စာဖတ်ခြင်းက ဗဟုသုတတိုးတက်စေတဲ့အပြင် တခြားဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်သေးသလဲ
mystylemyanmar.com
|
2020-07-17

စာအုပ်စာပေတွေကို မကြာခဏဖတ်ရှုပေးခြင်းက သင့်ကိုပိုပြီး တော်စေတတ်စေ စကားကြွယ်စေတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်ခြင်းက ဒီလိုအကျိုးကျေးဇူးတွေကိုပဲ ပေးနိုင်တယ်လို့ ထင်မယ်ဆိုရင်တော့ သင်မှားသွားပါပြီ။ တကယ်တမ်းကျတော့ ဘယ်လောက်ပဲ ထူထူပါးပါး စာအုပ်ဖတ်ခြင်းကနေ သင်ရရှိနိုင်မယ့် တခြားအကျိုးကျေးဇူးတွေကရော ဘာတွေဖြစ်နိုင်မလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ စိတ်ဖိစီးမှုသက်သာစေတယ်




စိတ်ဖိစီးမှုတွေ များနေတယ်လို့ ခံစားရတဲ့ အခြေအနေတွေ၊ အချိန်တွေမှာဆိုရင် စိတ်အပြောင်းအလဲဖြစ်သွားအောင်လို့ စာအုပ်တစ်အုပ်ကို ယူပြီးဖတ်လိုက်ခြင်းက သင့်ရဲ့စိတ်ညစ်မှုတွေကိုလည်း ပြေပျောက်စေကာ ဗဟုသုတလည်း ရစေနိုင်ပါတယ်။

၂။ စိုးရိမ်ကြောင့်ကျမှုတွေ သက်သာစေတယ်




ကိုယ့်မှာဖြစ်ပေါ်နေတဲ့ စိတ်မတည်မငြိမ်ဖြစ်ခြင်းတွေကို လုံးဝအရှင်းပျောက်အောင် စာဖတ်ခြင်းက မကုသပေးနိုင်ပေမယ့်လည်း အတွေးလွန်ပြီး ခန္ဓာကိုယ်ကို ဒဏ်မဖြစ်စေအောင်လို့တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဝတ္ထုတစ်ခုခုဖတ်လိုက်ပြီး အတွေးနယ်ထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြုပ်ထားခြင်းက စိတ်ကိုအနားပေးရာရောက်ပါတယ်။

၃။ အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်




စာဖတ်ခြင်းက ဦးနှောက်ကိုအလုပ်လုပ်စေတာကြောင့် စာမဖတ်ဘဲ ဒီတိုင်းနေလေ့ရှိသူတွေထက် စာဖတ်လေ့ရှိသူတွေဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်းအင်မတန်နည်းပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာလေ့ကျင့်ခန်းတွေသာမက စာဖတ်ခြင်းဖြင့်လည်း ဦးနှောက်ကို အလုပ်လုပ်ပေးသင့်ပါတယ်။

၄။ မြန်မြန်အိပ်မောကျစေတယ်




ညဖက်တွေမှာ အိပ်ရာထဲရောက်ကာမှ ဖုန်းသုံးတတ်တဲ့အကျင့်က အိပ်ချိန်ကိုနည်းစေကာ သင်အိပ်မောကျစေဖို့ အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ မိုဘိုင်းလ်ဖုန်းရဲ့ စခရင်မ်အလင်းရောင်က အိပ်စက်မှုဟော်မုန်း melatonin ထုတ်လုပ်မှုကို လျော့ကျစေနိုင်တဲ့အတွက်ကြောင့် ဖုန်းသုံးမယ့်အစား စာအုပ်ဖတ်လိုက်ပါ။

၅။ ပေါင်းသင်းဆက်ဆံမှုတိုးတက်စေတယ်




စာဖတ်ခြင်းက ကိုယ့်ရဲ့လက်ရှိဘဝနဲ့ မတူညီကွဲပြားတဲ့ ဘဝတွေကို ဖန်တီးကြည့်နိုင်အောင် ပုံဖော်ဝင်ရောက်နိုင်အောင်လို့ ကူညီပေးပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တခြားသူတွေကို ပိုပြီးနားလည်တတ်လာတာကြောင့် လူအများနဲ့ပေါင်းသင်းဆက်ဆံချိန်မှာ ပြောရဆိုရတာ ပိုပြီးလွယ်ကူလာပါတယ်။


The post

စာဖတ်ခြင်းက ဗဟုသုတတိုးတက်စေတဲ့အပြင် တခြားဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်သေးသလဲ appeared first on

MyStyle Myanmar .


#စာဖတ်ခြင်း
#အယ်လ်ဇိုင်းမား
#စာအုပ်
#စိတ်ဖိစီးမှု
#ဗဟုသုတ

Some text some message..