အရပ်ပုတဲ့ ယောက်ျားလေးများအတွက် အရပ်ရှည်သယောင်ဖြစ်စေမယ့် နည်းလမ်းများ
mystylemyanmar.com
|
2020-06-25

အမေမွေးထားတဲ့ အရပ်လေးက ရင်ခွင်မီဖြစ်နေလို့ စိတ်ပူစရာမရှိပါဘူး။ ပုနေပေမယ့် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံက ကူညီပေးသွားရင် အရပ်ရှည်တယ်လို့ ထင်ရပါမယ်။ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း စတိုင်ကျကျ ဝတ်တတ်စားတတ်ရင် ကောင်မလေးတွေ နှစ်ခါပြန်ငေးကုန်မှာပေါ့။



အရောင်ရင့်တဲ့ ဖိနပ်တွေက ကူညီပါလိမ့်မယ်။

အနက်ရောင် ခဲရောင် နက်ပြာရောင်စတဲ့ အရောင်ရင့်ရင့်ဖိနပ်တွေက အရပ်ပိုရှည်သယောင် ခံစားရပါတယ်။ အနီရောင် လိမ္မော်ရောင် စတဲ့ တောက်တောက်ပပအရောင်တွေ Crazy Color တွေ ဝတ်တာ ရှောင်ပါ။ ဘောင်းဘီက ဖိနပ်ပေါ်ပုံကျနေတာမျိုးလည်း မဖြစ်ပါစေနဲ့။



ကုတ်အင်္ကျီ အရှည်ကြီးတွေ မဝတ်ပါနဲ့။

Gent ဆန်ဆန် Style Pants နဲ့ Coat နဲ့ ဝတ်တော့မယ်ဆိုပါစို့။ Coat ကို ခပ်ရှည်ရှည်မဝတ်ဘဲ နည်းနည်းတိုတာလေး ရွေးဝတ်ကြည့်ပါ။ အရပ်ကို ဆွဲဆန့်ပေးသလို ဖြစ်စေပါတယ်။


အရောင်သေချာရွေးပါ။

အပေါ်ရော အောက်ရောကို အရောင်ငြိမ်တာလေးတွဲဝတ်ပါ။ ဒါမှမဟုတ် အနုအရင့်မျှဝတ်ပါ။ Fitting ကျဖို့လည်း အရေးကြီးပါတယ်။ ပွယောင်းယောင်း ဖြစ်နေရင် ပိုပုသွားပါမယ်။



ဘောင်းဘီအရွေးမှန်ပါစေ။

အရပ်ပုသူများနဲ့အလိုက်ဖက်ဆုံးက Slim Fit ပါ။

အရမ်းပွတာမျိုးက ပုသွားစေနိုင်သလို အရမ်းကျပ်သွားရင် ညှက်ပါ ညှက်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် သက်သောင့်သက်သာလည်းရှိ ပုံစံလည်းကျတဲ့ Slim Fit ကို သေချာရွေးပါ။



ဒေါင်လိုက်စင်းဝတ်ပါ။

အရပ်ပုတဲ့သူတွေက ဒေါင်လိုက်စင်းဝတ်ခြင်းဖြင့် အရပ်ကိုရှည်စေသယောင် မြင်ရပါမယ်။ ရှပ်အင်္ကျီအစင်းလေးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းကို အချိုးကျကျ သွယ်စေမှာပါ။



Cutting ကောင်းတာ ရွေးဝယ်ပါ။

အင်္ကျီဖြစ်ဖြစ် ဘောင်းဘီဖြစ်ဖြစ် ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ Cutting ဆိုရင် နှစ်ထည်လောက် ဝယ်ထားသင့်ပါတယ်။ Standard Fit က အရပ်ရှည်သူများနဲ့ လိုက်ဖက်ပေမယ့် အရပ်ပုသူများက Slim Fit နဲ့ပိုကြည့်ကောင်းတာ သတိထားသင့်ပါတယ်။

ဆံပင်ကိုအလေးထားသူဖြစ်ပါက ဆံပင်ထောင်ပေးနိုင်ပါတယ်။ ဒါကလည်း အရပ်ရှည်တယ်ထင်ရအောင် လုပ်ပေးမှာပါ။


The post

အရပ်ပုတဲ့ ယောက်ျားလေးများအတွက် အရပ်ရှည်သယောင်ဖြစ်စေမယ့် နည်းလမ်းများ appeared first on

MyStyle Myanmar .


#အရပ်
#ဘောင်းဘီ
#အရောင်
#ဖိနပ်
#ယောက်ျားလေး

Some text some message..