“ချမ်းသာတဲ့သူတစ်ယောက်ဟာ များများစားစားရှိသူမဟုတ်ပေမယ့် အလုံအလောက်ရှိသူတစ်ယောက်ဖြစ်တယ်”လို့ တစ်ချို့လူတွေက ပြောကြပါတယ်၊။ သို့သော် ဒီရှု့ထောင့်မှ ကြည့်ရင် လူတိုင်းက ကိုယ့်ကိုယ်ကို ‘ငါချမ်းသာကြွယ်ဝတယ်”လို့မပြောနိုင်ပါဘူး။ ဒါက အများအားဖြင့် လူတစ်ယောက်ဟာ ချမ်းသာလာဖို့ အစွမ်းကုန် ကြိုးစားသော်လည်း မအောင်မြင်တဲ့အခါမှာ ဖြစ်ပျက်ပါတယ်။ တစ်ခါတစ်ရံ ပြင်ပအခြေအနေတွေ ဝင်စွက်ဖက်သော်လည်း များသောအားဖြင့် ပြဿနာက ကိုယ့်ဆီမှာသာ ရှိနေတတ်ပါတယ်။
ချမ်းသာတဲ့သူတွေဟာ ( သူတို့မှာရှိတဲ့ ငွေပမာဏကလွဲလို့) တခြားသူတွေနဲ့ ဘယ်လိုကွာခြားသလဲ? နှင့် လူတစ်ယောက် ကံဇာတာတတ်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ မရှိကြောင်း အဆုံးအဖြတ်ပေးနိုင်မယ့် သိသာထင်ရှားသော နိမိတ်လက္ခဏာအချို့ကို ယနေ့မှာ မျှဝေပေးချင်ပါတယ်။
၁။ သူတို့က မတတ်နိုင်တဲ့ အရာတွေကို ဝယ်တတ်ကြပါတယ်
“သင်နှစ်ကြိမ်မဝယ်နိုင်ဘူးဆိုရင် ဒါကို သင်မတတ်နိုင်ဘူး”လို့ ဂီတပညာရှင် ဘီလျှံနာသူဌေးကြီး Jay-Zနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ ဒီစည်းမျဉ်းက အိမ်ခြံမြေမှလွဲပြီး အားလုံးဝယ်ယူမှုနဲ့ သက်ဆိုင်ပါတယ်။ သင့်လစဉ်လစာနဲ့ ညီမျှသော သင်ဝယ်ဖို့ စဉ်းစားနေသာ ဖုန်းတစ်လုံးဟာ ရုတ်တရက်ကျကွဲသွားတယ်ဆိုရင် သင်ဟာ နောက်တစ်နေ့မှာ အဲဒီလိုဖုန်းတစ်လုံး ထပ်ဝယ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။
၂။ သူတို့က လုံခြုံစိတ်ချရတဲ့ ကျောထောက်နောက်ခံအကြောင်းကို ကြားသာကြားဖူးကြပေမယ့် တစ်ခါမှ မကြုံဖူးပါဘူး
အရေးပေါ်အခြေအနေမှာ နှစ်လလောက်အသက်ရှင်ဖို့ အထောက်အကူပြုမယ့် ငွေအနည်းငယ်ကျန်နေခြင်းက ပိုက်ဆံနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ခဲ့သူတစ်ဦးရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်မထားတဲ့ ဘယ်အခြေအနေမျိုးမှာမဆို အကြွေးတင်ဖို့ ဖိအားပေးခံရသူဟာ ချမ်းသာဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သင့်ရဲ့ငွေကို စုဆောင်းဖို့ “သုံးပြီး ကျန်တဲ့ပိုက်ဆံကို မစုပါနဲ့၊ စုပြီး ကျန်တဲ့ပိုက်ဆံကိုသုံးပါ” ဆိုတဲ့ Warren Buffett ရဲ့အကြံဉာဏ်ကို လိုက်နာနိုင်ပါတယ်။
၃။ သူတို့ဟာ အကြွေးတွေကို ပျော်ပျော်ကြီး ဝယ်တတ်ကြပါတယ်
အကြွေးဝယ်ကဒ်နဲ့ ပေးချေခဲ့ရတဲ့ အားလပ်ရက် တစ်ရက်ဟာ သင်ရဲ့ငွေကြေးနှင့် ပတ်သတ်ပြီး တစ်ခုခုမှားနေကြောင်း အထင်အရှားပြနေတဲ့ လက္ခဏာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခါအားလျှော်စွာ အပန်းဖြေဖို့၊ အနားယူဖို့ လိုအပ်တာက သံသယဖြစ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအားလပ်ရက်ဟာ နောက်လာမယ့်လအတွက် ငွေစုရမယ့်အစား သင့်အကြွေးကို ဆပ်ရမှာဖြစ်တာကြောင့် အကြွေးနဲ့ အနားယူတာက ကောင်းတဲ့ အိုင်ဒီယာ မဟုတ်ပါဘူး။ “ကိုယ့်မှာမရှိသေးရင် ပိုက်ဆံမသုံးသင့်ဘူးလို့” သောမက်စ်ဂျက်ဖာဆန်က အကြံပြုထားပါတယ်။
၄။ သူတို့က များသောအားဖြင့် ပိုလျှံတဲ့ အစားအစာတွေကို လွှင့်ပစ်တတ်ကြပါတယ်
လူတစ်ယောက်ဟာ အမှိုက်ပုံးထဲကို ပျက်စီးနေတဲ့ အစားအစာတွေ ပုံမှန်လွှင့်ပစ်နေရင် သူတို့ရဲ့မီနူးကို ရက်ပေါင်းများစွာ ကြိုတင်စီစဉ်ဖို့တောင်မှ ပြဿနာရှိနေတယ်လို့ ဆိုလိုပါတယ်။ တကယ်တော့ သင့်ပိုက်ဆံတွေကို အမြဲတမ်း အမှိုက်ထဲ ပစ်ထည့်နေတာဖြစ်ပါတယ်။
၅။ သူတို့က စွန့်စားရမှာကို ကြောက်ကြပါတယ်
ငွေစုအကောင့်တွေမှာ ရင်းနှီးမြုပ်နံပြီး ချမ်းသာကြွယ်ဝလာတဲ့ သန်းကြွယ်သူဌေးတွေ သင်ဘယ်လောက် သိပါသလဲ? တစ်ချိန်က စီးပွားရေးသမား ရောဘတ်အယ်လန်က “လုပ်ပြီးသားတွေကို ဆက်လုပ်မယ်ဆိုရင် သင်ဟာ ထပ်တူရလဒ်တွေ ရရှိလိမ့်မယ်”လို့ ဆိုပါတယ်။ သင့်လစာရဲ့ ထက်ဝက်ကို ထီထိုးလိုက်ပြီး ကျန်တာတွေကို dubious stocks မှာရင်းနှီးမြှုပ်နှံသင့်ကြောင်း မဆိုလိုပါဘူး။ ဒါပေမယ့် အန္တရာယ်တွေကို ရှောင်ရှားပြီး သက်သောင့်သက်သာရှိတဲ့ဇုန်မှာ သင့်ဘဝတစ်ခုလုံးကို ဖြုန်းတီးဖို့ မျှော်လင့်ခြင်းက ချမ်းသာမှု မရရှိဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၆။ သူတို့က အသစ်တွေကို မလေ့လာကြပါဘူး
ကမ္ဘာကြီးက မယုံနိုင်လောက်တဲ့နှုန်းနဲ့ ပြောင်းလဲနေပြီး သင်ဟာ ဒီနေရာမှာပဲနေတာထက် ပြေးနေရပါမယ်။ ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုတွေ ရရှိဖို့နဲ့ တိုးတတ်ဖို့အတွက် အချိန်နဲ့ပိုက်ဆံတွေကို ပုံမှန်မသုံးစွဲရင် လက်ရှိဝင်ငွေကို ထိန်းသိမ်းထားနိုင်ပေမယ့် စည်းစိမ်ဥစ္စာနှင့်ပတ်သတ်ပြီး မေ့ထားရပါလိမ့်မယ်။ Elon Musk ကို “ဒုံးပျံတွေ တည်ဆောက်ဖို့ ဘယ်လိုလေ့လာခဲ့သလဲ”လို့ မေးမြန်းတဲ့အခါ သူက “ငါစာအုပ်တွဖတ်တယ်”လို့ ပြောခဲ့ပါတယ်။
၇။ သူတို့အနားယူပုံက မှားနေတတ်ကြပါတယ်
“ချမ်းသာတဲ့သူတွေမှာ တီဗီသေးသေးလေးနဲ့ စာကြည့်တိုက်ကြီးတွေရှိပြီး ဆင်းရဲတဲ့လူတွေမှာ စာကြည့်တိုက်သေးသေးလေးနဲ့ တီဗီအကြီးကြီးတွေရှိတယ်”လို့ စာရေးဆရာနှင့် အရောင်းစာရေး Zig Ziglar ကဆိုပါတယ်။ အပန်းဖြေဖို့ စဉ်းစားတဲ့အခါ activities တွေရှိပေမယ့် တကယ်တော့ ကွန်ပျူတာဂိမ်းတွေ၊ အင်တာတိန်းမန့် ဗီဒီယိုတွေ၊ ဆိုရှယ်မီဒီယာ ကြည့်တာတွေက သင့်အချိန်တွေကို ဖြုန်းတီးပစ်တာပါပဲ။ ဒီလှုပ်ရှားမှုတွေတက သင့်ဘဝကို သင်စိတ်မဝင်စားတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
၈။ အိမ်မှုကိစ္စတွေမှာ အားချိန်ကို ဖြန်းပစ်ကြပါတယ်
သန့်ရှင်းရေးနဲ့ ချက်ပြုတ်ခြင်းက ရှောင်ဖို့ ခက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်သော်လည်း တစ်နေ့လုံးအိမ်အလုပ်နဲ့ အချိန်ကုန်ခြင်းက မှားပါတယ်။ တစ်နေ့လျှင် ၂၄နာရီသာရှိပါတယ်။ အိပ်ချိန်၊ အလုပ်လုပ်ချိန် နုတ်လိုက်ရင် သင့်မှာ ၅နာရီ- ၆နာရီသာ ရှိပါတော့တယ်။ ဖုန်သုတ်ခြင်း၊ ဟင်းချိုချက်ခြင်းနှင့် ကြက်သားကင်ခြင်းအပေါ်မှာသာ အချိန်ကုန်နေရင် သင့်ဘဝတိုးတတ်စေဖို့ အချိန်မကျန်တော့ပါဘူး။ ကျွန်တော်တို့အချိန်ဟာ အိမ်အလုပ်ကျွမ်းကျင်သူတွေရဲ့ ဝန်ဆောင်မှုတွေထက် ပိုတန်ဖိုးရှိတဲ့အခါ အိမ်မှုကိစ္စတွေကို သူတို့နဲ့ လွှဲအပ်ထားခြင်းက ပိုအကျိုးရှိပါတယ်။
၉။ သူတို့က ပိုက်ဆံကို မထိန်းချုပ်တတ်ကြပါဘူး
စီးပွားရေးနည်းပြ Jaime Tardy က ချမ်းသာကြွယ်ဝသူတွေနဲ့ အဓိကကွာခြားချက်မှာ သူတို့က ငွေကို မထိန်းချုပ်နိုင်ဘဲ ငွေက သူတို့ကို ထိန်းချုပ်ထားတာလို့ ယုံကြည်ပါတယ်။ သင်ဈေးဝယ်ထွက်ပြီး သင့်ပိုက်ဆံအိတ်ထဲမှာ ငွေဘယ်လောကကျန်သလဲဆိုတာကို ဂရုမစိုက်ပါက သင်စည်းစိမ်တွေကို ကောင်းကောင်းထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ ချမ်းသာဖို့ဆိုရင် သင့်ရဲ့ဝင်ငွေနဲ့ ကုန်ကျစရိတ်ကို အချိန်တိုင်းသိသင့်ပါတယ်။
၁၀။ သူတို့ရဲ့အစီအစဉ်တွေကို လူတိုင်းနဲ့ မျှဝေတာ
ပိုချမ်းသာလာဖို့ စီစဉ်နေတဲ့ နည်းလမ်းတွေကို ဝေမျှခြင်းက သင့်အားကူညီမယ့်သူတွေကိုသာ ဆိုလိုတာဖြစ်ပေမယ့် ဒီလိုလူက အနည်းငယ်သာရှိပါတယ်။ ထို့အပြင် လူအများစုက သင့်ကို မြေကြီးပေါ်သို့ ပြန်ပို့ဖို့ ကြိုးစားခြင်း၊ မင်းဘာလို့ ကျရှုံးရသလဲဆိုတာ ရှင်းပြခြင်းဖြင့် စေတနာကောင်းပြပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။