ခရမ်းရောင်ကိုကြိုက်နှစ်သက်တဲ့သူတွေရဲ့ အံ့ဩစရာ အရည်အချင်းကောင်းများ
lifestylemyanmar.com
|
2020-07-15



စိတ်ပညာရှင်တွေရဲ့ လေ့လာမှုများအရ လူတွေရဲ့ ကြိုက်နှစ်သက်တဲ့အရောင်တွေကို ကြည့်ရှုပြီး သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေနဲ့ စရိုက်လက္ခဏာတွေကို သုံးသပ်လို့ရနိုင်တယ်လို့ဆိုပါတယ်။ အခုဆောင်းပါးမှာတော့ ခရမ်းရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။




ခရမ်းရောင်သည် စည်းစိမ်ဥစ္စာကြွယ်ဝခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါ့အပြင် ရှေးခေတ်အခါက ခရမ်းရောင်ကို တော်ဝင်နန်းသုံးအရောင်အဖြစ်သတ်မှတ်ခဲ့ကြပြီး တော်ဝင်မျိုးနွယ်တွေသာ အသုံးပြုဖို့ ကန့်သတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ခရမ်းရောင်သည် ဉာဏ်ပညာနဲ့ ဝိဉာဉ်ရေးရာကို ကိုယ်စားပြုသလို သဘာဝအရလည်း ရှားပါးတဲ့ အရောင်ဖြစ်ပါတယ်။ အမြင်အာရုံအားဖြင့်လည်း ခွဲခြားနိုင်ဖို့ အခက်ခဲဆုံးအရောင်ဖြစ်ပြီး ၎င်းတွင် x-rays ၊ gamma rays များမှ လှိုင်းတိုများနဲ့ ပြင်းထန်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေလည်း ပါရှိတယ်လို့သိရပါတယ်။ ဒါကြောင့်မို့ ခရမ်းရောင်ကို အမြင်အာရုံစမ်းသပ်မှုများနဲ့ ထင်ယောင်ထင်မှားဖြစ်စဉ်တွေမှာ စမ်းသပ်ဖို့အသုံးပြုလေ့ရှိပါတယ်။




ခရမ်းရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ပြည့်ဝကြတဲ့သူတွေဖြစ်ကြပါတယ်။ စိတ်ထားကောင်းမွန်ကြတဲ့သူတွေဖြစ်ကြသလို ဉာဏ်ရည်အားဖြင့်လည်းမြင့်မားကြပါတယ်။ သူတပါးသတိမပြုမိတဲ့ အရာတွေကို လေ့လာတဲ့နေရာမှာ ထူးချွန်ကြပါတယ်။ အထူးသဖြင့် အနုပညာရပ်ပိုင်းဆိုင်ရာတွေမှာ အားကောင်းကြပါတယ်။ လူမှုဆက်ဆံရေးကောင်းမွန်ကြပြီး လူအများနဲ့ ပြောဆိုဆက်ဆံရတဲ့ အလုပ်အကိုင်မျိုးတွေနဲ့ ပိုပြီးကိုက်ညီမှုရှိကြပါတယ်။ ခရမ်းရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေရဲ့ အဓိကအားသာချက်ကတော့ လူအများရဲ့ အာရုံစိုက်မှုနဲ့ စိတ်ဝင်စားမှုတွေကို ခံကြရတာဘဲဖြစ်ပါတယ်။




ခရမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဟာ စိတ်ကူးယဉ်ဆန်ပြီး အတွေးများတတ်တာကြောင့်မို့ တခါတရံမျိုးမှာ ချိန်းဆိုထားတွေကို လွဲချော်သွားတာတွေ၊ မှားယွင်းသွားတာတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာစိတ်ကူးယဉ်ဆန်တတ်ကြပေမယ့် လက်တွေ့ဘဝနဲ့ ကင်းကွာနေတတ်ကြတဲ့ သူတွေတော့မဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတယ်။ လျို့ဝှက်နက်နဲတဲ့ ကိစ္စမျိုးတွေကို လေ့လာရတာကို နှစ်သက်တယ်။ အေးအေးဆေးဆေးနေလိုကြတဲ့သူတွေဖြစ်ပေမယ့် တိုက်ခိုက်ရတော့မယ်ဆိုရင်လည်း နောက်မဆုတ်တတ်ကြပါဘူး။ မတရားတဲ့အပြုအမူမျိုးတွေကိုလည်း မုန်းတီးကြပါတယ်။ သူတပါးကို ကူညီတတ်ကြပြီး ငွေရေးကြေးရေးပိုင်းဆိုင်ရာတွေမှာ လက်ဖွာတတ်ကြတာမို့ ပိုက်ဆံမမြဲတတ်ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။




ခရမ်းရောင်ကိုကြိုက်နှစ်သက်တဲ့သူတွေရဲ့ နောက်ထပ်ထူးခြားချက်ကတော့ သိနိုင်ဖို့ခက်ခဲနက်နဲတဲ့အရာတွေ၊ မှော်အတတ်ပညာပိုင်းဆိုင်ရာတွေ၊ အာဏာ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေနဲ့ ခိုင်မာတဲ့ဆက်နွယ်မှုတွေရှိနေတာဘဲဖြစ်ပါတယ်။ ထူးခြားတဲ့ သိမြင်မှုဆိုင်ရာတွေကိုလည်း တွေ့ကြုံရတတ်ပြီး အထူးသဖြင့် အန္တရာယ်နဲ့ ကြုံတွေ့ရတော့မယ်ဆိုပါက နိမိတ်လက္ခဏာတွေ၊ စကားသံမျိုးတွေကိုကြားသိရတတ်ပါတယ်။

ခရမ်းရောင်ကို ကြိုက်နှစ်သက်ကြတဲ့သူတွေဟာ အကောင်းကြိုက်ကြတဲ့သူတွေဖြစ်သလို ရည်မှန်းချက်ကြီးမားတဲ့သူတွေလည်းဖြစ်ကြပါတယ်။ သူတို့မျှော်မှန်းထားတဲ့ အခြေအနေမျိုး ရောက်ရှိနိုင်ဖို့ကိုလည်း အားသွန်ခွန်စိုက်ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်တွေကို ဦးစားပေးတတ်ကြတဲ့သူတွေဖြစ်တာကြောင့် ရင့်ကျက်မှုကို လိုအပ်ပါတယ်။ အချို့သောကိစ္စတွေမှာ ဦးနှောက်ကို သေချာအသုံးပြုဖို့လိုပါတယ်။ နှလုံးရေးရာကိစ္စမျိုးတွေမှာ လွှမ်းမိုးချုပ်ကိုင်လိုစိတ်ရှိတတ်ကြပြီး စိတ်ထိခိုက်ခံစားလွယ်တဲ့သူတွေလည်းဖြစ်ကြပါတယ်။ ဒါပေမယ့် မာနခဲလေးတွေဖြစ်ကြတာမို့ သူတို့ရဲ့ ခံစားချက်တွေကို အလွယ်တကူထုတ်ဖော်ပြသတာမျိုးတော့မရှိတတ်ကြပါဘူး။

#Lifestyle_Myanmar

#Dmo_aung

#Ref-louisem




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#ခရမ်းရောင်
#ပိုင်းဆိုင်ရာ
#အရောင်
#မာနခဲ
#အမြင်အာရုံ

Some text some message..