လူမှုဆက်ဆံရေး ညံ့ဖျင်းသူဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၆)ချက်နှင့် ဖြေရှင်းနည်းများ
lifestylemyanmar.com
|
2020-07-23



သင်ဟာ လူမှုဆက်ဆံရေးမှာ လူဝင်မဆံ့ဘူးလို့ ခံစားနေရပါသလား? သင်ဟာ အမြဲတမ်း စိုးရိမ်ပူပန်စိတ်ရှိနေတယ်(သို့) ပြောဖို့ သင်လျော်တဲ့ စကားလုံးတွေကို ရှာဖွေနေရတယ်လို့ ထင်ရပါသလား? သင်လုပ်ရမယ့်အချိန်မှာ မှန်ကန်တဲ့ စကားလုံးတွေ မပြောနိုင်တာကြောင့် သင်ဟာ လူမှုရေးအရ မစွမ်းဆောင်နိုင်ဘူးလို့ ခံစားရဖူးပါသလား? ကောင်းပါပြီ၊ ဒီလက္ခဏာတွေ အားလုံးဆင်တူတယ်ဆိုရင် သင်ဟာ ငါဘာ့ကြောင့်ညံ့ဖျင်းရတာလဲ? လို့ ကိုယ်ကိုယ်ကို မကြာခဏ မေးလေ့ရှိတယ်ဆိုတာ သေချာပါတယ်။

ဒါက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး အစိတ်အပိုင်းဖြစ်သလို ခံစားရပေမယ့် ပြဿနာကို အလေ့အကျင့်တစ်ချို့၊ သတ္တိနှင့် ရိုးရှင်းသော စိတ်ရှည်မှုဖြင့် ကျော်လွှားနိုင်ပါတယ်။ သင့်မှာလိုအပ်တာက အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ သင်လုပ်နိုင်သော လှုံဆော်မှုတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ လူမှုရေးညံ့ဖျင်းမှု လက္ခဏာများနှင့် သင်ရဲ့စိတ်ရှုပ်ထွေးမှုကို လျော့နည်းစေမယ့် ဖြေရှင်းနည်း ၆ချက်ကို ဖော်ပြပေးထားပါတယ်။

လူမှုဆက်ဆံရေးမှာ လူဝင်မဆံ့သူတွေရဲ့ လက္ခဏာများနဲ့ ဖြေရှင်းနည်းများ

၁။ အခြားလူတွေနားမှာဆိုရင် စိုးရိမ်ပူပန်လွယ်ပါတယ်

လူတောမတိုးတဲ့သူတွေဟာ သူတို့စိတ်ထဲမှာ ကြောက်ရွံ့မှုတွေရှိပါတယ်။ ဒီကြောက်ရွံ့မှုက အမှားတစ်ခုခုပြောမိမှာ စိုးရိမ်ခြင်း (သို့) အခြားသူတွေနဲ့ အပြန်အလှန်တုန့်ပြန်နေစဉ်မှာ ကျရှုံးမှာကို စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက တစ်ခုခုဆိုရင် သင့်အတွက် အလုပ်မဖြစ်ဘူးဆိုတဲ့ ခံစားချက်မျိုး အမြဲတမ်း ရှိနေတတ်တာကြောင့်ပါ။

ဖြေရှင်းနည်းက သင့်ကိုယ်သင် motivate လုပ်ဖို့ ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေက မမှန်ဘူးလို့ စိုးရိမ်စိတ်ခံစားရတဲ့အခါတိုင်း action လုပ်ဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်နိုင်ပါတယ်။ လူမှုရေးနယ်ပယ်မှာ ကျွမ်းကျင်မှုမရှိသူတွေဟာ လူမှုရေးအဆင်မပြေမှုကို စောစာစီးစီး သတိပေးစနစ်အဖြစ် ကြုံတွေ့နိုင်ပါတယ်။

ဥပမာအားဖြင့် -တစ်စုံတစ်ယောက်က ရိုင်းပျတဲ့ဟာသတစ်ခုနဲ့ ပြက်လုံးထုတ်တဲ့အခါ ကသိကအောက်ဖြစ်သလို သင်ခံစားရနိုင်ပါတယ်။ (သို့) သင်ဟာ စိတ်ခံစားမှုတစ်ချို့ကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ မသိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အသက်ပြင်းပြင်းရှူပါ (သို့) ကိုယ့်ကိုကိုယ် အာရုံလွှဲတဲ့အနေနဲ့ ရေထသောက်တာမျိုးဖြင့် ပြဿနာကို သင့်စိတ်ထဲက ထုတ်ပစ်ပါ။




၂။ နှုတ်ဖြင့်မဟုတ်တဲ့ လူမှုရေးအချက်ပြတွေကို မရိပ်မိခြင်း

လူမှုရေးညံ့ဖျင်းသူတွေဟာ တခြားလူတွေ သူတို့အပေါ်ထားရှိတဲ့ ခံစားချက်တွေကို နားမလည်ကြပါဘူး။ တစ်ယောက်ယောက်က သူတို့ကို စကားမပြောချင်တော့ကြောင်း ပြသတဲ့ အချက်ပြတွေကို နားမလည်တတ်ကြပါဘူး။ သူတို့နားမထောင်ချင်တဲ့အချိန်မှာ ကိုယ်ကဆက်ပြောမိနေတာကြောင့် ဒီတစ်ဖက်သတ်ကြိုးစားမှုက တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့လူမှုရေးတွေ့ဆုံမှုတွေကို အဆင်မပြေဖြစ်စေနိုင်ပါတယ်၊ လူမှုရေးအဆင်မပြေမှုကို ကို ပိုမိုကောင်းမွန်စေဖို့အတွက် သူတို့ဆီမှာ ဒီအချက်လေးတွေ ရှိ/မရှိဆိုတာ ရှာဖွေပါ။
သူတို့ခြေထောက်တွေက သင့်ဘက်ကို ညွှန်ပြမနေဘဲ တခြားဘက်ကို ဦးတည်နေတာ
သူတို့ရဲ့ ခေါင်း(သို့) ကိုယ်ထည်က တခြားလမ်းကြောင်းဘက်ကို လှည့်ထားတာ
အပြန်အလှန်ပြောဆိုနေစဉ်အတွင်းမှာ သင့်ကိုစိတ်မဝင်စားဘဲ တခြားလှုပ်ရှားမှုတွေ လုပ်နေတာ
ပုံမှန်မျက်လုံးချင်းမဆုံတာ
သင်နဲ့ စကားပြောနေစဉ်မှာ သူတို့စိတ်ပျက်နေတာ
ခပ်ခွာခွာနေတာ




ဒီ Non-Verbal အချက်ပြတွေက မကြာခဏဖြစ်လာတယ်လို့ သင်ခံစားရရင် စကားလက်ဆုံပြောတာကို အဆုံးသတ်ပါ။ “မင်းကိုတွေ့ရတာ ပျော်ဖို့ကောင်းပါတယ်၊ မကြာခင် ပြန်တွေ့ကြတာပေါ့”လို့ပြောပြီး စကားလက်ဆုံပြောခြင်းကို လက်စသတ်ပါ။ သင့်ကို စကားဆက်မပြောချင်တဲ့သူတွေဟာ ခေါင်းစဉ်ကို မကြာခဏ ပြောင်းလဲလေ့ရှိပါတယ်။ သူတို့က မေးခွန်းတွေ ဆက်မမေးတော့ပါဘူး။ အမ်း၊ ဟုတ်တာပေါ့။ မဟုတ်ဘူးဆိုတဲ့ စကားလုံးအတိုလေးတွေကိုသာ ပြောပါတယ်။

၃။ စကားပြော အရမ်းနည်းခြင်း

မျှတသော စကားပြောဆိုမှုမှာ နားထောင်ခြင်း၊ အပေးအယူနှင့် သင့်လျော်တဲ့ ဟန်ချက်ညီမှုရှိရပါမယ်။ လူတောမတိုးမှုနှင့် ပတ်သတ်လာတဲ့အခါ သင်ဟာ စကားများလွန်းခြင်း (သို့) စကားနည်းလွန်းခြင်းတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ “ငါလူတောမတိုးတာလား”ဟု သင့်ကိုယ်သင်မေးတဲ့အခါ အကဲဖြတ်ရမယ့် အဓိကလက္ခဏာတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ စကားပြောဆိုမှုက ပြဿနာဖြစ်ပါက စကားပြောနှုန်းကို ခဏရပ်ဖို့ ကြိုးစားပါ။ အခြားသူတွေကို ပြောခွင့်ပြုပါ။ သို့သော် အချို့သော အခြေအနေတွေမှာ လူမှုရေးညံ့ဖျင်းသူတွေဟာ စကားနည်းလွန်းပါတယ်။ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို မသိတာကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ပြောသင့်လား/မပြောသင့်လားဆိုတာ မသိကြပါဘူး။

တစ်စုံတစ်ယောက်ရဲ့ အဝတ်အစားလိုမျိုး၊ မကြာသေးခင်က ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေ၊ ပြောင်းလဲနေတဲ့ ရာသီဥတု (သို့) စိတ်ခံစားမှု မစားသုံးသော အကြောင်းအရာမျိုးတွေကို ပြောနိုင်ပါတယ်။ လူတစ်ယောက်အား မကောင်းသော စိတ်ခံစားမှုများမှ ဝေးကွာစေတဲ့ ခေါင်းစဉ်တွေက လူမှုရေးအရ အသုံးမကျသော ပြောဆိုမှုတွေကို တိုက်ထုတ်ဖို့ သော့ချက်ဖြစ်ပါတယ်။




၄။ ထိရှလွယ်သော အကြောင်းအရာတွေ၊ အမှန်တကယ်အဆင်မပြေသော အကြောင်းအရာတွေကို မကြာခဏ ပြောဆိုခြင်း

Sex၊ ဘာသာရေး၊ နိုင်ငံရေးစတဲ့ အထိခိုက်မခံသော အကြောင်းအရာတွေကို ရှောင်ပါ။ လူမှုရေးမဝင်ဆံ့သူတွေဟာ မကြာခဏဆိုသလို ဒီအကြောင်းအရာတွေရဲ့ အကဲဆတ်မှုအပေါ် တိုင်းတာဖို့ မေ့သွားတတ်ကြပါတယ်။

လူမှုရေးညံ့ဖျင်းမှုကို တိုက်ဖျက်ဖို့ နည်းလမ်း တစ်ခုက စိတ်လှုပ်ရှားလွယ်သော ခေါင်းစဉ်တွေကို ဘေးဖယ်ထားဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် လူတစ်ယောက်ရဲ့ ရှု့ထောင်ဟာ အခြားလူတစ်ယောက်ရဲ့ အမြင်နှင့် မကိုက်ညီပါက အလွန်မဆင်မပြေသော စကားဝိုင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ သူတို့ရဲ့ ခံစားချက်တွေကို စစ်ထုတ်တာ ရှားပါးပြီး အရမ်းရိုးသားခြင်းနဲ့ အဆုံးသတ်ပါတယ်

လူမှုရေး ချေငံတဲ့နေရာမှာ လိမ်လည်မှု ကျွမ်းကျင်ဖို့ လိုအပ်တယ်ဆိုတာက အယူအဆမှားတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ ပတ်သတ်ပြီး သင်တကယ်ခံစားရတဲ့အရာတွေကို လုံးဝထုတ်ဖော်ပြောဆိုတာ မလုပ်ဖို့တောင် ဆိုလိုနိုင်ပါတယ်။ ဒီမုသားကို အများအားဖြင့် စေတနာမုသားလို့ ပြောကြပါတယ်။ အခြေခံအားဖြင့် လူတစ်ယောက်ကို “နင်ဝတ်ထားတဲ့အင်္ကျီ ငါမကြိုက်ဘူး”လို့ ပြောလို့မရပါဘူး။ သူတစ်ပါးကို အနှောက်အယှက်ပေးပြီး စော်ကားမယ်ဆိုရင် ယဉ်ကျေးတဲ့သူလို့ မသတ်မှတ်ပါဘူး။ လူမှုရေးအဆင်မပြေမှုတွေကို ရပ်တန့်ဖို့ ထိုသို့သော အပြုအမှုမျိုးကို ရှောင်သင့်ပါတယ်။




၆။ အခြားသူ ခံစားနေရတဲ့အရာတွေ၊ မျက်နှာအမူအရာတွေကို သတိပြုမိနိုင်စွမ်းမရှိပါဘူး

လူတောမတိုးသူတွေအတွက် အရေးအကြီးဆုံး ပြဿနာတစ်ခုမှာ သူငယ်ချင်းတွေက သင့်ကို အပြည့်အဝ နားမလည်နိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ခံစားချက်တွေကို မလေးစားသလို ခံစားမိနိုင်ပါတယ်။ လူတွေ ဘဝကို ပြောင်းလဲစေသော ဆုံးရှုံးမှုအကြောင်း ဖော်ပြတဲ့အခါ လူမှုရေးညံ့ဖျင်းသူတွေဟာ သူတို့ခံစားနေရတာကို အတိအကျ မပြောနိုင်ကြပါဘူး။

လူသားအများစုကို သဘာဝအရ လူမှုရေးသတ္တဝါတွေ ဖြစ်တယ်လို့ ယူဆကြပါတယ်။ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့နေရာကို သူတို့ရဲ့ အပြန်အလှန်ဆက်သွယ်နိုင်စွမ်းနဲ့ တိုင်းတာပါတယ်၊ သို့သော် အားမစိုက်ရတဲ့ ပြောဆိုဆက်ဆံမှုက လူတိုင်းရဲ့ အားသာချက်မဟုတ်ပါဘူး။ တစ်ချို့လူတွေအတွက် လူမှုရေးအဆင်မပြေမှုကို အကြိမ်ကြိမ် ကြုံတွေ့ရပါလိမ့်မယ်။ သင့်ရဲ့လူမှုရေးကိုယ်ရည်ကိုယ်သွေးကို ပြန်လည်စဉ်းစားခြင်းနှင့် ဒီပြဿနာကို ရှောင်ရှားဖို့ နည်းလမ်းများစွာ ရှာရန်လိုအပ်ပါတယ်။

လူဝင်မဆံ့မှုနှင့် လူမှုရေးစိုးရိမ်ပူပန်မှု

Social Anxiety Institute အဆိုအရ တစ်စုံတစ်ယောက်ဟာ လူမှုရေးစိုးရိမ်မှုရောဂါရှိပါက လူမှုရေးအရ အပြန်အလှန်ဆက်သွယ်ဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ ပြင်းထန်သော စိတ်ဖိစီးမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ သူတို့ရဲ့ အကြီးမားဆုံးစိုးရိမ်မှုတွေက အောက်ပါအချက်တွေ ဖြစ်ပါတယ်။
တခြားသူတွေနဲ့ မိတ်ဆက်ရတဲ့အခါ
သူတို့ ဝေဖန်၊ ကဲ့ရဲ့ခံရတဲ့အခါ
သူတို့ အာရုံစိုက်ခံလာရတဲ့အခါ
တစ်ချို့အားထုတ်ကြိုးပမ်းမှုတွေလုပ်နေစဉ်အတွင်းမှာ စောင့်ကြည့်ခံရတဲ့အခါ
လူမှုရေးတွေ့ဆုံမှုတွေ တာဝန်ယူရတဲ့အခါ
လူထုဟောပြောပွဲတွေ သွားရတဲ့အခါ




SAD ရှိသူတွေဟာ ထိုကဲ့သို့သော အခြေအနေတွေမှာ ရောက်ရှိနေပါက အလွန်အကျွံချွေးထွက်ခြင်း၊ မျိုချရခက်ခြင်း၊ တုန်လှုပ်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ကို တွေ့ကြုံရနိုင်ပါတယ်။ လူမှုရေးအဆင်မပြေသူတွေဟာ ဒီပြဿနာကို အမှန်တကယ်မဖြေရှင်းနိုင်ပါဘူး။ သို့သော် ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေ ရင်ဆိုင်ရပါက ကုသမှုနှင့် အကြံပေးခြင်းကို ရွေးချယ်ရပါမယ်။

Lifestyle_Myanmar
LM_Nandar


Source-stylecraze




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#လူမှုရေး
#လက္ခဏာ
#စိတ်ခံစားမှု
#အကြောင်းအရာ
#အပြန်အလှန်

Some text some message..