Long-distance relationship တစ်ခုမှာ စုံတွဲတွေဟာ အခြားစုံတွဲတွေနည်းတူ အတတ်အကျတွေကို ဖြတ်သန်းသွားရပါတယ်။ Long Distance Relationship ဟာ သာမာန် Relationship တွေထက် ပိုပြီးခက်ခဲတယ်၊ ပြတ်လွယ်တယ်ဆိုပေမယ့် ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ သစ္စာရှိမှုနဲ့ ယုံကြည်မှုတွေသာရှိရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲဝေးကွာနေပါစေ အလုပ်ဖြစ်စေနိုင်ပါတယ်။
long-distance relationship မှာ အားသာချက်တွေ၊ အားနည်းချက်တွေအများကြီးရှိပါတယ်။ အချို့သူတွေမှာ ဒီအချစ်ရေးမျိုးကို ဆက်လက်ရှင်သန်အောင် ထိန်းထားဖို့ ရုန်းကန်နေရတတ်ပါတယ်။ သင့်လက်တွဲဖော်ကို ချစ်မြတ်နိုးပြီး သင်တို့ရဲ့ အချစ်ရေးကို ဆက်ရှင်သန်လိုပါက ခက်ခဲသော အခြေအနေတွေကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးကနေ အဝေးရောက်ချစ်သူတွေအနေနဲ့ အနေဝေးပေမယ့် သွေးအေးမသွားအောင်၊ Relationshipကို ဆက်လက်ရှင်သန်အောင် ဘယ်လိုဆက်ထိန်းထားမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
Long Distance Relationship ကို ဆက်လက်ရှင်သန်အောင် ဘယ်လိုထိန်းသိမ်းမလဲ?
လက်တွေ့ကျပြီး strong ဖြစ်ခြင်းက သင့်အား စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင်၊ အလှမ်းကွာမှုကို ကျော်လွှားနိုင်အောင် ကူညီပေးပါလိမ့်မယ်။
၁။ ဆုံးဖြတ်ချက်တွေကို မြန်မြန်မချပါနဲ့
တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေတဲ့အချိန်မှာ ပြောဆိုဆက်ဆံမှုက အမြဲတမ်းပြည့်စုံမှာ မဟုတ်ပါဘူး။ နားလည်မှု လွဲမှားတာတွေအတွက်လည်း ခွဲခွာသွားရနိုင်ပါတယ်။ အမှန်မဟုတ်တဲ့ ယူဆချက်တွေချပြီး သူတို့နဲ့ ဆက်သွယ်လို့မရတဲ့အခါ သင်စိတ်ရှည်နိုင်မှာ မဟုတ်ပါဘူး။ အဓိကက စိတ်ရှည်ဖို့နဲ့ သင့်လက်တွဲဖော်ရဲ့လုပ်ရပ်ကို ချက်ချင်း တုံပြန်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မှားယွင်းတဲ့ ယူဆချက်တွေနဲ့ ဆုံးဖြတ်ချက်တွေကြောင့် သင်ရဲ့relationshipဟာ ရေရှည်ခံမှာမဟုတ်ပါဘူး။
၂။ မနာလိုစိတ်ဝင်ခွင့်မပြုပါနဲ့
မလုံခြုံမှုက အဝေးရောက်အချစ်ရေးကို အဆုံးသတ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုပါ။ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိသော်လည်း သင့်လက်တွဲဖော်ဟာ သင့်ထက် အခြားသူတွေကို အချိန်ပိုပေးနေတာသိရင် မနာလိုဖြစ်မိနိုင်ပါတယ်။ သူတို့ရဲ့ အမြင်ကို နားလည်အောင်ကြိုးစားပြီး သင့်ရဲ့မလုံခြုံမှုတွေကို သတိရပါ။
ဒီလိုမှမဟုတ်ရင် အဆင်မပြေမှုနှင့် မနာလိုမှုခံစားချက်တွေက သင့်အချစ်ရေးအတွက် ပြဿနာတွေ ဖန်တီးနိုင်ပါတယ်။ အားနည်းချက်ရှိတဲ့ အခြေအနေမျိုးမှာ သင့်လက်တွဲဖော်ကို သံသယဝင်မယ့်အစား ယုံကြည်ပေးခြင်းဟာ သင့်အချစ်ရေးကို အောင်မြင်ဖို့ ကူညီနိုင်ပါတယ်။
၃။ relationship ကိုအလုပ်လုပ်စေဖို့ ကြိုးစားပါ
သင့်ရဲ့အဝေးရောက်အချစ်ရေးကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ အရာရာကို ပွင့်လင်းမြင်သာစွာထားဖို့၊ သံယောဇဉ်ခိုင်မာစေဖို့နှင့် သင့်ချစ်သူကို အချိန်တိုင်း သူတို့အတွက် သင်ရှိနေတယ်ဆိုတာ သိစေဖို့ ကြိုးစားပါ။ ဖုန်းတွေအများကြီးခေါ်ပြီး တစ်နေ့လုံးထိုင် chat နေဖို့ မလိုပါဘူး။ အခွင့်အရေးရတိုင်း သူတို့ကို ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်တန်ဖိုးထားကြောင်း ပြောပေးပါ။ ဒီနည်းလမ်းက သင်နဲ့သင့်လက်တွဲဖော်အကြား အသေးအဖွဲ သဘောထားကွဲလွဲမှုတွေနဲ့ ရန်ပွဲတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။
၄။ သံသယဖြစ်တဲ့အခါ သင့်လက်တွဲဖော်ကို သွားတွေ့ပါ
ဝမ်းနည်း၊ ဒေါသ၊ စိုးရိမ်ပူပန်မှုနှင့် အထီးကျန်ဆန်မှုကို ခံစားရခြင်းကြောင့် သင်ဟာ စိတ်ခံစားမှုအမျိုးမျိုးကို ဖြတ်သန်းသွားရပါလိမ့်မယ်။ ဒီခံစားချက်တွေပေါ်မှာ တဝဲလည်လည်နေမယ့်အစား သင့်လက်တွဲဖော်ဆီသွားဖို့ အချိန်ယူပါ၊ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိတဲ့အချိန်မှာ ဒေါသတွေ၊ ဝမ်းနည်းမှုတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
၅။ အသေးအမွှားတွေပေါ်မှာအာရုံမစိုက်ဘဲ အနာဂတ်ကိုသာ စဉ်းစားပါ
များသောအားဖြင့် အဝေးရောက်ချစ်သူစုံတွဲတွေအကြား အငြင်းပွားမှုတွေမှာ အသေးအမွှားလေးတွေသာ ဖြစ်ပါတယ်။ ထိုအသေးအမွှားလေးတွေကို မဖြေရှင်းဘဲထားတဲ့အခါ ဒီအသေးစားပြဿနာတွေက အချစ်ရေးကို ပြိုကွဲသွားစေနိုင်ပါတယ်။ အချစ်ရေးနှင့် ပတ်သတ်ပြီး အသေးအဖွဲကိစ္စတွေဖြင့် စိတ်အနှောက်အယှက်ဖြစ်နေတဲ့အခါတိုင်း ရပ်တန့်ပြီး အနာဂတ်ကို စဉ်းစားပါ။
” ဒီကိစ္စပေါ်မှာ အားထုတ်မှုနှင့် အချိန်အများကြီး အကုန်ခံသင့်လား? ရန်ပွဲက ထိုက်တန်ရဲ့လား?” “ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ်နဲ့ပတ်သတ်ပြီး တူညီတဲ့ ပြဿနာတွေ ရင်ဆိုင်ရရင် ကိုယ်ကော ဘယ်လိုခံစားရမလဲ?” လို့ သင့်ကိုယ်သင် မေးကြည့်ပါ။ ဒီမေးခွန်းတွေကိုဖြေဆိုပါက သင်တို့အချစ်ရေးကို ဘယ်လိုရှင်သန်အောင် ထိန်းသိမ်းရမယ်ဆိုတာ သိလာပါလိမ့်မယ်။
အထက်ပါအကြံပြုချက်တွေက အကူအညီမဖြစ်ရင် စိတ်မပူပါနဲ့။ နောက်ထပ်အကောင်းဆုံး ရွေးချယ်မှုတစ်ခုက သင့်အချစ်ရေးကို အနားပေးပါ။ relationship တစ်ခုကနေ သင်တကယ်လိုချင်တာကို ပြန်သုံးသပ်ပါ။ သင့်ရဲ့ရည်မှန်းချက်တွေနဲ့ တန်ဖိုးကို စဉ်းစားပါ။
Lifestyle_Myanmar
LM_Nandar
Source-momjunction
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။