သံသရာကိုယုံလား? ဒီမေးခွန်းကစမေးပြီး ဒီအကြောင်းလေးရေးဖို့ဆိုပါတော့။ သံသရာကိုယုံရင် ဘဝအဆက်ဆက်ဖြစ်တည်မှုတွေကိုလည်း ကျွန်တော်တို့လက်ခံရပါလိမ့်မယ်။ ဒီလိုလက်ခံပြီဆိုရင်တော့ အတိတ်ဘဝကကံကြမ္မာတွေပေါ်မူတည်ပြီး တွေ့ဆုံကြတဲ့ relationship တွေအကြောင်းပြောချင်ပါတယ်။ အတိတ်ဘဝကကံကြမ္မာတွေပေါ်မူတည်ပြီး တွေ့ဆုံကြတဲ့ relationshipကို ၃မျိုးလောက်ခွဲလို့ရပါတယ်တဲ့။ ဒါတွေက တော့ Karmic mates, companion mates(soul mates), twin flame ဆိုပြီးပဲဖြစ်ပါတယ်။ ကဲ..သူတို့ကဘာတွေလဲဆိုတာ Lifestyle Myanmarပရိတ်သတ်ကြီးရေ အောက်မှာဆက်ဖတ်ကြည့်လိုက်ရအောင်..
Karmic mates
Karmic Relation.. ကံကြမ္မာကြောင့် ပြန်လည်ဆုံတွေ့ရတဲ့ RSဆိုပါတော့။ Karmic Soulmate နဲ့ဆုံရခြင်းက ဘာသာတရားဘက်က ပြောရရင် သင်ခန်းစာသင်ယူရဖို့၊ ဝဋ်ကြွေးခံရဖို့လို့ပြောနိုင်ပါတယ်။ ။
Karmic matesတွေမှာ စိတ်ချမ်းသာစေချင်သူရှိသလို စိတ်ဆင်းရဲစေသူလည်းရှိနိုင်ပါတယ်။ Karmic Relationshipကတကယ်တော့ အတ္တဗဟိုပြုဆက်ဆဆံရေးပါပဲ။ နဲနဲလေးကအစချုပ်ကိုင်ထားတယ်။ တစ်ချိန်လုံး တွယ်ကပ်ချင်နေတယ် ပြင်းပြင်းထန်ထန်စွဲလမ်းတယ် လူကြားမကောင်းလောက်အောင်အူတိုမယ်။
Karmic Matesကိုတွေ့ဆုံခဲ့ရသူတွေဟာ များသောအားဖြင့် ဒဏ်ရာတွေ ဗရပွရတတ်တာကြောင့် Karmic Relationတွေမှာ အချစ်ကို မယုံရဲတော့တာ၊ ထပ်မချစ်ရဲတော့တာ၊ ချစ်ဖစ်ခဲ့လည်း အပေါ်ယံ၊ ဘယ်တော့မှရင်ဘတ်ကြီးနဲ့ရင်းပီး မချစ်တတ်တော့တာဖြစ်တတ်ပါတယ်။ ငို ၁၀ ခါ ရယ်တစ်လှည့် ကြောက်စရာကောင်းလောက်တဲ့အချစ်မျိုးပေါ့။
ခုပဲအရမ်းပျော်အရမ်းချစ် ခနနေ ဝမ်းနည်း စိတ်တွေဆိုး။ ပြတ်လည်းမပြတ်နိုင်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲ့နဲ့။ ပြတ်တော့လည်း ရင်ထဲမှာ တနင့်နင့်။ အရူးမီးဝိုင်းသလိုပေါ့။ ဒီတော့နောက်ကျမှ Karmic Soulmate (ကာမစ် ဆိုးမိတ်)အကြောင်း အကျယ်ချဲ့ရေးပါဦးမယ် ။ဒီတော့ပြန်စဉ်းစားကြည့်ပေါ့။ ကိုယ်တွေ့ခဲ့တာ ဝဋ္ဋ်ကြွေးတွေဆပ်ဖို့လားဆိုတာ။
Companion mates
Companion matesတွေကိုတော့ soulmate လို့လည်းခေါ်ဆိုကြပြီး ပြောရရင် ကိုယ်နှင့် ရင်ဘတ်ချင်းတူတဲ့သူတွေ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ နားလည်နိုင်စွမ်းအလွန်တရာမြင့်မားတဲ့သူတွေပဲဖြစ်ပါတယ်။
ပြောရရင် စိတ်တူကိုယ်တူချစ်သူတွေလို့တောင်ဆိုနိုင်တယ်။ soulmate တွေတစ်ယောက်ထက်မကရှိနိုင်တယ်။ သူတို့က ကျွန်တော်တို့ဘဝထဲကို သူငယ်ချင်းလို မြင်မြင်ချင်း ရင်းနှီးသွားစေလောက်တဲ့ သူစိမ်းလို ချစ်သူလို ဝင်ရောက်လာတတ်တယ်။
soul matesတစ်ယောက်ရဲ့ရည်ရွယ်ချက်က ” သင့်ကိုလှုတ်ခတ်စေဖို့၊ အချိန်တိုအတွင်းမှာ မျက်ရည်တွေနဲ့ကွဲကွာစေဖို့၊ အတားအဆီးတွေနဲ့စွဲလမ်းမှုကို ပြသဖို့၊ နှလုံးသားကိုခွဲပြီး အလင်းရောင်အသစ်တစ်ခုကို ဖွင့်လှစ်ပြသခဲ့သူ၊ ကွဲကွာခြင်းမှတ်တိုင်မှာ ထိန်းချုပ်မှုကင်းမဲ့လောက်အောင်ဖြစ်စေခဲ့သူ၊ မင်းဘဝကိုပြောင်းလဲပေးခဲ့သူ”လို့ပဲပြောရပါလိမ့်မယ်။ Soulmateကနေ ဘဝလက်တွဲဖော်(Life partener)ဖြစ်သွားတဲ့သူတွေလည်းအများကြီးပါပဲ။ ကွဲကွာသွားရသူတွေလည်းအများကြီးပါပဲ.
Twin flame..
Twin Flamesဆိုတာ two bodies but one soul.စိတ်ဝိညာဉ်တစ်ခုက ခန္ဓာနှစ်ခုထဲကိုခွဲဝင်နေခြင်းပါ သူကSoulmateနဲ့လည်းတူသယောင်နဲ့မတူပါဘူး။ “လူတစ်ယောက်အတွက် စိတ်တူကိုယ်တူ ချစ်သူ၊ ဝိညဉ်ဖက် လို့ဆိုကြတဲ့(Soulmate)တွေကိုအများကြီးတွေ့နိင်ပေမယ့် Twin flame ကတော့ တစ်ယောက်သာတွေ့နိုင်ပါလိမ့်မယ်။
တစ်ယောက်တည်းသောသူ။ ပျောက်ဆုံးနေသောကိုယ်တစ်ခြမ်းပါ။ Twin flameဟာ လိင်တူချင်းလည်းဖြစ်နိုင်သလို လိင်ကွဲချင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်က အဖိုသဘာဝရှိပြီး နောက်တစ်ယောက်က အမသဘာဝရှိကိုရှိနေပါလိမ့်မယ်။
ဆွဲငင်အားကောင်းလွန်းတဲ့အတွက် သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါ နက်နက်နဲနဲ ချစ်မြတ်နိုးခြင်းကို ကြုံရတတ်ပါတယ်။ ဘေးနားမှာရှိနေရုံနဲ့နွေးထွေးသွားတယ်။ စိတ်ရဲ့အဆုံးစွန်ဆုံးထိ ခံစားပစ်တယ်။ သူနဲ့မှ အရာအားလုံးပြည့်စုံတယ်။ ဘယ်လောက်ပဲတစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးနေပါစေ RSတစ်ခု ပြတ်သုဉ်းခဲ့ပြီးဖြစ်နေရင်တောင် တစ်စုံတစ်ခုကပြန်လည်နီးစပ်စေတယ်။
ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်ရောက် တစ်ယောက်သောသူဆီပြန်လာဖို့ပဲ မသိစိတ်က စေ့ဆော်နေတယ်။ ဒါပေမယ့် တသိမ့်သိမ့်တုန်ရင်ခုန်ပြီး ရူးလောက်အောင်ပျော်ရွှင်ရတဲ့အချိန်က ခနလေးပဲဖြစ်တတ်ပြီး သူတို့နှစ်ယောက်က ဘဝအဆက်ဆက် လုပ်လာခဲ့တဲ့ ကံကြမ္မာနဲ့ဝဋ်ကြွေးတွေကို ပေးဆပ်ပြီးနောက်မှသာ အတူပေါင်းစည်းနေထိုင်နိုင်တတ်ကြပါတယ်တဲ့။ကဲ ဒီတော့ ဒီနေ့ Lifestyle Myanmarက ပြောပြခဲ့တဲ့ အတိတ်ဘဝက ကံကြမ္မာတွေပေါ်မူတည်ပြီး တွေ့ဆုံခဲ့ကြတဲ့အချစ်မျိုးမှာ ဘယ်တစ်မျိုးနဲ့တွေ့ဖူးလဲ? ၂မျိးလား ?၃ မျိုးလုံးလား?
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity