
ကဲ လူငယ်တွေကြားမှာ ပြောပြောနေကြ Friend with Benefits အတိုခေါ် FWB က ကြားရတဲ့အတိုင်းဆို လွယ်ကူနေသလိုပဲ။ ဒါပေမယ့် ဒီလိုကိစ္စအတွက် ကိုယ်နဲ့ ခုတင်ပေါ်မှာ အဆင်ပြေမယ့်သူ၊ Respect ထားမယ့်သူ၊ ညှိနှိုင်းရလွယ်ကူမယ့်သူရှာဖို့က တကယ်တော့ ခက်ခဲပါတယ်။ လူနှစ်ယောက်ကြားမှာ တန်ဖိုးထားယုံကြည်ရမယ့်အရာတွေပါတာမို့ ရင့်ကျက်ပြီး တာဝန်အပြည့်ယူတတ်တဲ့သူဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ဆိုတော့ FWB က သုံးတတ်ရင် အများကြီး အကျိူးရှိတာမို့ အောက်ကအချက်လေးတွေနဲ့ ကိုယ်တိုင်ပဲ ရှာဖွေကြည့်လိုက်တော့နော်။
ပုံမှန် သမီးရည်းစားဆက်ဆံရေးထက် ပိုမိုကြာရှည်တည်တံ့တယ်။
အမှန်အကန်တွဲနေတဲ့သူတွေထက် သူတို့က ဆက်ဆံရေးကို ပိုပြီးကြာကြာထိန်းသိမ်းနိုင်လေ့ရှိပါတယ်။ အသက်နှစ်ဆယ်နဲ့ သုံးဆယ်ကြားက Relationship တွေက အချိန်ခဏတာမျှသာဖြစ်နိုင်ပြီး ပြတ်သွားတဲ့အချိန်ကလည်း အချိန်ခဏအတွင်းမှာ ဖြစ်သွားနိုင်ပါတယ်။ ဒီသူငယ်ချင်းနဲ့ကတော့ အချိန်အများကြီးမပေးရ၊ မတွေ့ရထိတိုင်အောင် အချင်းချင်းသဘောကျနေနိုင်ပြီး ဆက်ဆံဖို့အတွက်လည်း အချိန်အများကြီးယူစရာမလိုပါဘူး။ တစ်ယောက်လိုချင်တဲ့အရာကို တစ်ယောက်သေချာသိနေတဲ့အတွက် သုံးနှစ်လောက်မတွေ့ဖြစ်တော့ရင်တောင်မှ ပြန်ချိန်းပြီး ရင်ခုန်စရာဇာတ်လမ်းတွေပြန်စနိုင်ပါတယ်။
လိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်။
မိန်းကလေးတွေအတွက် စိတ်ထဲမှာ မထားပဲပြောဆိုဖို့က အင်မတန်ခက်ခဲပါတယ်။ အထူးသဖြင့် ခုတင်ပေါ်က ကိစ္စတွေကို ကိုယ့်လက်တွဲဖော်၊ ပါတနာနဲ့ ပြောရမယ့်အချိန်တွေမှာပေါ့။ တစ်ဖက်လူအတွက် အမြဲလိုက်လျောဖြည့်ဆည်းပေးရမယ့် စိတ်ကဖြစ်နေတတ်ကြပါတယ်။ ဒီသူငယ်ချင်းနဲ့ကတော့ ဒါတွေ တွေးပူစရာမလိုပါဘူး။ တွေ့ချင်တဲ့အချိန်၊ စိတ်ဆန္ဒရှိနေတဲ့အချိန် ဘယ်အချိန်မဆို တွေ့နိုင်ပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အထူးတလည်ဆွေးနွေးစရာမလိုပဲ အဓိကအကြောင်းအရာကို သွားနိုင်မှာပါ။
အချိန်ယူစရာမလိုဘူး။
ရည်းစားသေချာထားပြီး တွဲတော့မယ်ဆိုရင် ကိုယ့်ရဲ့ ပါတနာဆီသွားပြီး အချိန်ပေးရတာ၊ သွားအိပ်ရတာ၊ ဂရုစိုက်ပေးရတာစတဲ့အချက်တွေကို ပြုလုပ်ရမှာပါ။ ဒါက Romantic ဆန်ပြီး နူးနူးညံ့ညံ့ဖြစ်ပေမယ့် အဆင်မပြေတဲ့အချိန်တွေလည်းရှိပါတယ်။ ဒီသူငယ်ချင်းနဲ့ဆိုရင်တော့ သူ့ဆီသွားချင်ချင်၊ မသွားချင်ချင် အဆင်ပြေတဲ့နေရာကို ချိန်းလိုက်ပြီး အစပျိူးတာတွေမလိုပဲ ကိစ္စဝိစ္စပြီးစေမှာပါ။ ကိစ္စတွေပြီးသွားရင်လည်း ကိုယ့် Schedule အတိုင်း လုပ်စရာရှိတာလုပ်၊ အပိုစကားတွေပြောစရာမလိုပဲ နှုတ်ဆက်နိုင်မှာပါ။
အချိန်ဇယားတွေ ပြောင်းလဲစရာမလိုဘူး။
လူတိုင်းအလုပ်များနေတဲ့ခေတ်ကြီးမှာ ဆက်ဆံရေးအတည်အတံ့ထားဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ခုခုကိုရဖို့နဲ့ အဆင်ပြေဖို့ ပေးဆပ်ရတဲ့အရာတွေရှိပါတယ်။ အချို့ကိစ္စတွေအတွက် ကိုယ့်ဘက်က ပေးဆပ်ဖို့ ခက်ခဲနေတတ်ပါတယ်။ “Wrong Time, Wrong Relationship” လိုပုံစံမျိူးတွေမှာပေါ့။ ဒီလိုအရာတွေကြောင့် ကိုယ့်ရဲ့ စိတ်ဆန္ဒကို ထိန်းချူပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီအချိန်တွေမှာ ဒီလိုသူငယ်ချင်းက သိပ်ကိုအသုံးဝင်ပါတယ်။ အချိန်အနည်းငယ်နဲ့ နှစ်ယောက်လုံး စိတ်ကျေနပ်စရာအချိန်ကောင်းတွေကို ပိုင်ဆိုင်စေမှာပါ။
ကောင်းသောလမ်းခွဲခြင်း
လမ်းခွဲနှုတ်ဆက်ရတာက တကယ်တမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီသူငယ်ချင်းလေးနဲ့ ရှေ့မဆက်ချင်တော့ဘူး၊ လမ်းခွဲလိုက်ရင်တောင်မှ အလွယ်ကူဆုံးလမ်းခွဲခြင်း ဖြစ်နေမှာပါ။ မုန်းတီးတာတွေ၊ ငိုကြွေးတာတွေမရှိပဲ နားလည်မှုရှိရှိနဲ့ ဒီဇာတ်လမ်းလေးကို အဆုံးသတ်နိုင်ပါတယ်။ ကိုယ်စိတ်ပြောင်းသွားလို့ ပြန်ဆက်သွယ်ချင်ရင်လည်း ဆဲလွှတ်မယ့်လူတွေမဟုတ်ပါဘူး။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အားကစား
စလာကတည်းက ဒီကိစ္စအတွက် အပေးအယူအမျှမျှနဲ့ ချီတက်လာခဲ့တာမို့ စိတ်ချရတဲ့ Protective Sex ကိုသာ အသားပေးကြမှာပါ။ အချိန်ခဏအတွက်သာ တွေ့ကြတာမို့ အကာအကွယ်က မဖြစ်မနေလိုအပ်ပါတယ်။
ပုံမှန် Relationship တွေမှာ သူဘာလုပ်မှန်းမသိ၊ ကိုယ်ဘာလုပ်မှန်းမသိ၊ သုံးရတာရှုပ်တယ်စတဲ့ ဂျင်းတွေနဲ့ အကာအကွယ်မဲ့ဆက်ဆံနေကြရမှာပါ။ ဒါပေမယ့် ဒီသူငယ်ချင်းနဲ့ကတော့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နည်းစနစ်ကို စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။
Zero Pressure Situations
FWB ဆိုတာက ကိုယ်အရင်ကတွေးထားဖူးတဲ့ Relationship ပုံစံတွေနဲ့ ယှဉ်တွေးစရာမလိုတဲ့ အရာတစ်ခုပါ။ လက်ထပ်မှာ မဟုတ်ကြလို့ (Obviously) နှစ်ယောက်လုံးအတွက် စဉ်းစားတွေးပူရတာတွေကို လုပ်စရာမလိုပါဘူး။ ဆိုတော့ ဒီဆက်ဆံရေးနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက်တွေထားစရာမလိုပဲ Sex အတွက်ကိုပဲ အာရုံစိုက်ရမှာပါ။ ကိုယ့်လွတ်လပ်ခွင့်တွေ၊ ဖြစ်တည်ခြင်းတွေကို ထိန်းချူပ်ထားတာမဟုတ်တဲ့အတွက် နှစ်ယောက်သား အပေးအယူမျှမျှနဲ့ ပျော်စရာခရီးကို ဆက်နိုင်မှာပါ။
အတွေ့အကြုံသစ်
အပေါ်က ပြောခဲ့သလိုပဲ အမျိူးသမီးတွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ိကို တွန့်ဆုတ်တတ်ကြပါတယ်။ လူမှု့အသိုင်းအဝိုင်းထဲမှာ လူတွေ ဘယ်လို Socialize လုပ်လဲဆိုတာ ဒါတွေကိုကြည့်ရင်သိနိုင်ပါတယ်။
FWB ရဲ့အားသာချက်ကတော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ ရှက်ကြောက်စရာမလိုပဲ ပြောဆိုဆက်ဆံနိုင်တာပါ။ တနည်းအားဖြင့်ပြောရရင်တော့ အတွေ့အကြုံအသစ်တစ်ခုပေါ့။ ယောကျာၤးလေးကော၊ မိန်းကလေးအတွက်ပါ လက်တွေ့ Experience တွေရမှာဆိုတော့ စိတ်လှုပ်ရှားစရာအတွေ့အကြုံသစ်ကို ရှာဖွေနေတဲ့သူဆိုရင်တော့ သဘောတွေ့စရာဖြစ်မှာပါ။