Twin Flameနှစ်ဦး ချစ်သူတွေမဖြစ်ခင်နဲ့ ဖြစ်ပြီးနောက် ကြုံတွေ့ရမယ့် ထူးဆန်းတဲ့ ခံစားမှုများ
lifestylemyanmar.com
|
2020-06-24



Twin Flamesဆိုတာ two bodies but one soul.စိတ်ဝိညာဉ်တစ်ခုက ခန္ဓာနှစ်ခုထဲကိုခွဲဝင်နေခြင်းပါ သူကSoulmateနဲ့လည်းတူသယောင်နဲ့မတူပါဘူး။ “လူတစ်ယောက်အတွက် စိတ်တူကိုယ်တူ ချစ်သူ၊ ဝိညဉ်ဖက် လို့ဆိုကြတဲ့(Soulmate)တွေကိုအများကြီးတွေ့နိင်ပေမယ့် Twin flame ကတော့ တစ်ယောက်သာတွေ့နိုင်ပါလိမ့်မယ်။ တစ်ယောက်တည်းသောသူ။ ပျောက်ဆုံးနေသောကိုယ်တစ်ခြမ်းပါ။

Twin flameဟာ လိင်တူချင်းလည်းဖြစ်နိုင်သလို လိင်ကွဲချင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်က အဖိုသဘာဝရှိပြီး နောက်တစ်ယောက်က အမသဘာဝရှိကိုရှိနေပါလိမ့်မယ်။ ဆွဲငင်အားကောင်းလွန်းတဲ့အတွက် သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါ နက်နက်နဲနဲ ချစ်မြတ်နိုးခြင်းကို ကြုံရတတ်ပါတယ်တဲ့။ ကဲ.ဒီတော့ ဒီနေ့ Lifestyle Myanmarက Twin flameနှစ်ယောက်မတွေ့ဆုံခင်နဲ့တွေ့ဆုံပီးနောက် ထူးဆန်းတဲ့အဆင့်တွေကိုဘယ်လိုကြုံတွေ့နိုင်မလဲဆိုတာ ပြောပြချင်တာပါ။ အောက်မှာဖတ်ကြည့်လိုက်ရအောင်.


Twin Flameနှစ်ဦးချစ်သူမဖြစ်ခင်ကြုံတွေ့ရမယ့်ထူးဆန်းတဲ့အဆင့်များ




ပထမအဆင့်

ပထမအဆင့်မှာ ကိုယ့်အတွက်တွေ့ဆုံဖို့ ထူးထူးခြားခြားလူတစ်ယောက်ရှိနေတယ်လို့ခံစားနေရပါလိမ့်မယ်တဲ့။ အဲ့ဒီအချိန်မှာ နှစ်ယောက်လုံးဟာ ကံမကောင်းတဲ့အချစ်ရေးတွေကို ကြုံတွေ့ခံစားရပြီးသားဖြစ်နေနိုင်ပါတယ်။ ဆိုလိုတာက ရက်ရက်စက်စက်အသဲကွဲထားတာမျိုးပေါ့။

ဒုတိယအဆင့်

ဒုတိယအဆင့်အနေနဲ့ မမျှော်လင့်တဲ့အခြေအနေ မမျှော်လင့်တဲ့နေရာလေးတစ်ခုမှာ မမျှော်လင့်ပဲ တွေ့ဆုံတတ်ကြပါတယ်။ အဲ့ဒီလို တွေ့ဆုံတဲ့အချိန်မှာ သင့်နှလုံးသားမှာ တခါမှမခံစားခဲ့ရဖူးတဲ့ခံစားမှုတွေ ခံစားရလိမ့်မယ်။ နှလုံးသွေးတွေရပ်တန့်သွားသလိုခံစားရပြီး နွေးထွေးမှုကို ခံစားရလိမ့်မယ်။ နွေးခနဲဖြစ်သွားပြီး သူ့ကို စိတ်ထဲက မထုတ်နိုင်တော့ဘူး။

တတိယအဆင့်

မျက်လုံးချင်းဆုံမိခဲ့ကြရင် အတိတ်ဘဝက ရင်းရင်းနှီးနှီး ဆုံခဲ့ကြုံခဲ့ဖူးသလို နက်နက်နဲနဲ ခံစားနေရလိမ့်မယ်။ Eyes are the windows to the soul.မျက်လုံးများသည် စိတ်ဝိညဉ်ရဲ့ ပြတင်းတံခါးတွေပဲမို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နွယ်သလို ရင်းရင်းနှီးနှီး အသိအမှတ်ပြုကြမယ်။ ချက်ချင်းကြီး လှိုက် လှိုက်လှဲလှဲ နွေးနွေးထွေးထွေးကို ဆက်ဆံမိလိမ့်မယ်။ လူချင်းမရင်းနှီးရသေးပဲစိတ်ချင်းရင်းနှီးနေရသလိုခံစားရပါလိမ့်မယ်။

သင်တို့ချင်းဆုံကြချိန် ကမ္ဘာပေါ်ကအရာတွေအားလုံးမှောင်မဲသွားပြီး သူ့ရဲ့မျက်ဝန်းလေးတစ်စုံသာ အလင်းတန်းလေးအဖြစ် သင့်အတွက်ကျန်ခဲ့မယ်။ ဘေးနားမှာ ဘယ်အရာမှ မရှိတော့သလိုမျိုး။ လေထဲမှာမျောနေသလို သင်တို့ကြားမှာ အားအလွန်ကောင်းတဲ့ဆွဲငင်မှုတွေခံစားရလိမ့်မယ်။ သင့်ရဲ့အလိုလိုသိစိတ်ကနေ သူဟာ အနာဂါတ်မှာ သင့်အတွက် ဘယ်လောက်ထိအရေးကြီးကြောင်းခံစားရလိမ့်မယ်။

Twin Flameဆိုတာဘာလဲ? Twin Flameနဲ့တွေ့ဆုံခဲ့ရင် ဘယ်လိုထူးဆန်းတဲ့လက္ခဏာတွေခံစားရမလဲ?
Twin Flames နှစ်ဦးRsဖြစ်တဲ့အခါ




Twin Flames နှစ်ဦး ချစ်သူတွေဖြစ်သွားတဲ့အခါ သာမာန်စိတ်ကနေ ပြင်းထန်တဲ့စိတ်တွေအဖြစ်ပြောင်းလဲသွားပြီး ဆင်ခြင်နိုင်မှုစွမ်းအင်ကိုပါ twin flames ကဝါးမြိုပစ်လိုက်တယ်တဲ့။Love is Blind ,Crazy & Hardဆိုတာမျိူးခံစားရလိမ့်မယ်။ သူတို့နှစ်ယောက်ချစ်သူဖြစ်သွားရင် ဘာလုပ်လုပ် အံသြဖွယ်ကောင်းတာတွေဖြစ်တယ်။

အဖြူနဲ့အမည်း အအေးနဲ့အပူဆိုတာဆန့်ကျင်ဘက်ကြီးတွေဖြစ်ပေမယ့် သူတို့က ပေါင်းစပ်ပစ်လိုက်တယ်တဲ့။ အတူတူရှိနေတဲ့ စက္ကန့်မိနစ်တိုင်းဟာ အ လို လို ပျော်ရွှင်ဖွယ်ကောင်းတယ်။ စက္ကန့်တိုင်းမိနစ်တိုင်းကို တန်ဖိုးထားမိလောက်အောင် ပြောဆိုပြုမူမှု သေးသေးလေးတွေကအစ ခံစားသိရှိနေရလောက်အောင် နက်နက်ရှိုင်းရှိုင်းချစ်မိကြတတ်တယ်။




အနားမှာ အတူရှိနေရုံနဲ့နွေးထွေးတယ်။ သူနဲ့ဆို အရာရာအားလုံးကို အဆုံးစွန်ဆုံးထိ ခံစားပစ်တတ်တယ်။ စိတ်ခံစားမှုတွေက မှော်ဆန်တယ်။ တစ်ယောက်က သက်ပြင်းလေးချရုံနဲ့ နောက်တစ်ယောက်က ငိုချင်သလိုလိုဖြစ်တယ်၊ တစ်ယောက်က ငိုပီဆိုရင် တစ်ယောက်မှာ ကမ္ဘာပျက်သလိုခံစားရတယ်။

“မင်းနဲ့အတူရှိနေရတာ ကိုယ့်ရဲ့ အကြိုက်ဆုံးနေရာ”ပဲလို့ဆိုရလောက်အောင် နဲနဲလေးတောင် မခွဲချင်ဘူးတဲ့။ ဒါပေမယ့် တစိမ့်စိမ့်နဲ့ တသိမ့်သိမ့်ချစ်ရတဲ့ကာလဟာ ခဏတာသာဖြစ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ကာလများက နှစ်ဦးလုံးကို စောင့်ကြိုနေတတ်တယ်တဲ့။

Twin Flameဆိုတာဘာလဲ? Twin Flameနဲ့တွေ့ဆုံခဲ့ရင် ဘယ်လိုထူးဆန်းတဲ့လက္ခဏာတွေခံစားရမလဲ?


No matter how angry you get, how broken relationship might feel at time, but something bring you back.ဘယ်လောက်ပဲတစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးနေပါစေ RSတစ်ခု ပြတ်သုဉ်းခဲ့ပြီးဖြစ်နေရင်တောင် တစ်စုံတစ်ခုကပြန်လည်နီးစပ်စေတယ်။

ကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်ရောက် တစ်ယောက်သောသူဆီပြန်လာဖို့ပဲမသိစိတ်က စေ့ဆော်နေတယ်တဲ့။ စိတ်မကောင်းစရာတစ်ခုက သူတို့နှစ်ယောက်က ဘယ်လောက်ပဲဘယ်လိုချစ်ချစ် ဘဝအဆက်ဆက် လုပ်လာခဲ့တဲ့ ကံကြမ္မာနဲ့ဝဋ်ကြွေးတွေကို ပေးဆပ်ပြီးနောက် ဖြူစင်သန့်ကြည်သွား မှသာ အတူပေါင်းစည်းနေထိုင်နိုင်တတ်ကြတယ်လို့ဆိုပါတယ်။ ဒီအဆင့်ကတော်တော်မြင့်တယ်။ Twin Flameက Soulmateလိုမဟုတ်ဘူး။

Soulmateတွေက ဘဝမှာ အများကြီးတွေ့နိင်တယ်။ Twin Flameကတော့ တစ်ဘဝမှာတစ်ယောက်ပဲတွေ့နိုင်တယ်။ ဒါကလည်း ဘဝတိုင်းတွေ့နေရချင်မှရမယ်။ သံသရာက ရှည်ကြာတော့ သင့် Twin Flameကို သင်မရှာပဲတွေ့နိုင်သလို သင်လိုက်မရှာပဲလည်း သင့်ဆီရောက်လာနိုင်ပါတယ်။ ကဲ..ဒီတော့ သင့်ဘေးကသူကို ဒီအချက်တွေနဲ့ချိန်ထိုးကြည့်လိုက်။ သူကရော Twin Flameမဖြစ်နိင်ဘူးလား?

#Lifestyle_Myanmar

#Mg_Htet

REF_Power Of Possitivity


#အဆင့်
#ဦးချစ်
#စက္ကန့်
#ဘဝ
#သိမ့်သိမ့်

Some text some message..