
မိန်းကလေးတွေမှာ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေက လျှို့ဝှက်လွန်းတာကြောင့် မသိနိုင်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အခုပြောပြချင်တာက ဘယ်လောက်ထိပဲလျှို့ဝှက်နေပါစေ သူတို့ရဲ့ အပြုအမူကိုကြည့်ပြီးတော့ သင့်ကိုပိုးပန်းနေတာဟုတ်လားမဟုတ်ဘူးလားဆိုတာကို ဆန်းစစ်ဖို့ပဲဖြစ်ပါတယ်။ ဘယ်လိုအပြုအမူတွေလည်းဆိုတာကိုပြောပြပေးုလိက်ပါတယ်နော်။
၁။ အမြဲတမ်းကြည့်နေတတ်ခြင်း
သင့်ကိုသဘောကျနေတဲ့သူက သူရဲ့အပြုအမူတွေကို သင့်မသိအောင် လျှို့ဝှက်လုပ်ဆောင်တတ်တဲ့သူလား။ ဒါဆိုရင်တော့ သူက သင့်ကို စောင့်ကြည့်နေမှာသေချာပါတယ်။ သူက သင့်ကို မသိအောင်တစ်မျိုး၊ သိအောင်တစ်မျိုး ပုံစံအမျိုးမျိုးနဲ့စိုက်ကြည့်နေတတ်ပါတယ်။ ဒါ့အပြင် သင့်ကို ပြုံးပြတာ၊ စကားလာပြောတာတွေပါ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကို ဒီလိုအပြုအမူတွေလုပ်နေပြီဆိုရင် သေချာပါတယ်။ သူက သင့်ကိုသဘောကျနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။
၂။ ခန္ဓာကိုယ်ဘာသာစကားနဲ့ပြောခြင်း
သူစိတ်ဝင်းစားနေတာကို လူအများသိမှာစိုးရိမ်ပြီး လျှို့ဝှက်ချက်ထားတဲ့သူတွေက နှုတ်နဲ့ ပြောတဲ့စကားထက်ခန္ဓာကိုယ်ဘာသာ စကားနဲ့ပြောဆိုတတ်ကြပါတယ်။ ဖုန်းနဲ့ပြောတာဖြစ်စေ၊ စကားနဲ့ ပြောတာဖြစ်စေ သင့်ပတ်ဝန်းကျင်ကသူတွေ ရိပ်မိသွားမှာ စိုးရိမ်တာကြောင့် သူတို့က ခန္ဓာကိုယ်ဘာသာစကားနဲ့ ပြောဖို့ ကြိုးစားတတ်ကြတာဖြစ်ပါတယ်။ လျှို့ဝက်တတ်တာကောင်းပေမယ့် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကိုဖုံးကွယ်ထားတာကတော့အချိန်ကြာလွန်းသွားရင်မကောင်းပါဘူး။
၃။ သေးငယ်တဲ့လက်ဆောင်လေးတွေပေးခြင်း
သင့်ကိုသဘောကျနေတဲ့သူက လျှို့ဝှက်တတ်တဲ့သူဆိုရင် သူက သင့်ကိုပေးချင်တဲ့ဘယ်လိုအရာမျိုးကိုမဆိုသင်မသိအောင် ထားပေးတာ၊ လုပ်ပေးတာတွေ ရှိတတ်ပါတယ်။ လုပ်စားပွဲပေါ်မှာ မထင်ရှားတဲ့ လက်ဆောင်သေးသေးလေးတွေပေးခြင်း၊ အိမ်ရှေ့တံခါးဝမှာ တိတ်တိတ်လေးထားခြင်းတွေ လုပ်တတ်ပါတယ်။
၄။ အမြဲတမ်းပြုံးနေတာကိုမြင်ချင်ခြင်း
သင့်ကိုစိတ်ဝင်စားတဲ့သူက လျှို့ဝှက်တတ်တဲ့သူက သင့်စိတ်ဆင်းရဲတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ သင်စိတ်ညစ်နေတဲ့အခါမှာ သူက မထင်မှတ်တဲ့အပြုအမူတွေနဲ့ သင့်ကိုပျော်ရွှင်လာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ သင့်မျက်နှာတစ်ချက်မဲ့သွားရင်တောင် ဘာကြောင့်လဲဆိုပြီး တွေးပူနေတတ်တဲ့အထိသူမျက်နှာမှာပေါ်နေတတ်ပါတယ်။ သင်ပြုံးလာပြီဆိုရင် သင့်ထက်တောင်သူကပိုပျော်နေတတ်တဲ့သူဖြစ်ပါတယ်။
၅။ ပြောသမျှစကားလုံးတွေကို မှတ်မိပြီး ဂရုစိုက်ပေးတတ်ခြင်း
သင်ကိုယ်တိုင်တောင် သတိမထားမိဘဲပြောတဲ့စကားကို သူကမှတ်ထားတတ်ပါတယ်။ သင့်ဘဝမှာ ပျော်ရွှင်လို့ပြောလိုက်တဲ့စကားဆိုရင်လည်း သူကမှတ်ထားပြီးပျော်ရွှင်တတ်သလို စိတ်ညစ်လို့ ရင်ဖွင့်ပြီးပြောမိတဲ့ စကားဆိုရင်လည်း သင်မသိအောင် အခက်အခဲတွေကိုဖြေရှင်းပေးဖို့ ကြိုးစားမှာဖြစ်ပါတယ်။