ကုထုံးပညာရှင်တွေ ရှင်းပြထားတဲ့ ဘယ်တော့မှ လျစ်လျူမရှုရမယ့် ထပ်တလဲလဲအိပ်မက်များ
lifestylemyanmar.com
|
2020-08-02



စင်္ကြန်ရှည်ကြီးပေါ်မှာ အသက်ရှူကျပ်စွာ ပြေးပြေးနေတာကို အိမ်မက်မက်ဘူးပါသလား? (ဒါမှမဟုတ်) သင်ဟာ ကျောင်းကိုပြန်လာပြီး သင့်စာသင်ခန်းကို ရှာမတွေ့တာတွေ၊ သင်နောက်ကျမှာကို စိုးရိမ်နေတာတွေ မက်ဘူးပါသလား? အရွယ်ရောက်သူ ၆၀ မှ ၇၅ရာခိုင်နှုန်းဟာ အိမ်မက်တွေထပ်တလဲလဲ မက်ကြကြောင်း Psychology Today ကဖော်ပြခဲ့ပါတယ်။

သင့်အိပ်မက်တွေက ဘာမက်ဆေ့ခ်ျတွေပေးပို့နိုင်လဲ?

အိပ်မက်တွေက လူ့သမိုင်းမှာ မဖြစ်မနေလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အိပ်မက်အဓိပ္ပာယ်ကောက်ခြင်းကို B.C 4000 လောက်ကတည်းက ရွှံ့စေးပြားပေါ်မှာ သရုပ်ဖော်ခဲ့ကြတာကို ရှာတွေ့ရှိခဲ့ကြတယ်လို့ Dream Moods ကရှင်းပြထားပါတယ်။ သမိုင်းအဆင့်တိုင်းမှာ အိပ်မက်တွေက အိပ်မက်မက်သူတွေ (သို့) သူတို့ဝန်းကျင်မှာရှိတဲ့ ကမ္ဘာနှင့် ပတ်သက်သော အရေးကြီးတဲ့ သတင်းအချက်အလက်တွေပါဝင်ပါတယ်။

ကျွန်တော်တို့ရဲ့ ခေတ်သစ်စိတ်ပညာရှင်တွေက အိပ်မက်တွေဟာ လူတွေရဲ့နေ့စဉ်အတွေ့အကြုံတွေ၊ အထူးသဖြင့် ခြိမ်းခြောက်နေတဲ့သူတွေရဲ့ အတွေ့အကြုံတွေကို ကူညီနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ NCBI က အိပ်မက်အပေါ် မသိစိတ်ရဲ့သက်ရောက်မှုအား လေ့လာမှုတစ်ခု ဖော်ပြခဲ့ပါတယ်။ အဆိုပါလေ့လာမှုမှာ လူတစ်ယောက်ရဲ့ စိတ်ပျက်မှု၊ စိတ်ကျေနပ်မှုအဆင့်က အိမ်မက်နှင့် ဒီအိမ်မက်တွေရဲ့ စိတ်ခံစားမှုအနက်ကို လွှမ်းမိုးတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အိပ်မက်တွေက လူတွေရဲ့ ခံစားချက်နှင့် နေ့စဉ်အတွေ့အကြုံတွေကို စီမံဖို့ ကူညီနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။




အိပ်မက်တွေက ပေးပို့တဲ့မက်ဆေ့ခ်ျတွေကို လူတစ်ယောက်ရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး အပြုသဘော(သို့) အပျက်သဘောဆောင်တဲ့ အဓိပ္ပာယ်ကောက်ယူနိုင်ပါတယ်။ အိပ်မက်တွေက ပိုပြီးတိတိကျကျ မက်လာတဲ့အခါ သင့်နေ့စဉ်ဘဝနဲ့ ပတ်သတ်တဲ့ လိုအပ်ချက်တွေကို သင့်စိတ်ကညွှန်ပြနေခြင်းဖြစ်နိုင်ပါတယ်။ သင်နိုးနေစဉ်မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာကို အိပ်နေစဉ်အတွင်း ဖြေရှင်းဖို့ သင့်စိတ်က ကြိုးစားနေခြင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို ထိုးထွင်းသိမြင်စေပါတယ်။ ဒါ့ကြောင့် ဒီထပ်ခါတလဲလဲအိပ်မက်တွေကို လျစ်လျူရှုမထားပါနဲ့။

၁။ ပြုတ်ကျသွားတဲ့ အိပ်မက်

ပြုတ်ကျခြင်းက သင့်ဘဝရဲ့ရှုထောင့်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ သင့်ကို တာဝန်ပိနေသလို ခံစားနေရပါလိမ့်မယ်။ တကယ်လို့ သင်ဟာပြုတ်ကျတယ်လို့ အိပ်မက်မက်နေတယ်ဆိုရင် စိတ်ဖိစီးမှုကင်းအောင် လုပ်ရမယ့်အချိန်ဖြစ်နိုင်ပါတယ်။




၂။ ထိခိုက်ဒဏ်ရာရခြင်း သေခြင်း (သို့) သွားတွေကျွတ်ခြင်း

ဒီလိုအိပ်မက်တွေမက်ရင် လူကြီးတွေက မကောင်းဘူးလို့ ပြောကြပါတယ်။ ဒီအကြောင်းအရာတွေက မိမိကိုယ်ကို လေးစားမှု ကင်းမဲ့ခြင်းကို ပြနိုင်ပါတယ်။ သေခြင်းက ရှေ့ဆက်ပြီး အပြောင်းအလဲတွေဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နိုင်ပါတယ်။ အတိတ်ကိုထားခဲ့ပြီး အသစ်တွေနဲ့ ရှေ့ကို ရွေ့လျားမယ်လို့ ဆိုလိုပါတယ်။ အိပ်မက်ကျွမ်းကျင်သူ ပက်ထရီရှာ ဂါဖီးက သွားများကျွတ်ခြင်းက အမျက်ဒေါသနှင့် ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ သွားတွေကြိတ်တဲ့အခါ (သို့) မေးရိုးကို တင်းထားတဲ့အခါ အိမ်မက်ထဲမှာ သွားတွေကျွတ်စေနိုင်ပါတယ်။

၃။ စာမေးပွဲကျခြင်း၊ လူရှေ့မှာ စွမ်းဆောင်ရည်ပြသမှု ကျရှုံးခြင်း

လူအများစုက စာမေးပွဲမအောင်ခြင်း (သို့) လူအများရှေ့မှာ ရှက်ရွံ့ခြင်းတွေကို အိပ်မက်မက်ကြပါတယ်။ ဒီလိုအိပ်မက်မျိုးက အိပ်မပျော်ခင် တစ်ခုခုကို စိတ်ဖိစီးနေကြောင်း ဖော်ပြပါတယ်။ သင်ဟာ အဓိပ္ပာယ်ရှိသော အရာတစ်ခုခုနှင့်အတူ လိုက်မလျှောက်နိုင်ဘူးလို့ ဆိုလိုပါတယ်။ တစ်နေ့တာအတွင်း စိုးရိမ်စိတ်၊ စိတ်ပူပန်မှုတွေ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။




၄။ အဝတ်အစား အနည်းငယ်သာ ဝတ်ဆင်ခြင်း(သို့) အဝတ်မပါခြင်း

ဒီအိပ်မက်က ရှက်စရောကောင်းတဲ့ခံစားချက်နဲ့ ပတ်သတ်နေတာပါ။ သင်ဟာ relationship အသစ်(သို့) အလုပ်အသစ်တစ်ခုမှာ အားနည်းချက် ခံစားနေတယ်လို့ ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ သင့်အားနည်းချက်ကို လူတွေသိသွားမှာကို ကြောက်တယ်။ သင်က အရေးကြီးတဲ့အဖြစ်အပျက်တစ်ခုကို ညဝတ်အင်္ကျီဝတ်ဆင်ခြင်းအကြောင်း အိပ်မက်မက်နေမယ်ဆိုရင် ဒါက သင့်ဘဝမှာ ဖြစ်ပျက်လာမယ့် အဖြစ်အပျက်နဲ့ပတ်သတ်ပြီး မလုံခြုံမှုလက္ခဏာဖြစ်နိုင်ပါတယ်။

၅။ လိုက်ရှာနေတဲ့အကြောင်း အိပ်မက်မက်ခြင်း

လိုက်ရှာနေခြင်းနှင့်ပတ်သတ်တဲ့ ထပ်တလဲလဲအိပ်မက်တွေက ပဋိပက္ခတွေကို ရှောင်ရှားဖို့ ကြိုးစားနေတဲ့လူတွေရဲ့နည်းလမ်းဖြစ်ကြောင်း အိပ်မက်ကျွမ်းကျင်သူ Lauri Loewenberg က ယုံကြည်ပါတယ်။ တကယ့်ဘဝမှာ သင်လိုက်ရှာနေတာက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အကြွေးဖြစ်နိုင်ပါတယ်၊(သို့)၊ လိုက်ရှာနေခြင်းက သင့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် မလုပ်ဆောင်ရသေးတာကြောင့် မပြည့်စုံသော အိမ်မက်များ ဖြစ်နိုင်ပါတယ်။




၆။ ကမ္ဘာပျက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် အိပ်မက်များ

ဒီအိပ်မက်တွေ သင်ခံစားခဲ့ရတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါက သာမန်ခေါင်းစဉ်တစ်ခုဖြစ်ပြီး သင့်ကိုယ်ရေးကိုယ်တာပြဿနာတွေကို သင်မထိန်းချုပ်နိုင်တော့ဘူးဟု ခံစားရခြင်း ဖြစ်နိုင်ပါတယ်။ သင့်ဘဝမှာ တစ်စုံတစ်ရာက ခြိမ်းခြောက်နေတဘ်လို့ ခံစားရခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီခံစားချက်တွေက သင်နိုးလာချိန်မှာ အားနည်းချက်ခံစားရစေနိုင်တာကြောင့် သူတို့ကို ဖြေရှင်းသင့်ပါတယ်။

၇။ ကားတစ်စီးတိုက်ခြင်း (သို့) နည်းပညာဆိုင်ရာ အခက်အခဲတွေ

ပက်ထရီရှာဂါဖီးက သင့်ကွန်ပျူတာ၊ ဖုန်းတွေ ကျိုးနေခြင်းအကြောင်း အိပ်မက်မက်ခြင်းက သင့်မှာ တစ်စုံတစ်ယောက်နဲ့ စိတ်ပိုင်းဆိုိင်ရာ ဆက်သွယ်မှု ပြဿနာတစ်ခုရှိတယ်လို့ ဆိုလိုနိုင်ပါတယ်။ (သို့မဟုတ်) သင့်မှာ ပေါင်းသင်းဆက်ဆံရေးပြဿနာရှိနိ်ုငတယ်လို့ ရှင်းပြခဲ့ပါတယ်။ သင့်တကယ့်ဘဝမှာ ပံ့ပိုးမှုမရှိသလို ခံစားရနိုင်ပြီး သင့်ခံစားချက်တွေကို ထုတ်ဖော်ဖို့ အကူအညီလိုကောင်းလိုပါလိမ့်မယ်။

၈။ ကိုယ်ဝန်ဆောင်ရတဲ့အကြောင်း အိပ်မက်မက်ခြင်း

အမျိုးသမီးတွေကော၊ အမျိုးသားတွေမှာပါ ကိုယ်ဝန်ဆောင်ခြင်းအိပ်မက်မက်နိုင်ပါတယ်၊ အိပ်မက်စိတ်ပညာရှင် ဒေးဗစ်ဘက်ဒရစ်က ဒီအရာဟာ သင်မှာ တီထွင်မှုအသစ်တွေနဲ့ အတွေးအခေါ်သစ်တွေမွေးဖွားနေကြောင်း ညွှန်ပြနိုင်တယ်လို့ ဆိုပါတယ်။ သင်မှာ အရေးကြီးသော စီမံကိန်းရှိနေပြီး ထိုအိပ်မက်မက်ပါက ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။

၉။ မရင်းနှီးသော အိမ်တွေ၊ အခန်းတွေ

စိတ်ရောဂါကုဆရာဝန် Eddie Traversa က ကျွန်တော်တို့ရဲ့ အိပ်မက်တွေမှာ ဖော်ပြထားတဲ့အခန်းတွေဟာ အတွင်းပဋိပက္ခတွေကို ကိုယ်စားပြုကြောင်း ပြောပါတယ်။ ထိုအိပ်မက်တွေက အတွင်းပြောင်းလဲမှုတွေကိုလည်း ကိုယ်စားပြုနိုင်ပါတယ်၊ သင်ဟာ ရေချိုးခန်းနှင့်ပတ်သတ်ပြီး အိပ်မက်မက်နေပါက သင့်စိတ်ခံစားမှုတွေကို ရှင်းလင်းဖို့လိုအပ်နိုင်ပါတယ်။ အိပ်ခန်းတွေက အချစ်ကိစ္စနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုကို ဖော်ပြနိုင်ပါတယ်။

၁၀။ သင့်ရဲ့ပါတနာက သင့်ကိုထားခဲ့ခြင်းနှင့်ပတ်သတ်ပြီး အိပ်မက်မက်ခြင်း

လူအများစုက လက်တွဲဖော်ထားခဲ့ခြင်းနှင့် ပတ်သတ်တဲ့ ကြောက်စရာအိပ်မက်ကို မက်ခဲ့ဖူးကြပါတယ်။ အိပ်မက်တွေက များသောအားဖြင့် ပကတိမဟုတ်ဘဲ အတွေးတွေနဲ့ ခံစားချက်တွေကို ကိုယ်စားပြုပါတယ်။ ချစ်ရသူတစ်ယောက် ထွက်သွားတာကို ကြောက်ရွံ့ခြင်းက မထူးဆန်းပါဘူး။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေရဲ့လမ်းကြောင်းမှာ သူ့ဟာသူ ကိုယ်စားပြုနိုင်ပါတယ်။

သင့်လက်တွဲဖော်က သင့်ကိုစွန့်ခွာသွားခြင်းက သင့်အိပ်မက်ထဲမှာ အဓိကဆိုလိုရင်းအများစုဖြစ်နေရင် သင့်ပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သတ်ပြီး မလုံခြုံမှု ဖြစ်နိုင်ပါတယ်။ သင့်အိမ်ထောင်ရေးနှင့်အတူ သင်ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေရှိနိုင်ပါတယ်။ သင့်လက်တွဲဖော်ကို အဲဒီစိုးရိမ်မှုအကြောင်း ပြောပြခြင်းက သင့်ပြဿနာတွေကို ဖြေရှင်းဖို့ ကျန်းမာသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source- powerofpositivity




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အိပ်မက်
#အိမ်မက်
#အဓိပ္ပာယ်
#ပြဿနာ
#Lifestyle

Some text some message..