သောကြာသားသမီးများအကြောင်း တစေ့တစောင်း
lifestylemyanmar.com
|
2020-07-06



(၇) ရက်သားသမီးတွေထဲမှာ သောကြာသားသမီးလေးတွေက ထိလွယ်ရှလွယ်အဖြစ်ဆုံးလို့တောင်ဆိုလို့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ချစ်မှုရေးရာ၊ ဘဝနဲ့ပတ်သက်တာ၊ လက်တွဲဖော်၊ ရိုမန့်တစ်ဆန်တဲ့နေရာတွေမှာ တကယ်ကိုဆရာကျတဲ့သူတွေဖြစ်ပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ကြသလို အနုပညာဆန်တဲ့သူတွေလည်းဖြစ်ပါတယ်။ ပျင်းရိတာက သောကြာသားသမီးတွေရဲ့ မကောင်းတဲ့အကျင့်စရိုက်တစ်ခုဖြစ်ပြီး တစ်ခါတလေမှာ တခြားသူတွေရဲ့အမြင်တွေကိုလည်း ဂရုစိုက်တတ်ကြပါသေးတယ်။




ဒါ့အပြင် သောကြာသားသမီးအများစုဟာ ချစ်ခြင်းမေတ္တာတွေနဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရပြီး ကိုယ်ရည်ကိုယ်သွေးအရလည်း ထူးချွန်တတ်ကြသလို အထူးသဖြင့် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့ကိစ္စမျိုးတွေမှာဆိုရင် သူတို့ရဲ့ လုပ်ရည်ကိုင်ရည်က ပိုပြီးနှစ်လိုဖွယ်ကောင်းလေ့ရှိပါတယ်။ သူတို့ရဲ့ ဘဝလက်တွဲဖော်တွေကိုလည်း အောင်မြင်တိုးတက်စေလိုတဲ့စိတ်အပြည့်ရှိပြီး အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားနဲ့ အညီ စိတ်ဆိုးဒေါသထွက်လွယ်ကြပါတယ်။




ဒါပေမယ့် စိတ်ထဲမှာအငြိုးအတေးထားလေ့မရှိဘဲ ဖြစ်ပြီးသမျှပြဿနာတွေကိုလည်း ခဏနဲ့ခဝါချနိုင်ကြတဲ့လူမျိုးပါ။ ဘဝလက်တွဲဖော်ရွေးချယ်တဲ့အချိန်မှာလည်း သူတို့နဲ့သင့်တော်မယ့်လက်တွဲဖော်ကို အကောင်းဆုံးရွေးချယ်နိုင်ကြတဲ့အပြင် လက်တွဲဖော်ရဲ့ ကျောထောက်နောက်ခံအနေအထားကိုလည်း သေချာတွက်ဆတတ်ကြပါတယ်။ သောကြာသားသမီးတွေက ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုလည်း ပိုင်ဆိုင်တတ်ကြပြီး လုပ်ငန်းခွင်အတွင်းက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အကောင်းဆုံးခွန်အားတွေပေးစွမ်းနိုင်ကြသူတွေပါ။ ဘဝအတွက် အသက်မွေးဝမ်းကျောင်းရွေးချယ်တဲ့နေရာမှာလည်း ပိုက်ဆံထက် နှလုံးသားခေါ်ဆောင်ရာနောက်ကိုသာလိုက်တတ်ကြပြီး ဒါကဘဝကို ကျရှုံးစေနိုင်တဲ့အချက်တစ်ခုဖြစ်တာကြောင့် အထူးသတိထားရပါလိမ့်မယ်။




သောကြာသားသမီးတွေဟာ သူတို့ကိုယ်သူတို့ သောကြာသားသမီးဖြစ်ရတာကို ချစ်မြတ်နိုးကြပြီး တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးပြီဆိုရင်လည်း ကိုယ်ရောစိတ်ပါနှစ်ပြီး ချစ်တတ်ကြတာကြောင့် အသည်းကွဲပြီဆိုရင် သူများထက်အဆပေါင်းများစွာ ပိုမိုခံစားရလေ့ရှိတဲ့သူတွေပါ။ သောကြာသားသမီးတွေရဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းဘဝတွေက သာယာလှပတတ်ကြသလို သူတို့နေထိုင်ရာအိမ်ကိုလည်း ဇိမ်ခံပစ္စည်းအပြည့်နဲ့ အလှဆင်တတ်ကြပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ချစ်သူအပေါ် အထူးဂရုစိုက်တတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။




သောကြာသားသမီးတွေအတွက် ကံကောင်းစေတဲ့ ကိန်းဂဏန်းကတော့ (၆) ဖြစ်ပြီး အခက်အခဲတွေ ပြဿနာတွေကို အကောင်းဆုံးကျော်လွှားဖြေရှင်းနိုင်ဖို့အတွက် မွေးနေ့ဖြစ်တဲ့သောကြာနေ့မှာ အလှူအတန်းတွေ ပြုလုပ်ပေးသင့်တယ်လို့လည်း ဆိုကြပါတယ်။



#HM
#LifeStyleMyanmar
Source: Timesofindia


#သောကြာသား
#သမီး
#ဘဝ
#ဇိမ်ခံပစ္စည်း
#အငြိုး

Some text some message..