အချစ်-အမုန်းရောယှက်နေတဲ့ အချစ်ရေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခိုင်မာတဲ့ ခံစားချက်တွေရှိပေမယ့်လည်း ခံစားချက်တွေကိုဖော်ပြရာမှာ တသမတ်တည်းမရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ တစ်ချို့အချိန်တွေမှာ ကြင်ကြင်နာနာဆက်ဆံတတ်ကြပြီး တစ်ချို့အချိန်တွေမှာ ရန်သူတွေလို ပြုမှုကြတာဖြစ်ပါတယ်။ ဒါက လက်တွဲဖော်ရဲ့ လုပ်ရပ်တွေ၊ အပြုအမှုတွေကို သည်းမခံနိုင်တော့တဲ့ အခြေအနေမျိုးမှာ ဖြစ်လာပါတယ်။ အချစ်-အမုန်းရောယှက်နေတဲ့အချစ်ရေးမျိုးမှာရှိသော စုံတွဲတွေဟာ စိတ်ထဲမှာမရှိပေမယ့်လည်း ကြမ်းတမ်းသော စကားတွေကို ပြောဆိုလေ့ရှိပါတယ်။ အချို့ဖြစ်ရပ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်ဖြစ်ကြပြီး အချစ်ရေးကို အဆုံးသတ်ချင်ပေမယ့်လည်း အဆုံးသတ်လို့ မရတာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့စိတ်ခံစားမှုက ရှေ့နောက်မညီညွတ်တာ သိသာနေတဲ့အပြင် အခြားလက္ခဏာတွေကလည်း အချစ်-အမုန်းရောယှက်နေတဲ့ အချစ်ရေးဖြစ်နေတယ်လို့ ဖော်ပြနေပါတယ်။
Love-Hate Relationship ရဲ့လက္ခဏာများ
သင်နှင့် သင့်လက်တွဲဖော်ဟာ ပြင်းထန်သော စိတ်ခံစားမှုများမှတဆင့် အတတ်-အကျအပြောင်းအလဲရှိနေရင် Relationshipရဲ့သဘာဝကို ညွှန်ပြနေတဲ့ ဒီအပြုအမှု၊ လက္ခဏာတွေကို ရှာဖွေပါ။
၁။ တစ်ခါတစ်ရံ သင့်ဘဝမှာ ကံကောင်းမှုတစ်ခုအဖြစ် ခံစားရပါတယ်
ပြင်းထန်တဲ့ စိတ်ခံစားမှုတွေက အချစ်-အမုန်းရောယှက်နေတဲ့ဆက်ဆံရေးကို ဖော်ပြနေပါတယ်။ တစ်ခါတရံ သူတို့မှာရှိနေတဲ့ နှစ်သက်ဖွယ်ကောင်းသော အရည်အချင်းတစ်ချို့ကြောင့် သင်ဟာ တစ်ကမ္ဘာလုံးမှာ ကံအကောင်းဆုံးသူလို ခံစားရနိုင်ပါတယ်။ သင့်လက်တွဲဖော်ဟာ အင်တိုက်အားတိုက် တက်ကြွနေတတ်ပြီး ၊ သင့်ကိုအမြဲတမ်းအထောက်အကူဖြစ်စေ၊ သင့်ကိုဦးစားပေးစေတာကြောင့် သင်ချစ်ပါလိမ့်မယ်။ သင်ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သင့်လက်တွဲဖော်ရဲ့ တွန်းလှန်လို့မရသော တစ်ချို့အရည်အသွေးတွေကို တွေ့ရနိုင်ပါတယ်။
၂။ တစ်ခါတစ်ရံ သင်ဟာ ထိုအရာတွေကို သည်းမခံနိုင်ပါဘူး
ပကတိပိတ်ထားတဲ့ စရိုက်အနည်းငယ်ရှိပါတယ်၊ ဒါက သူတို့ရဲ့အတ္တ၊ စိတ်တိုမှု (သို့) ပျင်းရိမှုတို့ဖြစ်နိုင်ပါတယ်။ ဒီအလေ့အကျင့်တွေ(သို့) စရိုက်တွေက deal-breakerတွေ မဟုတ်သော်လည်း ယခုကော၊ နောက်ပိုင်းမှာပါ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သင့်လက်တွဲဖော်အား စိတ်ပျက်လာပြီး သူ့ကိုချစ်ခဲ့မိခြင်းက အမှားတစ်ခုပြုလုပ်မိသလို ခံစားရပါလိမ့်မယ်။
၃။ လမ်းခွဲလိုက်-ပြန်တည့်လိုက်ဖြင့် သံသရာလည်နေတာ
love-hate relationship မှာ သူ့ကို စိတ်အားထက်သန်စွာ ချစ်မြတ်နိုးသလို မုန်းတီးစိတ်လည်းရှိနိုင်ပါတယ်။ သင်တို့နှစ်ယောက်စလုံး အငြင်းပွားတဲ့အခါ ရန်ပွဲက ပြင်းထန်ပါလိမ့်မယ်။ လမ်းခွဲမယ်လို့ ခြိမ်းခြောက်တာတွေတောင် ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သော ဒေါသဖြစ်နေချိန်မျိုးမှာ သူ့ကို အလွန်အမင်းရွံရှာတာမျိုး ရှိပါလိမ့်မယ်။ သင်တို့ဟာ တကယ်တမ်းကျတော့ လမ်းမခွဲနိုင်သလို မကြာခင်မှာ ပြန်တည့်သွားတတ်ပြီး ရန်ဖြစ်တာကိုတောင် မေ့သွားနိုင်ပါတယ်။
၄။ relationship ကိုစိန်ခေါ်မှုတစ်ရပ်အဖြစ် မှတ်ယူထားတာ
အစပိုင်းမှာ သင်နဲ့ သင့်လက်တွဲဖော်ဟာ အကောင်းတွေချည်းပဲ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးတွေကို ထွက်ပေါ်လာတဲ့အခါ သင့်ကို စိတ်ပျက်လက်ပျက်ဖြစ်သွားစေပြိး အချစ်ရေးကို အဆုံးသတ်စေချင်ခဲ့ပါတယ်။ တချို့အပြုအမူတွေကို လုံးဝမခံမရပ်နိုင်အောင် ခံစားရပေမယ့်လည်း ကောင်းခဲ့တာလေးတွေနဲ့ ဖြေသိမ့်ပေးလိုက်တာမျိုး ရှိနိုင်ပါတယ်။
၅။ Relationshipက ဘယ်ကိုဦးတည်နေတယ်ဆိုတာ မသိတာ
တစ်ခြားစုံတွဲတွေရဲ့ Relationship ကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးခြင်း၊ ပံ့ပိုးပေးခြင်းဖြင့် ရှေ့ဆက်သွားနေတာကို သင်တွေ့မြင်နိုင်ပါတယ်။ သို့သော် သင်ဟာ ချစ်ခြင်း၊ မုန်းခြင်း မကောင်းကျိုးသံသရာမှာ တည်ရှိနေပါတယ်။ ရောနှောနေသော စိတ်ခံစားမှုတွေနဲ့ အတတ်အကျတွေကြောင့် သင်တို့အချစ်ရေးရဲ့အနာဂတ်က ဘာလဲဆိုတာကို အဖြေမရှာနိုင်ပါဘူး။ သင်ဟာ ဒီ relationship မှာအဆင်ပြေနေတာ ဖြစ်ကောင်းဖြစ်နိုင်သလို ချစ်တဲ့စိတ်ရှိနေသေးတာကြောင့် သူတို့နှင့်အတူ ဆက်ရှိနေချင်တာ၊ တစ်ကိုယ်ရေဘဝဖြစ်ခြင်းကို ကြောက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၆။ စိတ်ခံစားမှုဆိုင်ရာ ချိတ်ဆက်မှုကောင်း မရှိတာ
သင်ဟာ သင့်လက်တွဲဖော်မှာရှိတဲ့ တစ်ချို့စရိုက်တွေကို နှစ်သက်နေသော်လည်း သူတို့ရဲ့ အားနည်းချက်တွေကို အလုံအလောက် လက်မခံနိုင်ပါဘူး။ ဒီအရာက သင်တို့နှစ်ယောက်စလုံးကို ရေရှည်တည်မြဲတဲ့ အချစ်ရေးအတွက် မရှိမဖြစ်လိုအပ်သော စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှုရှိခြင်းကနေ တားဆီးနေပါတယ်။
သင်ဟာ ပြီးပြည့်စုံခြင်းနောက်ကိုသာ လိုက်နေတတ်ပြီး သင်လက်တွဲဖော်ကို သင်ရဲ့ perfect ဖြစ်သောစိတ်ကူးယဉ် ကောင်လေး(သို့) ကောင်မလေးပုံသဏ္ဍန်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားနိုင်ပါတယ်။ သူတို့က အံ့သြစရာကောင်းတဲ့ အလုပ်တစ်ခုလုပ်တိုင်း သင့်နှလုံးသားက သူတို့ကိုချစ်တဲ့ ချစ်စိတ်နဲ့ ပြည့်နေပါတယ်။ ပြီးတော့ သင့်အလိုဆန္ဒကို သူတို့ဆန့်ကျင်တဲ့အချိန်မှာ မုန်းတီးလာပါတယ်။ ချစ်စိတ်-မုန်းစိတ်က ဒွန်တွဲနေပြီး သူတို့အတွက် သင့်ခံစားချက်က အခြေအနေပေါ် မူတည်လာပါတယ်။
၇။ သင်တို့နှစ်ယောက်စလုံးမှာ စိတ်ခံစားမှု ဝန်စည်စလွယ်တွေရှိပါတယ်
emotional connection မရှိခြင်းက ပဋိပက္ခတွေ၊ ရန်ပွဲတွေကို ဆက်တိုက်ဖြစ်ပေါ်စေနိုင်ပါတယ်။ သင်ဟာ ပြဿနာတွေကို မဆွေးနွေးလိုတော့ဘဲ ဖုံးဖိထားနိုင်ပါတယ်။ အကျိုးဆက်က ဥပမာ- ဟင်းမချက်ထားတဲ့အတွက် သင့်ရဲ့အိမ်ထောင်ဖက်ကို ဒေါသထွက်တယ်၊ ထိုပြဿနာကို ဖြေရှင်းမယ့်အစား သင်ယခင်က မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို ထုတ်ဖော်လာပါတယ်။ ထိုသို့သော ဒေါသပေါက်ကွဲမှုက မုန်းတီးမှုနှင့် နာကြည်းမှုဆီကို ဦးတည်သွားနိုင်ပြီး ဒါက အနည်းဆုံး အနှောက်အယှက်ဖြစ်စေမယ့် ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်လာပါတယ်။ ထိုသို့ ဖြစ်လာတဲ့အခါ emotional connection မရှိခြင်းက အခြေအနေတွေကို ပိုဆိုးရွားစေပါတယ်။
၈။ လက်တွဲဖော်မှာရှိတဲ့ သင်မကြိုက်သောအရာတွေက သင့်ကို အနှောက်အယှက်ဖြစ်စေပါတယ်
အစောပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း သင်ရဲ့လက်တွဲဖော်နှင့် ပတ်သတ်ပြီး သင်သည်းမခံနိုင်တဲ့ အချို့သောအရာတွေ ရှိနိုင်ပါတယ်။ သင်ဟာ ဆွဲဆောင်ခံရရင်တောင် သူတို့ဆီက သင်မကြိုက်တဲ့အချက်တွေကို နားပူနားဆာလုပ်နိုင်ပါတယ်။ အဲဒါက သူတို့ကို ချစ်ဖို့ (သို့) လုံးဝမုန်းဖို့ ခက်ခဲစေပါတယ်။
သင့်ကို အနှောက်အယှက်ဖြစ်စေတဲ့အရာတွေနှင့် ပတ်သတ်ပြီး သင့်လက်တွဲဖော်အား ပြောပြဖို့ ကြိုးစားကောင်းကြိုးစားခဲ့ပေမယ့် ပြောင်းလဲသွားတာ မရှိပါဘူး။ နောက်ဆုံးမှာ သူတို့ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မှာ မဟုတ်ဘူးဆိုတဲ့အချက်နဲ့ အဆုံးသတ်သွားပါတယ်။ ကောင်းတဲ့ အရာတွေအတွက် ဆက်ရှိနေရမလား(သို့) မကောင်းသောအရာတွေအတွက် စွန့်ခွာရမလားဆိုတဲ့ ကိစ္စကို သင်မဆုံးဖြတ်နိုင်ပါဘူး။ ဒီအရာက သင့်ကို စိတ်ပျက်စေပါလိမ့်မယ်။
၉။ တစ်ယောက်နဲ့တစ်ယောက် အပြောအဆိုနည်းခြင်း
သင့်လက်တွဲဖော်နှင့်ပတ်သတ်ပြီး မသေချာမရေရာတဲ့အခါ၊ သူတို့နဲ့ စကားပြောခြင်းက ဘယ်နေရာမှ ခေါ်ဆောင်သွားမှာ မဟုတ်တဲ့အခါ ထဲသို့ သင့်သူငယ်ချင်းတွေ၊ မိသားစုတွေကို သင့် relationship ပြဿနာတွေ ပြောပြခြင်းဖြင့် သင့်ခေါင်းထဲမှာ ရှုပ်ထွေးနေတာတွေကို ဖြေရှင်းဖို့ ကြိုးစားတတ်ပါတယ်။ သူတို့က အရာရာကို ကွဲပြားစွာ မြင်တယ်လို့ သင်ခံစားရနိုင်သလို သင့်အချစ်ရေးကို ဘယ်လိုပြုပြင်ရမယ်ဆိုတာလည်း သင်သိကောင်းသိနိုင်ပါတယ်။ သင့်အနေနဲ့ သူ့ကို စိတ်အလွန်ပျက်ပြီး စကားမပြောချင်လောက်အောင် ဖြစ်နေပေမယ့်လည်း သူရဲ့ လိုအပ်ချက်တွေကို မြင်တဲ့အခါ လျစ်လျူမရှုနိုင်ဘဲ ဖြည့်ဆည်းပေးနေတတ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့ အပြုအမှုတွေအများစုနဲ့ သင်ဆက်စပ်နိုင်ရင် သင်ဟာ ချစ်တဲ့စိတ်နဲ့ မုန်းတဲ့စိတ် ဒွန်တွဲနေတဲ့ အခြေအနေမျိုးမှာရှိနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-momjunction