မသိဘူး၊ ဒေါသထွက်မယ်ဆိုတဲ့ အင်္ဂါနေ့ဖွားသားသမီးများအကြောင်း သိကောင်းစရာများ
lifestylemyanmar.com
|
2020-07-15



အင်္ဂါနေ့ဆိုတာ ရက်သတ္တပတ်တစ်ခုရဲ့ တတိယမြောက်နေ့ရက်ဖြစ်ပြီး အဲ့ဒီနေ့မှာ မွေးဖွားတဲ့သူတွေဟာ ကမ္ဘာမြေနဲ့ အနီးဆုံးဂြိုဟ်ဖြစ်တဲ့ မားစ်ဂြိုဟ်ရဲ့ လွှမ်းမိုးမှုကို အဓိကခံစားရတဲ့နေ့ဖွားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ တိုက်ပွဲဝင်စိတ်ပြင်းထန်နေတဲ့သူတွေဖြစ်ပြီး ဦးဆောင်လိုစိတ်နဲ့ အနိုင်ရလိုစိတ်ပြင်းထန်တဲ့သူတွေပါ။ အမြဲတမ်းမီးဟုန်းဟုန်းတောက်အောင် အလုပ်လုပ်နေကြပြီး တက်ကြွတယ်၊ စိတ်အားထက်သန်မှုအပြည့်ရှိတယ်၊ အဆုံးမသတ်နိုင်တဲ့စွမ်းရည်တွေနဲ့အတူ စိတ်သိပ်မရှည်တဲ့သူတွေလို့လည်း ဆိုနိုင်ပါတယ်။




ခွန်အားအပြည့်ရှိတဲ့သူတို့ဟာ လုပ်ငန်းခွင်အတွင်းမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်ကြပြီး စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်ကြသလို သူတို့ဘာတွေ စွမ်းဆောင်ပြနိုင်တယ်ဆိုတာကိုလည်း ပြသနိုင်ကြတဲ့သူတွေပါ။ အရေးကြီးတဲ့လုပ်ငန်းတွေမှာ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်တတ်ကြပြီး ဘဝတစ်လျှောက်လုံးမှာလည်း ရည်မှန်းချက်တွေ၊ ပစ်မှတ်တွေထားရှိပြီး တိုက်ပွဲဝင်နေကြသူတွေပါ။ မသိမကျွမ်းတဲ့အရာတွေကိုလည်း သင်ယူဖို့လက်မတွန့်သလို ကတိကဝတ်နဲ့ လုပ်ငန်းဆောင်တာတွေကြားထဲမှာလည်း အကောင်းဆုံး ကူးလူးလှုပ်ရှားနိုင်တဲ့သူတွေဖြစ်ပါတယ်။




အင်္ဂါနေ့ဖွားသားသမီးတွေဟာ ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့နေရာတွေမှာ အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ကြပြီး ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ တိုးတက်ဖို့အတွက်လည်း အမြဲတမ်းကြိုးစားနေကြတဲ့သူတွေပါ။ သူတို့အတွက် ကံကောင်းစေတဲ့ ကိန်းဂဏန်းက (၉) ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်လို့ ကြီးမားတဲ့အလှည့်အပြောင်းတွေ ပြုလုပ်ဖို့အတွက်လည်း ဝန်မလေးတတ်ဘဲ အလုပ်ကိုကြိုးစားလုပ်တတ်တဲ့ သူတို့ရဲ့ သွင်ပြင်လက္ခဏာတွေကြောင့် အနားဝန်းကျင်ကသူတွေကိုပါ စိတ်ဓာတ်တက်ကြွစေပါတယ်။ ဒါပေမယ့်ဆိုးကွက်တစ်ခုအနေနဲ့ စကားတစ်ခွန်းမပြောခင် အဲ့ဒီစကားမှန်လား၊ မှားလားဆိုတာကို သေချာမစဉ်းစားဘဲ ပြောတတ်ကြတာကြောင့် တစ်ဖက်လူကို စိတ်ဆိုးဒေါသထွက်စေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။




အဲ့ဒါကြောင့် အင်္ဂါသားသမီးတွေအနေနဲ့ စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ကိုယ်ပြောမယ့်စကားက မှားလား၊ မှန်လားဆိုတာကို သေချာစဉ်းစားပြီးမှပြောဆိုသင့်ပါတယ်။ သူတို့လေးတွေရဲ့ နောက်ထပ်အားနည်းချက်တစ်ခုက စိတ်ခံစားလွယ်တာဖြစ်ပြီး ဟန်ချက်ညီမျှမှုက သူတို့ရဲ့ဘဝကို အောင်မြင်စေမယ့် အဓိကအချက်တစ်ခုလို့ဆိုရမှာပါ။ အချစ်ရေးမှာတော့ သူတို့ပြောလိုက်တဲ့စကားတွေက သူတို့ရဲ့ချစ်သူတွေကို အကြီးအကျယ်ထိခိုက်နစ်နာစေတတ်ပြီး ကိုယ့်ရဲ့ Relationship အပေါ်မှာ စိုးရိမ်စိတ်များတဲ့သူတွေလည်းဖြစ်ပါတယ်။ ရင့်ကျက်မှုနဲ့ နားလည်မှုရှိမှုတွေက အင်္ဂါနေ့ဖွားသားသမီးတွေရဲ့ Relationship ကို အဓိကထိန်းကျောင်းပေးမယ့်အရာတွေပါပဲ။




လက်ထပ်ပြီးနောက်ပိုင်းမှာလည်း ကိုယ့်ရဲ့ ဒေါသထွက်လွယ်မှုနဲ့ စိတ်မရှည်မှုတွေက အင်္ဂါနေ့ဖွားသားသမီးတွေရဲ့ အိမ်ထောင်ရေးအတွက် ကြီးမားတဲ့အဟန့်အတားတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့လက်တွဲဖော်တွေကိုတော့ အကောင်းဆုံး ကာကွယ်ပေးနိုင်ကြသူတွေဖြစ်ပြီး ထုံးစံအတိုင်း ကိုယ့်ရဲ့ပါးစပ်ကပြောလိုက်မယ့်စကားတွေအပေါ် အမြဲတမ်း အထူးသတိထားရမှာပါ။ တစ်ခါတလေကိုယ်ပြောလိုက်တဲ့စကားတွေက ကိုယ့်ရဲ့အိမ်ထောင်ဘက်အတွက် မေ့ဖျောက်လို့မရတဲ့ နာကျင်မှုတွေဖြစ်သွားနိုင်တာကြောင့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ သမီးရည်းစားဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် စကားပြောဆိုတဲ့နေရာမှာ အထူးသတိထားသင့်တဲ့နေ့နံတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။



#HM
#LifestyleMyanmar
Source: timesofindia
Lifestyle Myanmar မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အင်္ဂါနေ့
#သားသမီး
#စကား
#ဂြိုဟ်
#အိမ်ထောင်ရေး

Some text some message..