မိန်းကလေးတွေ ဦးစားပေးရွေးချယ်လေ့ရှိတဲ့ အိမ်ထောင်ဘက်တစ်ယောက်ရဲ့အရည်အချင်းများ
myanmaplatform.com
|
2020-06-29



ကိုယ့်ဘဝတစ်လျှောက်လုံးလက်တွဲသွားရမယ့် အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ ရုပ်ရည်ချောလှတာတစ်ခုတည်းကိုပဲကြည့်ပြီး ရွေးချယ်လို့မရပါဘူး။ အမျိုးသားတွေအနေနဲ့လည်း အခုပြောပြပေးမယ့်အချက်တွေကိုသိထားပိုင်ဆိုင်ထားမယ်ဆိုရင် မိန်းကလေးတစ်ယောက်က သူတို့ရဲ့အိမ်ထောင်ဖက်ကိုဘယ်လိုရွေးချယ်လဲ ဆိုတာသိနိုင် ပါလိမ့်မယ်။

၁ ။အခက်အခဲနဲ့ကြုံရင် မကြောက်ရွံ့ဘဲ အတူရင်ဆိုင်ဖြေရှင်းပေးသူ




လူနှစ်ဦးချစ်ကြိုက်လို့ အတူတကွ ပေါင်းသင်းနေထိုင်ပြီဆိုရင် ကောင်းမွန်တဲ့ အရာတွေကို အတူခံစားမျှဝေသလို ကြုံတွေ့ရတဲ့အဆိုးတွေကိုလည်း နှစ်ဦးစလုံး အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြရပါတယ်။ ပြသာနာတစ်ခုကြုံတွေ့တာနဲ့ ခေါင်းရှောင်တတ်တဲ့ အမျိုးသားတွေဟာ တာဝန်ယူစိတ်မရှိတဲ့သူတွေဖြစ်ပြီး အဲဒီလိုအမျိုးသားတွေကို မိန်းကလေးတွေအနေနဲ့ရေရှည်လက်တွဲဖို့စိတ်ကူးမှာမဟုတ်ပါဘူး။ မိန်းကလေးတွေဟာ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာမျှော်လင့်ချက်အများကြီးမထားပေမယ့်အရေးကြုံလာရင် အားကိုးရတဲ့အမျိုးကောင်းသားနဲ့လက်တွဲချင်ကြပါတယ်။ ဒီလိုအမျိုးကောင်းသားတွေကပဲ ကိုယ့်ရဲ့ ဇနီး အခက်အခဲတွေ့နေချိန်မှာ အားပေးနှစ်သိမ့်တတ်ပြီးမိသားစုအတွက်အားကိုးရတဲ့ အိမ်ထောင်ဦးစီးဖြစ်ထိုက်တာမဟုတ်ပါ လား။

၂။အချက်အပြုတ်ပိုင်နိုင်သူ




၃။နေမကောင်းချိန်မှာ ထွေးပွေ့ပေးတတ်သူ




ဘယ်လောက်ပဲထူးချွန်ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့မိန်းကလေးဖြစ်ပါစေ နေမကောင်းဖြစ်ချိန်မှာဆိုရင်တော့ အများသူငါလိုပဲဝမ်းနည်းတတ်ကြ၊ ဂရုစိုက်တာကိုလိုချင်တတ်ကြတာချည်းပါပဲ။ အထူးသဖြင့်မိန်းကလေးတွေအနေနဲ့ နေထိုင်မကောင်းဖြစ်ချိန်မှာချစ်သူ၊ ခင်ပွန်းတို့ရဲ့ထွေးပွေ့ပြီးဂရုစိုက်တာကိုလိုချင်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ အိမ်ထောင်ဖက်ရွေးတဲ့အခါ သူတို့နေထိုင်မကောင်းချိန်မှာ ပြုစုစောင့်ရှောက်ပေးတဲ့သူ၊ အလိုက်တသိနဲ့ဂရုစိုက်ပေးတဲ့အမျိုးသားမျိုးကိုပဲ အမှတ်ပိုပေးပြီးရွေးချယ်လေ့ရှိကြပါတယ်။ နောက်ပြီး ယောက်ျားလေးတွေလည်း မိန်းကလေးတွေလိုပဲ ကိုယ့်ဇနီး၊ ချစ်သူတို့ရဲ့ဂရုစိုက်တာကိုလိုချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ထောင်ဖက်ကိုဂရုစိုက်တတ်ခြင်းကလည်း လျှော့မတွက်သင့်တဲ့အရည်အချင်းတစ်ခုဆိုရင်လည်းမမှားပါဘူး။

၄။သူတို့နှင့်ပတ်သတ်ရင် အသေးစိတ်ကိုမှတ်မိနေတတ်သူ




မိန်းကလေးအများစုက ကိုယ်ချစ်တဲ့ သူရဲ့ အသေးစိတ်ဂရုစိုက်တာကိုခံရတာဟာ ကြည်နူးဖို့လည်းကောင်းသလို ကံကောင်းတယ်လို့လည်းမှတ်ယူလေ့ရှိကြပါတယ်။ ဥပမာ ပထမဆုံးဒိတ်ရဲ့ ရက်စွဲတို့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့အမှတ်တရအဖြစ်အပျက်လေးတွေနဲ့ မွေးနေ့အထိမ်းအမှတ်နေ့တွေကအစ မှတ်မိနေစေချင်ကြပါတယ်။ အမျိုးသားတွေအတွက် ဒီလိုအသေးစိတ်လိုက်မှတ်ရတာ အလုပ်ရှုပ်စရာ စိတ်ရှုပ်စရာလို့မြင်မိကြမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့သတိထားကြည့်ရင် သင့်ဘက်ကဒီလိုဂရုစိုက်ပေးလိုက်တာနဲ့ မိန်းကလေးတွေဟာသူတို့အိမ်ထောင်ဖက် အတွက်အစစအရာရာပြန်ဖြည့်ဆည်းပေးတတ်ကြ တယ်ဆိုတာကို သဘောပေါက်နားလည်လာပါလိမ့်မယ်။ ဒီအချက်က တစ်ခါတလေမှာ ကလေးဆန်တယ်လို့ဆိုနိုင်ပေမယ့် အမှန်တကယ်တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက်ချစ်ကြတဲ့စုံတွဲတွေမှာတော့ အဓိပ္ပာယ်ရှိတဲ့ အမှတ်တရတွေဖြစ်နေတတ်ပါ တယ်။ ဒါကြောင့် မိန်းကလေးအများစု အိမ်ထောင်ဖက်ရွေးတဲ့အခါ အသေးစိတ်ဂရုစိုက်တတ်တဲ့ သူတွေကိုပိုပြီးရွေးချယ်ကြခြင်းဖြစ်ပါတယ်။

၅။အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်ပေးနိင်သူ




လောကမှာ မမှားသော ရှေ့နေ၊ မသေသော ဆေးသမားဆိုတဲ့စကားကိုပရိသတ်တို့ ကြားဖူးကြ မယ်ထင်ပါတယ်။ လူတိုင်းအခြေအနေအကျိုးအကြောင်းပေါ်မူတည်ပြီးမှားတတ်ကြပါတယ်။ မိန်းကလေးတွေအနေနှင့်သူတို့မှားမိတဲ့အချိန် ခွင့်လွှတ်ပေးနိုင်တဲ့အနေအထားမျိုးတွေမှာဆိုရင် သူတို့ရဲ့အိမ်ထောင်ဖက်ကခွင့်လွှတ်နားလည်ပေးတာကိုလိုချင်ကြပါတယ်။ ဘယ်ကိစ္စမဆို အခြေအနေကိုအရင်ဆုံးလေ့လာအဖြေမရှာဘဲချက်ချင်းကဲ့ရဲ့အပြစ်တင်တတ်တဲ့ အမျိုးသားတွေကို ပတ်သတ်လိုခြင်း မရှိကြပါဘူး။ မိန်းကလေးတွေဟာ သူတို့အမှားလုပ်မိချိန်မှာ သူတို့ရဲ့အိမ်ထောင်ဖက်၊ ချစ်သူကအမှန်ကိုကူညီပြုပြင်ပြီးအားပေးလာဖို့ကိုမျှော်လင့်ကြပါတယ်။ အဲဒီလိုကူညီဖေးမတတ်တဲ့အမျိုးသားမျိုးကိုပဲတစ်ဘဝစာလက်တွဲရမယ့် အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ကြတာများပါတယ်။


#အိမ်ထောင်ဖက်
#မိန်းကလေး
#အမျိုးကောင်းသား
#အမျိုးသား
#အမှတ်တရ

Some text some message..