အတိတ်ကအကြောင်းအရာတွေကို မေ့ပစ်ဖို့လိုတဲ့ အကြောင်းရင်းများ
lifestylemyanmar.com
|
2020-07-08



အတိတ်ကအကြောင်းအရာတွေကို မေ့မပစ်နိုင်သေးဘဲ အခုချိန်ထိနာကျင်နေရတုန်းလား။ ဘဝရဲ့ ပျော်ရွှင်မှုတွေနဲ့ ဝေးကွာနေတုန်းဘဲလား။ အတိတ်ကအဖြစ်အပျက်ကြောင့် လက်ရှိဘဝကို ရှေ့ဆက်မလှမ်းနိုင်တာ တကယ်ရော တန်ရဲ့လား..။ လူတိုင်းမှာ နာကျင်ရတဲ့၊ ပြန်ပြင်ဆင်ခွင့်မရနိုင်တဲ့ အတိတ်ကအကြောင်းအရာတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် လက်ရှိဘဝမှာ ပျော်ရွှင်စွာနေနိုင်ဖို့အတွက်ဆိုရင်တော့ အချို့သောအရာတွေကို လွှတ်ချထားခဲ့ရပါမယ်။




အတိတ်ကနာကျင်ရမှုတွေ၊ အမှားအယွင်းတွေကို သင်ခန်းစာယူပြီး ထပ်တူညီတဲ့ အမှားမျိုးကို မလုပ်မိဖို့အတွက် မှတ်သားထားတာမျိုးက ကောင်းမွန်တယ်ဆိုပေမယ့် လူတိုင်းဟာ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှမသိနိုင်ကြပါဘူး။ ဒါကြောင့်မို့ ပြန်လည်ပြင်ဆင်ခွင့်မရနိုင်တဲ့အရာတွေကို တတ်နိုင်သလောက်မေ့ပစ်ထားတာက ဘဝအတွက် ပိုပြီးကောင်းမွန်စေပါတယ်။

လူတော်တော်များများက ပျော်ရွှင်စရာတွေထက် နာကျင်ရတာတွေကို ပိုပြီးအမှတ်ရတတ်ကြပါတယ်။ အပြစ်ရှိတယ်လို့ ခံစားနေရခြင်း၊ ရှက်ခြင်း၊ နောင်တရခြင်း ဒါမှမဟုတ် ဒေါသထွက်ခြင်း အစရှိတဲ့ အတိတ်ကအဖြစ်အပျက်တွေဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကို ချို့ယွင်းမှုတွေဖြစ်ပေါ်စေပြီး မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ရေရှည်ဒီလိုမျိုးဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ၊ တွေးခေါ်မှုဆိုင်ရာဖြစ်စဉ်တွေကို မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာစေပါတယ်။




သုတေသနပြုချက်တွေအရ အတိတ်ကအတွေ့အကြုံတွေဟာ ကျနော်တို့ရဲ့ အနာဂတ်ကို နည်းအမျိုးမျိုးနဲ့ ဆိုးကျိုးသက်ရောက်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ မလိုလားအပ်တဲ့ အတွေးလွန်ကဲမှုတွေ၊ အရာရာကို အတိတ်ကအဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ချိန်ဆမှုတွေဟာ လက်ရှိဘဝကို နှောင့်နှေးမှုတွေဖြစ်ပေါ်လာစေပါတယ်။ ဆုံးဖြတ်ချက်မပြတ်သားခြင်း၊ ဒွိဟဖြစ်ခြင်းအစရှိတာတွေဟာ အတိတ်ကအကြောင်းအရာတွေကို လွန်မင်းစွာဆုပ်ကိုင်ထားမိခြင်းရဲ့ အကျိုးရလာဒ်တွေဘဲဖြစ်ပါတယ်။




မလိုလားအပ်တဲ့ အတိတ်ကအကြောင်းအရာတွေဟာ အလုပ်ခွင်၊ မိတ်ဆွေအပေါင်းအသင်း၊ နှလုံးသားရေးရာကိစ္စတွေနဲ့ မိသားစုကိုပါ ထိခိုက်စေမှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒဏ်ရာတွေ၊ နာကျင်ရမှုတွေ၊ နောင်တတွေ၊ အမှားအယွင်းတွေဟာ လက်ရှိဘဝကို ပိုမိုကောင်းမွန်စေဖို့အတွက် တွန်းအားတွေဖြစ်ပေါ်စေတယ်ဆိုပေမယ့်လည်း ကောင်းမွန်စွာအသုံးချနိုင်ဖို့တော့ လိုအပ်ပါတယ်။ အရာအားလုံးကို ဆုပ်ကိုင်ထားပြီး အတွေးတွေလွန်ကဲနေမယ်ဆိုရင်တော့ အပျက်သဘောဆောင်တဲ့ ကိစ္စမျိုးတွေသာ ဖြစ်ပေါ်လာမှာဘဲဖြစ်ပါတယ်။

ဒါကြောင့်မို့ အတိတ်ကအဖြစ်အပျက်တွေကို တတ်နိုင်သလောက်မေ့ပစ်ထားပြီး လက်ရှိဖြစ်တည်နေတဲ့ ဘဝကိုသာ အကောင်းဆုံးတည်ဆောက်ဖို့၊ မျှော်လင့်ထားတဲ့အနာဂတ်ဘဝကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းဖို့ အစရှိတာတွေသာ မိမိရဲ့ ဘဝအတွက် အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- themindsjournal


#အတိတ်
#ဘဝ
#အကြောင်းအရာ
#အမှားအယွင်း
#အနာဂတ်

Some text some message..