Instagram ဆန်ဆန် ရှုခင်းအသားပေး ခရီးသွားပုံလေးတွေ ဘယ်လိုရိုက်ကြမလဲ
moda.com.mm
|
2020-07-29

ခရီးသွားပြီဆိုမှတော့ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး သိမ်းထားချင်မှာပဲ။ Social Media ပေါ်မှာဆိုလည်း ခရီးထွက်တဲ့သူတိုင်း ပုံလှလှလေးတွေတင်တာ အားကျရတာလည်း အမော။ ခရီးသွားပုံလှလှလေးတွေက ကြည့်ရတာ လှသလောက် အားထုတ်ရတဲ့အပိုင်းတွေလည်း ရှိတယ်နော်။ ဓာတ်ပုံရိုက်တိုင်း လက်ကို ဘယ်နား ထားရမသိ၊ မျက်နှာ ဘယ်လို နေရမှန်းမသိ၊ ဒါမှမဟုတ် ခနာကိုယ်အနေအထား ဘယ်လိုထားရမလဲမသိဖြစ်နေရင်တော့ ဆက်ပြီး ဖတ်သွားဖို့လိုတယ်နော်။
Selfie ကြီးပဲရိုက်နေလို့လည်း အဆင်မပြေတော့ ဒီ Tip လေးတွေက အသုံးဝင်မှာအသေအချာပါ။ ပြီးတော့ အိုင်တင်ကြီးတွေ ထုတ်ပြီး လုပ်ရတဲ့ Pose တွေမဟုတ်ပဲ သဘာဝကျကျ ရှုခင်းလေးတွေကို အသားပေးတဲ့ပုံစံလေးတွေဖြစ်တာကြောင့် ဓာတ်ပုံရိုက်တာသိပ်မကြိုက်တဲ့ ကောင်မလေးတွေကော၊ Instagram ဆန်ဆန် ခရီးသွားပုံလေးတွေလိုချင်တဲ့သူတွေအတွက်ကော အဆင်ပြေတာပေါ့။


လမ်းလျှောက်




အလွယ်ဆုံးကနေ စလုပ်ကြည့်ရအောင်..လမ်းလျှောက်နေတဲ့ပုံကို ရိုက်ယူပါ။ Background နဲ့ အဆင်ပြေမယ့်အနေအထားကဖြစ်နေပါစေ။ ဒါမှ ဓာတ်ပုံတစ်ပုံလုံးက အချိူးညီညီနဲ့ အလိုက်ဖက်ဆုံးဖြစ်နေမှာပါ။


Enjoy the view




ကိုယ်တည်းတဲ့ Hotel က အရမ်းလှတဲ့နေရာမှာရှိနေရင်တော့ မနက်ပိုင်း Hotel မှာရှိနေတဲ့အချိန် ဓာတ်ပုံလေးတွေရိုက်နိုင်သေးတယ်နော်။ မနက်အိပ်ရာထ ကော်ဖီခွက်လေးကိုင်ပြီး ရှုခင်းတွေ ငေးမောကြည့်နေတဲ့ပုံစံကို ရိုက်ယူနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးလဲဖြစ်ပြီး အိုင်တင်အများကြီးလုပ်စရာမလိုပဲ သဘာဝကျတဲ့ပုံလှလှလေးရမှာပါ။


Follow me




ခရီးသွားပုံတွေထဲမှာ လူအရိုက်အများဆုံး၊ နာမည်အကြီးဆုံး Pose လေးဖြစ်ပါတယ်။ လက်လေးတစ်စုံလှမ်းပေးတဲ့ ဟန်နဲ့ နောက်က Landscape တစ်ခုလုံးကို အလှဆုံး ပုံဖော်ပေးနိုင်လို့ လူကြိုက်များတယ်လို့ဆိုရမှာပါ။ ထိုင်ပြီး လက်လှမ်းတဲ့ပုံစံ၊ မတ်တပ်ရပ်ပြီး လှမ်းတဲ့ပုံစံ၊ Camera ကို မကြည့်ပဲ ခေါင်းစောင်းလိုက်တဲ့ပုံစံ စသလို အမျိူးမျိူးရိုက်လို့ရပါတယ်။ Whole Scene လုံးကို အမိအရယူမှာဖြစ်တဲ့အတွက် Wide Angle Len နဲ့ ရိုက်ဖို့လိုပါတယ်။


ပြေးနေဟန်




အပြေးသမားတော့ မဟုတ်ပေမယ့် ဒီပုံအတွက် တော်တော်တော့ ပြေးရမယ်လို့ ကြိုပြောချင်ပါတယ်။ ဒါမှမဟုတ် ကိုယ်က Yoga တွေဘာတွေရတယ်ဆိုရင်လည်း ဒီနေရာမှာ အကွက်တွေ ထုတ်သုံးလို့ရပါတယ်။ Camera ကို မကြည့်ပဲ အဝေးကိုပြေးနေတဲ့ပုံစံကလည်း တကယ့်ကို လွတ်လပ်ပေါ့ပါးပြီး ခရီးသွားပုံကောင်းကောင်းတစ်ပုံကို ရရှိမှာပါ။


Friendship Goal




သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့အမှတ်တရတွေ ဖန်တီးဖို့ လာတဲ့သူဆိုရင်တော့ သူငယ်ချင်းနဲ့လည်း ဓာတ်ပုံရိုက်ဖို့ မမေ့ပါနဲ့နော်။ ပဲတွေထုတ်ပြီး ရိုက်မနေပဲ သဘာဝကျကျ ချစ်ရာကောင်းတဲ့ Snap ပုံစံလေးတွေရိုက်ပြီး ပျော်စရာတွေမျှဝေပါ။


Twirling




တောင့်တောင့်ကြီးရပ်နေမယ့်အစား ကိုယ်နေဟန်ထား ဟိုလှုပ်၊ ဒီလှုပ်လေးက ပုံကိုပိုပြီး အသက်ဝင်စေပါတယ်။ အပိုဆောင်းအနေနဲ့ ဖားဖားလျားလျားဂါဝန်လေးနဲ့ ရိုက်ကြည့်။ ပိုပြီး ကြည့်လို့ကောင်းပြီး လှပတဲ့ ခရီးသွားပုံလေးတွေရမှာပါ။ ဒါကြောင့် Instagram က Travel Photo လေးတွေကြည့်ရင် ဂါဝန်ကားကားကြီးတွေ၊ စကပ်ရှည်ကြီးတွေနဲ့ ရိုက်ထားတဲ့ပုံတွေပဲဖြစ်နေတာပေါ့။


လှလှလေးထိုင်




ထပြီးရိုက်ရတာမောနေပြီဆိုရင်တော့ ဒီ Pose လေးကလည်း အသုံးဝင်စေမှာပါ။ ပို့စ်သိပ်ပေးစရာမလိုပဲ ထိုင်နေရပ်သားလေးကိုပဲ လှလှပပမှတ်တမ်းတင်နိုင်မယ့် ပုံလေးတွေပေါ့။ View အရမ်းလှတဲ့နေရာကို နောက်ခံထားပြီး အမိုက်စားဖြစ်နေမယ့် ခရီးသွားအထာလေးကို ပုံဖော်လိုက်တော့နော်။


#ခရီးသွား
#ပုံစံ
#ရှုခင်း
#အပြေးသမား
#ဓာတ်ပုံ

Some text some message..