သင်ဟာ ချစ်သူရလာပြီး ရင်းနှီးတာ သိပ်မကြာသေးခင်မှာပဲ အိမ်ထောင်ရေးနှင့် ကလေးအကြောင်းတွေ ပြောနေတာလား? ဒါမှမဟုတ် ငွေကြေးအကျိုးအမြတ်တွေနဲ့ plans တွေကို မျှဝေနေမယ်ဆိုရင် ခေတ္တရပ်တန့်ပြီး ငါအရမ်းမြန်လွန်းနေသလား?လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
ချစ်သူရလာတဲ့အခါ သင့်လက်တွဲဖော်အပေါ် ထားရှိတဲ့ သင့်ခံစားတွေဟာ သင့်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကို လွှမ်းမိုးသွားနိုင်ပါတယ်။ ဒါက အချစ်ရေးမှာ ယုတ္တိရှိတဲ့ အဆင့်တွေမတတ်ခြင်းကို တားဆီးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ Lifestyle Myanmar စာဖတ်သူတွေအတွက် အချစ်ရေးက အရမ်းမြန်မြန်ရွေ့လျားနေပြီး တဖြည်းဖြည်းသွားဖို့ လိုအပ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာအနည်းငယ်ကို မျှဝေပေးလိုပါတယ်။
၁။ သင်ဟာ သူငယ်ချင်းတွေကို လျစ်လျူရှုထားတယ်
သင်ဟာ သူငယ်ချင်းတွေနဲ့ အထူးနှောင်ကြိုးကို မျှဝေနိုင်သော်လည်း ချစ်သူရလာပြီဆိုရင် သူငယ်ချင်းတွေကို( ရည်ရွယ်ချက်ရှိရှိ (သို့) မရည်ရွယ်ဘဲ) လျစ်လျူရှုမိတတ်ကြပါတယ်။ သင်ချစ်ရသူကိုသာ ဦးစားပေးပြီး သူတို့နှင့်အတူ အချိန်ပိုဖြုန်းမိနိုင်ပါတယ်။ ဒါက သင့်ရဲ့အချစ်ရေးကို အပြေးအလွှားသွားနေတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
၂။ မကြာခင်ကမှ လမ်းခွဲထားတာ
သင်ဟာ မကြာသေးခင်ကမှ တစ်စုံတစ်ယောက်နဲ့ လမ်းခွဲထားသော်လည်း နောက်တစ်ယောက်နဲ့ တွဲဖို့ကြိုးစားနေပြီဆိုရင် သင်ဟာ Relationship တစ်ခုသို့ အပြေးအလွှားသွားနေတာဖြစ်ပါတယ်။ relationship တစ်ခုမှ တစ်ခုသို့ ကွာဟမှုမရှိဘဲ ပြောင်းရွှေ့ခြင်းဟာ လူအများစု ခွဲခြားသတ်မှတ်ဖို့ ပျက်ကွက်တဲ့ ပုံစံဖြစ်နိုင်ပါတယ်။ လူအများစုက တစ်ယောက်ယောက်နဲ့ လမ်းခွဲပြီးချိန်မှာ အထီးကျန်သလို ဖြစ်လာတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်နှလုံးကို ထောက်ပံ့ပေးမယ့်သူအား မျှော်လင့်တတ်ကြတယ်။ ထိုအချိန်က သင့်မှာ ခုခံနိုင်စွမ်းမရှိတဲ့ အချိန်ဖြစ်ပြီး သင့်ကို စာနာနားလည်ပေးမယ့်သူနှင့် မြန်မြန်ဆက်နွယ်ချင်တဲ့အချိန်ဖြစ်ပါတယ်။ လမ်းခွဲပြီးနောက် မကြာခင်မှာပဲ အချစ်သစ်ရှာနေပြီဆိုရင် သင်ဟာ မြန်မြန်ရွေ့လျားနေတာ ဖြစ်နိုင်ပါတယ်။
၃။ အရေးကြီးတဲ့ ပြောဆိုမှုတွေကို သင်တို့နှစ်ယောက်စလုံး ရှောင်ကြည်တာ
တစ်ယောက်နဲ့ တစ်ယောက်ချစ်မြတ်နိုးပါက အိမ်ထောင်ရေး၊ အတိတ်၊ မိသားစု(သို့) သူငယ်ချင်း၊ ငွေရေးကြေးရေး၊ အလုပ် (သို့) တန်ဖိုးနှင့် ယုံကြည်မှုကဲ့သို့သော အရေးကြီးကိစ္စအချို့ကို ဆွေးနွေးပါလိမ့်မယ်။ သို့သော် ထိုသို့သော ဆွေးနွေးမှုတွေက သင်လက်ရှိရထားတဲ့ ချစ်စရာကောင်းသော Rs ကိုပျက်စီးစေနိုင်တယ်လို့ ထင်နေရင် သင့်အချစ်ရေးမှာ မသေချာမှုအချို့ရှိနေပါတယ်။ တကယ်လို့ သင်ဟာ Rs ကိုရှေ့ဆက်သွားချင်ဆဲဆိုရင် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေချပါ။
၄။ သင့်လက်တွဲဖော်အကြောင်း အများကြီးမသိတာ
သင်ဟာ ထိုသူအကြောင်းကို အကုန်မသိရသော်လည်း ထိုသူကို သဘောကျတယ်၊ ပြီးတော့ သူတို့နဲ့အတူ သင့်ဘဝကို အချိန်ကုန်ရတာ ကျေနပ်ပျော်ရွှင်လိမ့်မယ်လို့ ခံစားရတယ်။ ဥပမာ- သင်ဟာ သူတို့ရဲ့အလုပ်နှင့်ပတ်သတ်ပြီး ဘာမှမသိဘူး၊ သူတို့မိသားစုဝင်အကြောင်းလည်း သိပ်မသိဘူး။ သူ့ရဲ့ဘဝပုံစံနှင့်ပတ်သတ်ပြီး သိပ်မသိဘူး။ တကယ်လို့ ဒီလိုမျိုးဖြစ်လာခဲ့ရင် အနာဂတ်ကို မစဉ်းစားခင် (သို့) ဆုံးဖြတ်ချက်မချခင်မှာ တဖြည်းဖြည်းချင်း သွားသင့်ပြီး တစ်ယောက်အကြောင်း တစ်ယောက်ပိုသိဖို့ လေ့လာသင့်ပါတယ်။
၅။ တစ်ယောက်နဲ့တစ်ယောက် အကျွမ်းတဝင်မရှိသေးဘဲ အတူနေဖို့ ဆုံးဖြတ်တာ
ချစ်သူနှစ်ယောက် အတူတူနေထိုင်ခြင်းက သင့်အားကုန်ကျစရိတ်သက်သာခြင်း၊ စီးပွားရေးပေါင်းစည်းနိုင်ခြင်း၊ လိုအပ်လာရင် အချင်းချင်းကူညီနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများပေးပါလိမ့်မယ်။ ထိုသို့သော အပြုသဘောဆောင်တဲ့ အတွေးတွေကြားမှာ သင်ဟာ ဆိုးကျိုးတွေကို မေ့ပျောက်ပစ်နိုင်ပါတယ်။ (သို့)လျစ်လျူရှုပြီး အဲဒီအတွက် အဆင်သင့်မဖြစ်သေးခင်မှာ ရှေ့ဆက်သွားနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့တာ မကြာသေးဘဲ၊ တစ်ယောက်အကြောင်းတစ်ယောက် အကုန်မသိသေးဘဲ အတူတူလိုက်နေဖို့ ဆုံးဖြတ်ချက်ချတာက မကောင်းသော အကြံတစ်ခု ဖြစ်နိုင်ပါတယ်။ လူနေမှုအဆင့်အတန်းမပြောင်းခင်မှာ တစ်ယောက်နဲ့တစ်ယောက် အကျွမ်းတဝင်ရှိတဲ့အထိ စောင့်နေခြင်းက ပိုကောင်းပါတယ်။
၆။ သင့်မှာ ဘာရန်ပွဲမှ မရှိခဲ့ဘူး
ရန်ပွဲတွေ၊ အငြင်းပွားမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေက Rsတစ်ခုရဲ့ ရှောင်လွှဲမရသော အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် ရန်ပွဲကာလအတွင်းနှင့် ရန်ဖြစ်ပြီးနောက်မှာ သင့်လက်တွဲဖော်အကြောင်း အများကြီး သိကျွမ်းရပါလိမ့်မယ်။ သင့်အချစ်ရေးမှာ ထိုကဲ့သို့သော ပဋိပက္ခတွေ မရှိခဲ့ပါက လေးနက်တဲ့ ဘယ်ဆုံးဖြတ်ချက်တွေဖြစ်ဖြစ် မချခင်မှာ သင်သွားရမယ့် လမ်းကြောင်းတွေများစွာ ရှိနေဆဲပါ။ Rs ရဲ့ကနဦးအဆင့်မှာ အရာရာတိုင်းက အားတတ်စဖွယ် ရှိပုံရပေမယ့် သင်ဟာ သင့်လက်တွဲဖော်ရဲ့ ချိုမြိန်ပြီး မေတ္တာရှိတဲ့ ဘက်ကိုသာ တွေ့မြင်ရနိုင်တာ ဖြစ်ပါတယ်။
သူတို့ ဒေါသထွက်တဲ့အခါ၊ တစ်ခုခုကို ငြင်းဆန်တဲ့အခါ (သို့) ပဋိပက္ခဖြစ်တဲ့အခါ သူတို့ဘယ်လိုနေမလဲဆိုတာ သင်သိသလား? တကယ်လို့ သင်ဟာ လူတစ်ယောက်အကြောင်းကို မသိဘဲ ဘဝနှင့်ပတ်သတ်တဲ့ ကြီးမားသော ဆုံးဖြတ်ချက်တွေကို ချနေရင် သင့်အချစ်ဘဝက မြန်မြန်ရွေ့လျားနေတယ်လို့ ဆိုလိုနိုင်ပါတယ်။
၇။ လိင်ပိုင်းဆိုင်ရာဘဝ အရမ်းခိုင်မာလွန်းတာ
ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုက ကောင်းသော်လည်း သင့်ရဲ့အတွေးဖြစ်စဉ်ကို မှုန်ဝါးစေနိုင်ပါတယ်။ sex ကသင်နှင့်သင့်လက်တွဲဖော်ကို connect လုပ်ထားဖို့ တစ်ခုတည်းသော (သို့) သိသာသော ရှုထောင့် ဖြစ်နေရင် သင့်မှာ balance ဖြစ်တဲ့ အချစ်ရေးမရှိပါဘူး။ စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်စရာကောင်းတဲ့အဆင့်က ခေတ္တယာယီမျှသာ ဖြစ်နိုင်ပြီး နောက်မှ သင့်လက်တွဲဖော်နှင့်ပတ်သတ်ပြီး သင်မနှစ်သက်သော အခြားအရာတွေကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။
sexual chemistry ကြောင့် အချစ်ဖြစ်တယ်လို့ထင်ရင် သင်ဟာ အချစ်ရေးကို အပြေးအလွှားသွားနေတာ ဖြစ်ပါတယ်။ အချစ်ရေးနှင့် ပတ်သတ်ပြီး အရမ်းမလေးနက်ခင်မှာ သင့်လက်တွဲဖော်နဲ့ ဘယ်နေရာတွေမှာ သဟဇာတဖြစ်တာ ရှိ/မရှိလေ့လာဖို့ ကြိုးစားပါ။
၈။ ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်တာ
အချစ်သစ်တစ်ခုကို စတင်တဲ့အခါ သင့်ဘဝက ဇောက်ထိုးမိုးမျှော်ဖြစ်နိုင်ပါတယ်။ သင်နှစ်သက်တဲ့ ဇာတ်လမ်းတွဲတွေကြည့်ရှု့ဖို့ (သို့) သင်ကြိုက်နှစ်သက်တဲ့အခြားလုပ်ဆောင်မှုတွေ လုပ်ဖို့ အချိန်မရှိတော့ပါဘူး။ သင့်အလုပ်နဲ့ အချစ်ဇာတ်လမ်းအကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်ပြီး ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်တော့ပါဘူး။ သင်ဟာ အရေးကြီးတဲ့အရာတွေအတွက် အချိန်အဟန့်အတားဖြစ်ခြင်း(သို့) မွန်းကျပ်ခြင်းကို ခံစားရတဲ့အခါ သိပ်မကြာခင်က အချစ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု များလွန်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၉။ သင့်မှာ သင့်လျော်တဲ့အချိန်ဇယားမရှိတာ
Relationship ကောင်းတစ်ခုမှာ လက်တွဲဖော်တွေဟာ သူတို့ရဲ့အနာဂတ်ကို ယုတ္တိနည်းကျကျ စီစဉ်တတ်ကြပါတယ်။ ဥပမာအားဖြင့် သူတို့ဟာ ဘာကတိကဝတ်မှ မပြုခင် အချင်းချင်း အချိန်ပိုပေးလိုကြပါတယ်။ ကတိကဝတ်ပြုပြီးနောက်မှာတော့ မိသားစု၊ သူငယ်ချင်းတွေနှင့် တွေ့ဆုံခြင်း၊ ဝင်ထွက်ခြင်း၊ စေ့စပ်ခြင်း(သို့) လက်ထပ်ခြင်းနှင့်ပတ်သတ်ပြီး စဉ်းစားပါလိမ့်မယ်။
သင့်အချစ်ရေးမှာ သတ်မှတ်ထားတဲ့ အချိန်ကာလများမရှိရင် သင်ဟာ သိသိသာသာ အပြောင်းအလဲတွေဖြစ်ဖို့ အလျင်စလို ဖြစ်နေတာပါ။ အချစ်ရေးနှင့်ပတ်သတ်ပြီး အလေးအနက်ဖြစ်ဖို့ အချိန်ကြာကြာယူလေ တစ်ယောက်နဲ့တစ်ယောက် ပိုသိကျွမ်းလေဖြစ်ပါတယ်။
သင်ဟာ အချိန်တိုအတွင်း ချစ်မိသွားနိုင်သော်လည်း တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက် ရက်သတ္တပတ်အနည်းငယ် (သို့) လအနည်းငယ်အတွင်းမှာ လေးနက်တဲ့ ဘဝဆုံးဖြတ်ချက်တွေကို မချသင့်ပါ။ ကျန်းမာပြီး ရိုမန့်တစ်ဖြစ်တဲ့ အချစ်ရေးက ပုံမှန်အရှိန်အဟုန်ဖြင့်သာ ရွေ့လျားသင့်ပါတယ်။ အရာရာကို သူ့အဆင့်နဲ့သူ တဖြည်းဖြည်းသွားခြင်းက သင့်အချစ်ရေးကို မျှတအောင် ကူညီနိုင်ပါတယ်။ သင်နဲ့ သင့်လက်တွဲဖော်ဟာ အရာရာကို ပေါ့ပေါ့တန်တန်ထားဖို့၊ ပျော်ဖို့နှင့် ရှင်သန်ဖို့ အချိန်ပေးရန် လိုကောင်းလိုပါလိမ့်မယ်။ ဒါက သင့်အချစ်ရေးမှာ တိုးတတ်ဖို့ နှင့် ရေရှည်တည်မြဲဖို့ သင့်လျော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-momjunction