Relationship တစ်ခုမှာ လိုက်ဖက်ညီမှုရှိခြင်းက အတင်းလုပ်ယူလို့ မရနိုင်ပါဘူး။ ဒါက သင်တို့နှစ်ယောက်သာ တွေ့ကြုံခံစားရနိုင်တဲ့ ငြင်းပယ်လို့မရသော ချိတ်ဆက်မှုကို သဘာဝကျကျဖြစ်ပေါ်စေပါတယ်။ စုံတွဲတစ်တွဲအကြား ဘာ Chemistry မှမရှိရင် relationship တစ်ခုကို အောင်မြင်နိုင်တဲ့ နည်းလမ်းမရှိပါဘူး။
မချစ်ခင်မှာ သင်နဲ့ သင့်လက်တွဲဖော်အကြား လိုက်ဖက်ညီမှုရှိတဲ့ ခံစားချက် ခံစားရဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ချင်းတူတယ်၊ ရင်ဘတ်ချင်းနီးတယ် လို့ဆိုလိုပါတယ်။ သူတို့မှာ သင်ကို စိတ်ခံစားမှုအရ ချိတ်ဆက်မှုရှိတယ်ဆိုရင် သူတို့ဟာ သင့်ရဲ့’ Soulmate’ ဖြစ်တယ်လို့ စတင်စဉ်းစားမိပါလိမ့်မယ်။ အောက်ဖော်ပြပါအချက်တွေက လူနှစ်ယောက်အကြား Chemistry မိ/မမိဆိုတာကို ပြသနေတဲ့ နိမိတ်လက္ခဏာတွေဖြစ်ပါတယ်။
၁။ ချက်ချင်းစိတ်ဝင်စားမိတာ
လူတစ်ယောက်ကို သင်သတိပြုမိတဲ့အရာတစ်ခုက သူတို့ရဲ့အသွင်အပြင်ဖြစ်ပါတယ်။ သင်ဟာ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ဂရုမစိုက်ဘူးလို့ ဘယ်လောက်ပဲ ပြောပါစေ၊ သူတို့ဟာ အချစ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ လူတစ်ယောက်ကို ဆွဲဆောင်မှုရှိတဲ့ ရူပကာကနေ ချက်ချင်းစိတ်ဝင်စားမိတယ် (သို့) ရူးသွပ်စေတဲ့ အကြည့်တစ်ချက်ကို ဖလှယ်နေပြီဆိုရင် သင့်မှာ chemistry ရှိတယ်ဆိုတာ သင်သိနေပါပြီ။
၂။ Body Language
သင်ခံစားရတဲ့အရာကို ဖော်ပြနိုင်သော သင့်မျက်လုံးကလွဲပြီး အရာတစ်ခုခုရှိရင် အဲဒါက သင့်ရဲ့ ခန္ဓာကိုယ်ဘာသာစကားပါ။ သင့်ရဲ့အာရုံစိုက်မှုတွေကို ရယူဖို့ အမျိုးသမီးတွေဆိုရင် ဆံပင်ကို ကစားလေ့ရှိပြီး နှုတ်ခမ်းကိုသပ်တာ၊ ခြေထောက်ချိတ်တာ ပြုလုပ်လေ့ရှိကြပါတယ်။ အမျိုးသားတွေကတော့ သင့်အနားမှာရှိနေရန် စိတ်အားထက်သန်တာကြောင့် လက်ချွေးစေးထွက်တတ်ကြပါတယ်။
အသက်ပြင်းပြင်းရှုခြင်း၊ ရှက်သွေးဖြာခြင်း၊ တစ်ယောက်နဲ့တစ်ယောက် မရည်ရွယ်ဘဲ ပြိုင်တူလုပ်မိခြင်း၊ တစ်ယောက်နဲ့ တစ်ယောက် မသိစိတ်ရဲ့စေ့ဆော်မှုနဲ့ ထိတွေ့ခြင်းတွေက ဂျန်ဒါနဲ့မဆိုင်ဘဲ သင်ဖော်ပြနိုင်တဲ့ လက္ခဏာအချို့ဖြစ်ပါတယ်။
၃။ အကြိတ်အနယ် မျက်လုံးချင်းဆုံခြင်း
တစ်စုံတစ်ယောက်နဲ့ Chemistry မိတယ်လို့ခံစားရတဲ့အခါ သင်ဟာ သူ့ကို သတိလက်လွတ်ငေးကြည့်မိတတ်ပါတယ်။ သူတို့ဘာဝတ်ထားတယ်။ သူဘာလုပ်နေတာကို ကြည့်ပြီး မျက်လုံးချင်းဆုံဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် သူတို့ သင့်ကိုကြည့်လိုက်ရင် သင်ရှက်သွေးဖြာသွားပြီး အကြည့်လွှဲလိုက်မယ်၊ ဒါက သင်တို့ စကားပြောနေစဉ် (သို့) သူတို့နဲ့အတူ အပြန်အလှန်တုံ့ပြန်နေစဉ်မှာ သင်တို့နှစ်ယောက်အကြား မျှဝေတဲ့ မျက်လုံးချင်းဆုံမှု ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ မျက်လုံးနဲ့ ဆက်စပ်နေတဲ့ အခြားသော chemistry လက္ခဏာတွေမှာ မျက်ခုံးပင့်ခြင်း၊ နှုတ်ခမ်းနှင့် မျက်လုံးတွေအကြားကို စိုက်ကြည့်ခြင်း၊ မျက်တောင်မခတ် မျက်လုံးချင်းဆုံခြင်း တို့ဖြစ်ပါတယ်။
၄။ အမြဲတမ်းပြုံးခြင်း
ရူးနေတယ်လို့ မထင်ပါနဲ့။ သူတို့က သင့်ပတ်ဝန်းကျင်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ကိုစဉ်းစားပြီး သင်အမြဲတမ်း ပြုံးနေတယ်ဆိုရင် သင်ဟာ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားနေတာ ဖြစ်နိုင်ပါတယ်။။ သူတို့နှင့်အတူ ရှိနေတဲ့အခါ သင်မပြုံးချင်တဲ့အချိန်မှာတောင် ပြုံးဖို့ အကြောင်းပြချက် ရှာတတ်ပါတယ်။ သူတို့အနားမှာ မရှိချိန်တောင် သူတို့အကြောင်း စဉ်းစားပြီး ပြုံးနေပါလိမ့်မယ်။ သူတို့က မတူညီတဲ့ တိုက်ကြီးတစ်ခုမှာ ရှိနေရင်တောင် သူတို့က သင့်ကိုပြုံးစေနိုင်ပါတယ်။ ဒီစာပိုဒ်ကိုဖတ်နေရင်း သင်တစ်စုံတစ်ယောက်ကို သတိရသွားပြီး ပြုံးမိပါက သူတို့ဟာ သင်ရှာနေသောသူတစ်ယောက်ဖြစ်ပါတယ်။
၅။ သေးငယ်တဲ့အရာ/အပြောင်းအလဲတွေကို သတိပြုမိခြင်း
အသေးစိတ်အချက်အလက်တွေက လှပသော ပုံကြီးတစ်ပုံအတွက် လိုအပ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ အထူးချိတ်ဆက်မှုတစ်ခုကို သင်မျှဝေတဲ့အခါ အခြားသူတွေ သတိမပြုမိတဲ့အရာတွေကို သတိပြုမိလာပါတယ်။ ဆံပင်ပုံစံအသစ် ၊ အဝတ်အစားအသစ်၊ သူတို့နှစ်သက်သောအရာများ၊ သူတို့အကြိုက်နဲ့ မကြိုက်တဲ့အရာတွေ၊ သူတို့ပြောပြတဲ့ အဖြစ်အပျက်တွေကို အသေးစိတ် အာရုံစိုက်တတ်ပြီး သတိရတတ်ပါတယ်။
၆။ အချိန်ဘယ်လို ကုန်သွားမှန်း မသိခြင်း
“အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်း မသိဘူး’ ဆိုတဲ့စကားလုံးက ဒီလူနှင့်အတူ ရှိနေတဲ့အခါ ဖြစ်ပျက်လာတာကို ဖော်ထုတ်ပြနေတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အချိန်က ပြောပုံအရဆိုရင် ထွက်ပြေးနေပုံရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ပြီဆိုတာနဲ့ စကားတွေပြောပြီး သင်တို့မှာ ပြောပြချင်တဲ့စကားတွေက များနေပါလိမ့်မယ်။
၇။ စိတ်ပင်ပန်းမှု
စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ တင်းမာမှု အမျိုးအစားမဟုတ်ဘဲ သင်တို့နှစ်ယောက်ကြားမှာ ရုပ်ပိုင်းဆိုင်ရာ တင်းမာမှု အမြဲရှိနေပါတယ်။ သူ့ရှေ့မှာ မနေတတ် မထိုင်တတ်ဖြစ်နေတာ၊ ကိုယ့်လက်ကို ဘယ်နားထားလို့ ထားရမှန်းမသိတာ၊ အယောင်ယောင်အမှားမှားဖြစ်နေတာမျိုးဖြစ်ပါတယ်။
၈။ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုနီးကပ်မှုကို ရယူတာ
သင်တို့နှစ်ယောက်စလုံးဟာ လောကကြီးကို လျစ်လျူရှုထားပြီး လူစည်းကားတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်နေဖို့ ကြိုးစားနေတဲ့အခါ ဒါက သင့်မှာ chemistry ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။
၉။ ပတ်ဝန်းကျင်ရှိလူတွေကို အာရုံမစိုက်ခြင်း
ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သင်တို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံတဲ့အခါတိုင်း သင်တို့နှစ်ယောက်သာ အရေးအကြီးဆုံးပဲလို့ခံစားရတာ၊ ကမ္ဘာပေါ်မှာ သင်တို့နှစ်ယောက်ထဲပဲလို့ ခံစားရတာ ဖြစ်နိုင်ပါတယ်၊ ဆဲလ်ဖုန်းစွဲလမ်းနေတဲ့ ကမ္ဘာကြီးမှာ တကယ်လို့ သင့်ကို (ဖုန်းနဲ့ သူနဲ့) တစ်ခုခုကိုရွေးပါဆိုရင် သင်ရွေးချယ်မှာက သူ့ကိုပါပဲ။
Lifestyle_Myanmar
LM_Nandar
Source-stylecraze