ကိုယ့်ရဲ့ချစ်သူကို အမှန်တကယ်ချစ်တဲ့ ယောက်ျားကောင်းတို့ရဲ့ အမူအကျင့်များ
lifestylemyanmar.com
|
2020-07-17



ဘယ်လိုအချက်အလက်မျိုးတွေကိုကြည့်ပြီး ယောက်ျားကောင်း ဟုတ်မဟုတ်ဆိုတာမျိုးကို ဆုံးဖြတ်လို့ရနိုင်မလဲ? မိန်းကလေးတိုင်းမှာ ကိုယ်စီမျှော်လင့်ချက်တွေရှိသလို သူတို့ပိုင်ဆိုင်ချင်တဲ့ ယောက်ျားလေးတွေရဲ့ စံနှုန်းစံထားတွေရှိတတ်ကြပါတယ်။ ဒီတော့ ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ယောက်ျားကောင်းတွေရဲ့ အမူအကျင့်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူဟာ ကူညီတတ်တယ်




ကူညီတယ်ဆိုတာမျိုးက ကြီးကြီမားမားကိစ္စမျိုးဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါ့ပေမယ့် သူဟာ သင့်အတွက် တံခါးဖွင့်ပေးတာမျိုး၊ လေးလံတဲ့အရာဝတ္ထုမျိုးတွေဆို ကူညီသယ်ယူပေးတာမျိုး အစရှိတဲ့ အသေးအဖွဲ့မျိုးတွေကလည်း သင့်ကို ဂရုစိုက်မှုရှိကြောင်းသိစေလိုတဲ့ ရည်ရွယ်ချက်ဘဲဖြစ်ပါတယ်။ လူတယောက်ရဲ့ စိတ်ရင်းစေတနာဟာ သူပြုလုပ်လိုက်တဲ့ အရာမျိုးပေါ်မှာရောင်ပြန်ဟပ်နေတာမို့ ဒီလိုအသေးအဖွဲ့ကိစ္စမျိုးတွေကို ကြည့်ပြီးတော့ လူတယောက်သည် စိတ်ထားကောင်းရှိ/မရှိ ဆိုတာမျိုးကို အကြမ်းဖျင်း ဆုံးဖြတ်လို့ရပါတယ်။

၂။ သူဟာ စိတ်ရှည်သည်းခံတတ်တယ်




ယောက်ျားကောင်းတွေရဲ့ နောက်ထပ်အရည်အချင်းကောင်းတခုက မလိုအပ်ဘဲ အငြင်းပွားရတဲ့ကိစ္စမျိုးတွေကို ရှောင်လွှဲတာမျိုးဘဲဖြစ်ပါတယ်။ နားလည်မှုလွဲမှားတာတွေ၊ အငြင်းပွားစရာကိစ္စမျိုးတွေမှာလည်း စိတ်ရှည်သည်းခံပြီး ပြဿနာကို ဖြေရှင်းဖို့သာဦးတည်တတ်ကြပါတယ်။ ဒါ့အပြင် အကြောင်းမဲ့သက်သက်ဝေဖန်တိုက်ခိုက်တာမျိုး၊ ပြဿနာတွေကို ပိုကြီးထွားအောင်ပြုလုပ်တာမျိုးတွေလည်း မရှိတတ်ကြပါဘူး။

၃။ ရည်မှန်းချက်တွေကို ကူညီဖြည့်ဆည်းပေးတတ်တယ်




ယောက်ျားလေးတော်တော်များများက သူတို့ရဲ့ မိန်းခလေးတွေဟာ သူတို့ထက်ပိုပြီး နေရာရတာမျိုး၊ ဝင်ငွေရှိတာမျိုး၊ ရာထူးကြီးတာမျိုးကို လက်ခံဖို့ခက်ခဲတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ မာန်မာနတွေ၊ မလိုတမာမှုတွေ ဒါမှမဟုတ် သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ လျော့နည်းသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူကို တကယ်ချစ်တဲ့၊ ယောက်ျားကောင်းပီသတဲ့သူတွေကတော့ ဒီလိုစိတ်ထားမျိုးတွေမရှိတတ်ကြဘဲ သူတို့ချစ်သူမိန်းခလေးရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အားပေးကူညီတတ်ကြပါတယ်။ ဒီလိုလူမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့ မိန်းခလေးတွေကတော့ ကံအကောင်းဆုံးမိန်းခလေးတွေလို့ ပြောလို့ရပါတယ်။

၄။ ပျင်းရိစရာမကောင်းဘူး




ဒီအချက်က ချစ်သူစုံတွဲတွေကြားမှာ အရေးကြီးတဲ့အချက်တချက်ဘဲဖြစ်ပါတယ်။ တဘဝလုံးအတူရှိနေရမယ့် လူတယောက်ဟာ စိတ်လှုပ်ရှားဖို့မကောင်းဘဲ ပျင်းရိစရာလူတယောက်ဆိုရင်တော့ ရေရှည်မှာ အဆင်မပြေနိုင်လောက်ပါဘူး။ယောက်ျားကောင်းဆိုသူတွေဟာ သူတို့ချစ်မြတ်နိုးတဲ့ မိန်းခလေးတွေကို တန်ဖိုးထားပြီး စိတ်ပိုင်းဆိုင်ရာကိစ္စမျိုးတွေကအစ စိတ်မသက်မသာ မဖြစ်စေရအောင်၊ ပျင်းရိခြင်းမဖြစ်ရအောင် ဘယ်လိုပြုမူရမယ်ဆိုတာ သိကြပြီး ကိုယ့်ချစ်သူပျော်ရွှင်ဖို့အတွက် နည်းလမ်းလေးတွေကို ဖန်တီးတတ်ကြပါတယ်။

၅။ သူဟာ ကာကွယ်ပေးတတ်တယ်




စိတ်ခံစားမှုဆိုင်ရာတွေမှာဘဲဖြစ်ဖြစ်၊ ပြဿနာတွေနဲ့ ကြုံတွေ့လာရတာဘဲဖြစ်ဖြစ် သူတို့ဟာ သူတို့ချစ်သူကောင်မလေးရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးတတ်ကြပါတယ်။ ဘယ်လိုအရာတွေကြုံတွေ့လာရရင် ဘယ်လိုကာကွယ်ပေးမယ်၊ လုံခြုံမှုရှိစေဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို အသုံးချရမယ် အစရှိတာတွေကိုလည်း ရှာဖွေထားတတ်ကြပါတယ်။

၆။ နားထောင်ပေးတတ်တယ်




ယောက်ျားကောင်းလို့ပြောလို့ရတဲ့သူတွေရဲ့ နောက်ထပ်ကောင်းမွန်တဲ့ အချက်တချက်ကတော့ လူတဘက်သားကို နားလည်ပေးတတ်ပြီး ခံစားချက်တွေ၊ ပြောစကားတွေကို နားစိုက်ထောင်ပေးတတ်ပါဘဲဖြစ်ပါတယ်။ ဒီအချက်ကလည်း ပျော်ရွှင်တဲ့ချစ်သူစုံတွဲတတွဲဖြစ်ဖို့အတွက် အရေးကြီးတဲ့အချက်တချက်ဘဲဖြစ်ပါတယ်။ မိန်းခလေးတွေဟာ ယောက်ျားလေးတွေလို စိတ်ဖိစီးမှုတွေကို ဖောက်ခွဲဖို့၊ ဖောက်ထုတ်ပစ်ဖို့အတွက် မလွယ်ကူတဲ့ကန့်သတ်ချက်တွေရှိတတ်ကြတာမို့ သူတို့ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကို စကားလုံးတွေနဲ့သာ ဖောက်ထုတ်ပစ်တတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်အပေါ်ကို နားလည်မှုရှိပြီး၊ စိတ်ခံစားချက်တွေကို နားလည်ပေးစွမ်းနိုင်တဲ့သူမျိုးရှိနေဖို့က အရေးကြီးပါတယ်။ ဒါမှသာ စိတ်ဖိစီးဒဏ်တွေကနေ ရုန်းထွက်နိုင်မှာဘဲဖြစ်ပါတယ်။

၇။ သူဟာ သူ့ချစ်သူကောင်မလေးရဲ့ တန်ဖိုးကို အပြည့်အဝနားလည်တယ်



သူတို့ဟာ သူ့ချစ်သူကောင်မလေးနဲ့ပတ်သတ်တဲ့ အောင်မြင်မှုတွေ၊ အလုပ်အကိုင်တွေကို အမြဲလိုဂုဏ်ယူဝင့်ကြွားတတ်ပြီး
ချစ်သူကောင်မလေးရဲ့ စိတ်အားထက်သန်မှုတွေ၊ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့၊ ထောက်ခံအားပေးဖို့အတွက် အမြဲတမ်း
အသင့်ရှိနေတတ်ပါတယ်။ ချစ်သူကောင်မလေးရဲ့ ယုံကြည်မှုတွေကိုလည်း တန်ဖိုးထားလေးစားပြီး သူ့စိတ်သဘောထားနဲ့ မကိုက်ညီဘူးဆိုရင်တောင် နားလည်ပေးတတ်ကြပါတယ်။ ဒီအချက်ကလည်း ချစ်သူစုံတွဲတွေရဲ့ ရေရှည်ဆက်ဆံရေးအတွက် လိုအပ်တဲ့( အရေးကြီးတဲ့) အချက်တချက်ဘဲဖြစ်ပါတယ်။

၈။ သင့်ရဲ့ မိသားစုကို ဂရုစိုက်မှုရှိတယ်




ဒါဟာ မိန်းခလေးတယောက်ကို တကယ်မချစ်ဘဲနဲ့ ပြုလုပ်ပေးလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးတယ်ဆိုတာက သင်နဲ့ ပတ်သတ်တဲ့အရာရာတိုင်းကို တန်ဖိုးထားလို့ဘဲဖြစ်ပါတယ်။ နောက်တချက်က သင့်ရဲ့မိသားစုအဆင်မပြေဘူးဆိုရင် သင် စိတ်ဆင်းရဲရမှာကို မလိုလားတဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်မှာသာ ဒီလိုချစ်သူယောက်ျားလေးမျိုးပိုင်ဆိုင်ထားတယ်ဆိုရင် လက်လွှတ်မခံသင့်ဘဲ အမြန်ဆုံးအပိုင်သိမ်းထားသင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref-inspiringtips




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#ယောက်ျားကောင်း
#ချစ်သူ
#ယောက်ျားလေး
#အချက်
#စုံတွဲ

Some text some message..