှုဟာ လိင်မှုကိစ္စမှာ အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးအများစုဟာ ရှက်စိတ်ကြောင့် ပွင့်လင်းဖို့ ခက်ခဲတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အ အပြည့်အဝပေါင်းစပ်ဖို့အတွက်ဆိုရင် ပွင့်လင်းပြီး လိုအပ်ချက်ကို ချပြနိုင်ဖို့က သိပ်ကို အရေးပါပါတယ်။


တစ်ယောက်ရဲ့ စိတ်ဆန္ဒကို တစ်ယောက် အပြန်အလှန် သိနားလည်ပေးနိုင်ခြင်းက

ပြီးမြောက်ခြင်း ထက်ပိုပြီး တန်ဖိုးကြီးတဲ့အရာပါ။ ပြီးမြောက်ခြင်းက စက္ကန့်ပိုင်းစာ ကိစ္စရပ်ဖြစ်ပြီးတော့ နားလည်မှုက အချိန်ကာလတာရှည် ကျန်ရှိနေမယ့် အကြောင်းတရားဆိုတာ မမေ့ပါနဲ့။

ဒီလိုနီးစပ်မှုမျိုးသာရှိနေမယ်ဆိုရင် ဆက်ဆံဖော်စိတ်ကျေနပ်စေဖို့ ဟန်ဆောင်ပြီး အော်ငြီးပြနေတာတွေ၊ ဟန်ဆောင် ပြီးမြောက်ပြနေစရာတွေ မလိုတော့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တစ်သားတည်းဖြစ်သွားကြမှာပါ။ တကယ့် ကျေနပ်ပျော်ရွှင်မှုအစစ်အမှန်ကို ပိုင်ဆိုင်ရမှာပါ။

အောက်ပါအချက်တွေကိုလည်း မမေ့ပါနဲ့


နောက်ထပ်အရေးပါတဲ့ အချက်တွေကိုလည်း မျှဝေချင်ပါသေးတယ်။ ဒါတွေကတော့
ကိုယ့်ရဲ့ ဆန္ဒကို ထုတ်ပြောပါ
ဆက်ဆံဖော်ကို ယုံကြည်မှုရှိလာအောင် ဆွဲဆောင်ပါ
ပင်ကိုယ် အနေအထား သဘာဝအတိုင်းပဲ သွားပါ ကိစ္စတွေ မစတင်ခင်

နမ်းရှုပ်ပါ
အချိန်ယူပါ၊ လက်တွဲဖော်နဲ့ ပိုမိုနီးစပ်လာတဲ့အထိပေါ့၊
ပွင့်လင်းတဲ့ အသုံးအနှုန်းတွေ သုံးပါ
အရည်အသွေးကို အဓိကထားပါ၊ အရည်အတွက်က ပြဿနာမဟုတ်ပါဘူး
အပြန်အလှန်မျှဝေခံစားပါ။
ဒီအချက်တွေဟာလည်း စိတ်ကျေနပ်ဖွယ် လိင်မှုကိစ္စမှာ မဖြစ်မနေလိုအပ်တဲ့ အရာတွေပဲဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ အပြန်အလှန်ကျေနပ်နားလည်မှုလိုချင်တယ်ဆိုရင် ကိုယ့်ရဲ့ တွေးခေါ်ပုံကို ပြောင်းလိုက်ပါ။ ပြီးမြောက်မှုတစ်ခုတည်းက အဓိကအချက်မဟုတ်ဘူးဆိုတာကို သဘောပေါက်ထားပါ။ ဒါက အရေးအကြီးဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

#အကြောင်းတရား
#အပြန်အလှန်
#ပျော်ရွှင်မှု
#ဆေးပညာ
#နားလည်မှု

Some text some message..