ကိုယ့်ကိုသတ်သေခြင်း(Suicide) လုပ်ခြင်းဆိုတာ တစ်ကယ့်ကို ကြောက်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်လာနေပါတယ်။ မိမိကိုယ်ကိုသတ်သေခြင်း (Suicide)လုပ်ခြင်းဆိုတာ များသောအားဖြင့် ဘဝရဲ့အခက်အခဲတွေ မကျော်လွှားနိုင်တော့ဘူး၊ သူတို့ဟာ မျှော်လင့်ချက်ကင်းမဲ့ပြီး အရာအားလုံးဆုံးရှုံးသွားရသလိုခံစားနေရတယ်။
ဒီကမ္ဘာမှာ သူတို့ကိုစာနာနားလည်ပေးနိုင်သူမရှိတော့ဘူးဆိုတဲ့ဖီလင်နဲ့ ခံနိုင်ရည်အားလုံးလဲပြိုသွားချိန်မျိုးတွေမှာ နာကျင်မှုအားလုံးနဲ့ဖိအားတွေဆီကနေ တစ်ခုတည်းသောလွတ်မြောက်ရာ တစ်ခုတည်းသောသက်သေအဖြစ် ရှုမြင်လေ့ရှိကြပါတယ်။
နာကျင်မှုဝေဒနာတွေကို ဟန်ဆောင်မှုအပြုံးတွေနဲ့ သူတို့ဖုံးကွယ်ထားရင်တောင် ခုအောက်မှာပြောပြမယ့်အကြောင်းအရာတွေက ကိုယ့်ကိုကိုယ်သေကြောင် းကြံနိုင်ခြေရှိတဲ့ သတိပေးဆိုင်းဘုတ်တွေဆိုတာသင်နားလည်ပါလိမ့်မယ်။ ကဲဒီတော့ Suicideလုပ်ချင်နေတဲ့၊ လူတစ်ယောက်ဆိုတာကို သိနိုင်တဲ့ သတိ ပေးချက်တွေကို အောက်မှာဖတ်ကြည့်လိုက်ရအောင်
ဘယ်လိုလူတွေက Suicideလုပ်တတ်ကြလဲ
မိသားစုထဲမှာSuicideလုပ်ဖူးတဲ့ သတ်သေဖူးတဲ့သမိုင်းကြောင်းရှိတဲ့သူတွေဟာ Suicideလုပ်နိုင်ချေများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Suicideလုပ်သွားတာဟာ သူတို့အတွက်ပိုမိုလွယ်ကူပြီး ကျိုးကြောင်းဆီလျော်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်နေလို့ပါပဲ။
နောက်မူးယစ်ဆေးဝါးနဲ့ နာကျင်မှု ဆူးပေါင်း ထောင်သောင်းမကလောက်အောင် စိုက်နေတဲ့ “စိတ်ဒဏ်ရာတွေ”ကြောင့်လည်းSuicideလုပ်ခြင်းဆီဦးတည်စေနိုင်ပါတယ်။
Sucideလုပ်တတ်သူတွေရဲ့ နောက်ခံအကြောင်းတရားအချို့
သူတို့အရမ်းချစ်ရတဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ သေကွဲ ရှင်ကွဲကွဲရခြင်းကိုခံစားရတဲ့အခါမှာ ပထမသူတို့ကျိတ်မှိတ်ခံစားမယ်။ လူမသိအောင်လဲပြိုမယ်။ နောက်ဆုံး သူတို့ဘယ်လိုမှမေ့ဖျောက်လို့မရတော့ဘူးဆို နာကျင်မှုအားလုံးရဲ့ လွတ်မြောက်ရာ၊ မျှော်လင့်ချက်တွေ မရှိတော့တဲ့နေရာတစ်ခုအဖြစ် Suicide ဆိုတဲ့နေရာလေးကို သူတို့ရွေးချယ်တတ်ပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ တချို့လူတွေ စိတ်နဲ့တောင်မှန်းလို့မရတဲ့ ဘဝဖြစ်ရပ်တွေကိုတစ်ခုပြီးတစ်ခု တွေ့ကြုံခံစားရတဲ့အခါမှာလည်း Suicideလုပ်နိုင်ချေတွေရှိတတ်ပါတယ်။
ငယ်ငယ်ကလေးဘဝက စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရတဲ့ကလေးတွေ (မတရားဆက်ဆံခံရတဲ၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားခံရမှုတွေ) မှာလည်း Suicide ပြဿနာဖြစ်လာနိုင်ပါတယ်။
ဒီပြဿနာတွေက ဘာမှမဟုတ်ဘူး ထင်ရပေမယ့် စိတ်ပင်ပန်းလာတယ်၊ စိတ်ဆင်းရဲလာတယ်၊ မျှော်လင့်ချက်ကင်းမဲ့လာတယ်။ စကားတွေနည်းလာတယ်။ စကားတစ်ခွန်းမှမပြောတော့ဘူး။ သူ့ကိုသူနဲ့ဘယ်သူ့ကိုမှ နာကျင်မှုတွေမပေးတော့ဘူး။
သူတို့ကိုအားပေးစကားလေးတစ်ခွန်း နဲ့တောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုလေးတောင် မရတော့တဲ့အခါမျိုးတွေမှာ စိတ်ဓါတ်တွေကျလာမယ်၊ တိတ်တိတ်လေးပြိုလဲတတ်လာမယ်၊ ကောင်းကင်ကြီးတစ်ခုလုံး သူ့အပေါ် ပိကျလာသလိုမျိုး၊ လူတွေအတွက် သူဟာအပိုလူ၊ အသုံးမဝင်တဲ့သူ၊ ချစ်ခြင်းမေတ္တာတရားဆိုတာ တစ်စက်ကလေးမှတောင် သူ့အတွက်မရှိပါဘူးလို့ ခံစားလာရတဲ့အခါ သူလွတ်မြောက်ရာကို သူရှာဖွေသွားတတ်ပါတယ်။
နောက်ဒီလိုအဆင်မပြေမှုတွေ၊ ရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပြတ်သတ်သွားလောက်အောင်နာကျင်မှုတွေ၊ ဒဏ်ရာပရဗွနဲ့ငါးတစ်ကောင်ကို ကုန်းပေါ ပက်တင်ခံရသလိုခံစားမှု၊ ရှုရိုက်နေရတဲ့လေထုမှာ အဆိပ်တွေနဲ့ပြည့်နေတဲ့ ဘဝကို သူစိတ်နာလာတဲ့အခါ ဆေးလိပ်သောက်တာ၊ အရက်သောက်တာကစပြီး မူးယစ်ဆေးသုံးစွဲတာမျိုးတွေထိဖြစ် လာပါတယ်။
တချို့တွေကျတော့ အပျော်တမ်းကနေ အပျက်တမ်းအရက်စွဲတာ မူးယစ်ဆေးစွဲတာမျိုးတွေဖြစ်လာပြီး ဒီကတစ်ဆင့် စိတ်ကျရောဂါဝေဒနာဆီ ဦးတည်သွားပြီးနောက်ဆုံးမှာSucideလုပ်ပစ်လိုက်တော့တာပါပဲ။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ခုလိုအခြေ အနေတွေကို တွေ့ရင် သူတို့ကိုသတိထားဖို့လိုပါတယ်။
ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို အခြေအနေတွေနဲ့လူတွေရှိနေရင် သူတို့ကို အတတ်နိုင်ဆုံးအားပေးပါ။ ဖြစ်နိုင်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသဖို့ထိ ကူညီပေးပါ။ သူ့မိသားစုဝင်တွေကို သိအောင်ပြောပေးပါ။ ဒီSuicideပြဿနာဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေပါပြီ.ခုပြောထားတာက Suicide လုပ်ခြင်းဆီကို ဦးတည်သွားနိုင်တဲ့ အ ကြောင်းရင်း အခြေခံအချက်အလက် တချို့ပဲဖြစ်ပါတယ်။ စာကအရမ်းရှည်နေပြီမို့ နောက်များမှ Suicide Warning Signsတွေနဲ့ပက်သက်တဲ့ အပြုအမူတွေ အကြောင်းရေးပေးပါဦးမယ်ခင်ဗျာ..
#Lifestyle_Myanmar
#Mg_Htet
REF_The Mind Journal