
စိတ်ကျရောဂါဖြစ်တယ်၊ Depression ဝင်တယ်ဆိုတာ ကိုယ့်စိတ်ခံစားမှုနဲ့ပဲ အများကြီးသက်ဆိုင်ပါတယ်။ ဒီလို စိတ်ကျရောဂါရအောင် သင့်ကိုတွန်းပို့နေတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ခံစားချက်တွေ ရှိပါတယ်။ ဒီအရာတွေကပဲ သင့်ကို စိတ်ကျရောဂါရအောင် လုပ်နေတာမို့ ဒီလိုစိတ်ခံစားမှုတွေကို ကြိုးစားဖျောက်ပစ်ဖို့ လိုပါတယ်။
စိတ်ကိုမထိန်ချုပ်နိုင်ခြင်း
တစ်ခုခုဆိုရင် ကိုယ့်စိတ်ကို မထိန်ချုပ်နိုင်ပဲ စိတ်တိုဒေါသထွက်လွယ်တာဟာ လုံးဝမကောင်းပါဘူး။ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရပါမယ်။ စိတ်ကို မထိန်းချုပ်နိုင်တဲ့အခါ ဘာမှမစဉ်းစားမဆင်ခြင်ပဲ လုပ်လိုက်မိလို့ အမှားတွေ ဖြစ်လာပါလိမ့်မယ်။
အတွေးလွန်ခြင်း
အရမ်းမတွေးပါနဲ့။ အရမ်းတွေးလွန်းရင် ပိုပြီး စိတ်ညစ်ရတယ်။ အမျိုးမျိုးသော စိတ်ခံစားမှုတွေ၊ မကောင်းတဲ့ စိတ်ခံစားချက်တွေ အများကြီး တစ်ခုပြီးတစ်ခု ဝင်လာပါလိမ့်မယ်။
အားငယ်စိတ်
အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေများလွန်းရင်လည်း စိတ်တွေကျပြီး Depression ခဏလေးနဲ့ ဝင်လာပါလိမ့်မယ်။
ဝမ်းနည်းလွယ်ခြင်း
စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားပါ။ တစ်ခုခုဆို အရမ်းဝမ်းနည်းတာ၊ ဝမ်းနည်းလွယ်တာဟာ စိတ်ဓာတ်ပျော့ညံ့စေတဲ့အတွက် Depression ဝင်ဖို့ အရမ်းလွယ်ပါတယ်။
မကောင်းမြင်စိတ်
အရာရာကို မကောင်းမြင်စိတ်မထားပါနဲ့။ Negative ဆန်တဲ့ အတွေးတွေ အတွေးပါနဲ့။ အရာရာကို Positive ဘက်ကပဲ ကြည့်ပါ၊ တွေးပါ။
ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိခြင်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာဟာ အရာရာကို သိမ်ငယ်စိတ်၊ အားငယ်စိတ်ဝင်လာစေတယ်။ ဝမ်းနည်းစိတ်ဝင်လာစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် နေပါ။
The post
သင့်ကိုစိတ်ကျရောဂါရအောင်တွန်းပို့နေတဲ့စိတ်ခံစားမှုများ
appeared first on
MyStyle Myanmar
.