စိတ်ကောက်စရာမရှိရင် ရှာကြံကောက်တတ်တဲ့ တနင်္ဂနွေသားသမီးများအကြောင်း သိကောင်းစရာ
lifestylemyanmar.com
|
2020-07-07



တနင်္ဂနွေဆိုတာက ရက်သတ္တပတ်တစ်ခုရဲ့ ပထမဆုံးနေ့ဖြစ်ပြီး အဲ့ဒီနေ့မှာမွေးဖွားတဲ့သူတွေဟာ လမင်းတစ်စင်းလိုမျိုး၊ ကြယ်တွေလိုမျိုး လင်းလက်တောက်ပချင်ကြသူတွေပါ။ အရာရာကို သာမန်အနေအထားလောက်နဲ့ မကျေနပ်နိုင်ဘဲ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ နှစ်သက်မက်မောကြသူတွေပါ။ ကိုယ့်အားကိုယ်ကိုးတယ်၊ ဂုဏ်ယူဝံ့ကြွားလေ့ရှိတယ်၊ လူမှုအဖွဲ့အစည်းထဲမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိတဲ့သူတွေဖြစ်ကြပါတယ်။




လုပ်ငန်းခွင်အပြင် အခြားသောနေရာတွေမှာပါ လူတိုင်းက တနင်္ဂနွေသားသမီးတွေကို အထူးတလည်အာရုံစိုက်ရလေ့ရှိပြီး တနင်္ဂနွေသားသမီးတွေရဲ့ပတ်ဝန်းကျင်မှာလည်း သာမန်လှုပ်ရှားသွားလာနေတဲ့လူတွေအပြင် ကလေးငယ်တွေ၊ တိရိစ္ဆာန်လေးတွေနဲ့ပါ ဝိုင်းဝိုင်းလည်နေတတ်ကြပါတယ်။




အားနည်းချက်တစ်ခုက သာမန်အခြေအနေတွေမှာတောင် ယုံကြည်ချက်ပြည့်ဝနေတတ်ကြပေမယ့် ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ တကယ်တမ်းလက်တွေ့ရင်ဆိုင်ရချိန်မှာတော့ အကြီးအကျယ်စိတ်ဓာတ်ကျတတ်တဲ့သူမျိုးတွေပါ။ ဘဝမှာပျော်ရွှင်မှုရဖို့နဲ့ ရည်မှန်းချက်ပြည့်ဝဖို့က သူတို့အတွက်ဦးစားပေးဖြစ်ပေမယ့် အချစ်ရေး၊ အချစ်ရာနဲ့ ပတ်သက်လာရင်တော့ အလောင်းအစားဆန်ဆန်လုပ်တတ်ကြတဲ့သူမျိုးတွေလည်းဖြစ်ပါတယ်။




ချစ်သူအပေါ်အနိုင်ယူလိုစိတ်အပြည့်ရှိတယ်၊ ချွဲလည်းချွဲတတ်ကြသလို အရမ်းလည်းစိတ်ကောက်တတ်ကြတဲ့သူမျိုးတွေဖြစ်ပြီး ကောက်စရာမရှိရင် ကိုယ့်ဆံပင်ကိုယ်ထိုင်ကောက်နေတတ်တဲ့နေ့နံအဖြစ်လည်း နာမည်ကြီးပါတယ်။ သူငယ်ချင်းအပေါင်းအသင်းကိစ္စမှာလည်း ကိုယ့်ကိုအဓိကထားပေါင်းသင်းတဲ့သူငယ်ချင်းတွေနဲ့သာ နီးစပ်လေ့ရှိပြီး တနင်္ဂနွေသားသမီးတွေနဲ့ တကယ်တမ်းရင်းနှီးတဲ့သူငယ်ချင်းဆိုတာကလည်း နည်းနည်းလေးပါပဲ။ တစ်ကိုယ်ကောင်းဆန်တယ်၊ စိတ်တိုလွယ်တယ်ဆိုပေမယ့် လွတ်လွတ်လပ်လပ်နေထိုင်တတ်ပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အကောင်းဆုံးဦးဆောင်မောင်းနှင်ပေးနိုင်ကြပါတယ်။




တနင်္ဂနွေသားသမီးတွေရဲ့ အိမ်ထောင်ရေးက မီးစတစ်ဖက်၊ ရေမှုတစ်ဖက်လို့လည်းဆိုနိုင်ပြီး လွတ်လွတ်လပ်လပ်နေချင်တဲ့ဘဝနဲ့အချုပ်အနှောင်များတဲ့အိမ်ထောင်သည်ဘဝအကြား ဗျာများရလေ့ရှိပါတယ်။ ကိုယ့်လက်တွဲဖော်က ကိုယ့်ကိုလှည့်စားသွားမလားဆိုတဲ့စိတ်နဲ့ အမြဲတမ်းစိုးထိတ်နေတတ်ကြသူတွေဖြစ်ပေမယ့် ကိုယ့်ရဲ့ဘဝလက်တွဲဖော်ကနားလည်မှုရှိပြီး ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်တာကြောင့် အိမ်ထောင်ရေးသာယာလေ့ရှိတယ်လို့လည်းဆိုကြပါတယ်။ တနင်္ဂနွေသားသမီးတွေအတွက် ကံကောင်းစေတဲ့ကိန်းဂဏန်းကတော့ နံပါတ် (၁) ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးမယ်ဆိုရင် အခက်အခဲနဲ့ အတားအဆီးတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့လည်း ဆိုထားကြပါတယ်။



#HM
#LifeStyleMyanmar
Source: timesofindia


#တနင်္ဂနွေ
#သားသမီး
#ယုံကြည်ချက်
#အိမ်ထောင်ရေး
#သူငယ်ချင်း

Some text some message..