ကျွန်မတို့တွေရဲ့ မပြည့်စုံသော ဘဝကို ပြည့်စုံသော ဘဝတစ်ခုအဖြစ် ပြုလုပ်ပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ ကျွန်မတို့ပတ်ဝန်းကျင်မှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေ၊ မျှော်လင့်ခြင်းတွေ၊ လိုအင်ဆန္ဒတွေကို ရှာဖွေနေကြပါတယ်။ ကျွန်မတို့ဟာ ချစ်ခြင်းမေတ္တာဆိုတာ ကျွန်မတို့ကိုယ်တိုင်ရဲ့ အတွင်းဘက်ကနေ ခက်တောင့်ခက်ခဲလာခဲ့ရတာဖြစ်ပေမယ့် ကျွန်မတို့ကိုယ်တိုင်ရဲ့ အပြင်ဘက်ကနေသာ လာတတ်တဲ့အရာဖြစ်တယ်လို့ ရူးရူးနှမ်းနှမ်းထင်မှတ်ကြပါတယ်။ ဒါပေမယ့် အချစ်စစ်ဆိုတာ အချစ်အားဖြင့်သာ ပြန်လည်တွေ့ရှိနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာအကြောင်း လေ့လာကြည့်ရအောင်။
၁။ မိမိကိုယ်ကိုယ်ချစ်ခြင်းဆိုတာ စစ်မှန်သောချစ်ခြင်းမေတ္တာကို ဆွဲဆောင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်
မိမိကိုယ်ကိုယ်မချစ်နိုင်သေးသရွေ့ တစ်စုံတယောက်ဆီက ချစ်ခြင်းမေတ္တာကို ရရှိဖို့ မမျှော်လင့်ပါနဲ့။ ပြီးတော့ သင့်အနေနဲ့ အဲ့ဒီ့အရာကို ရရှိခဲ့မယ်ဆိုရင်တောင် ၎င်းက အချိန်တခဏလေးသာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ သူတို့ရဲ့ စိတ်နှလုံးအတွင်းမှာ ချစ်ခြင်းမေတ္တာတွေပြည့်ဝနေသူတွေဆီကိုသာ ချစ်ခြင်းမေတ္တာတွေ ရောက်လာတတ်တာပါ။ ဒါ့ကြောင့် သင့်ရဲ့ စိတ်နှလုံးက အကြွင်းမဲ့သင်ဘယ်လိုလူဖြစ်ကြောင်းနှင့် ဘယ်လိုလူမဟုတ်ကြောင်းကို ကိုယ်တိုင်ချစ်ဖို့ သင်ယူခြင်းဟာ အလွန်အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကောင်းကျိုးပြုခြင်းဟာ တစ်ကမ္ဘာလုံးစာ ကောင်းမှုတွေပြုလုပ်နေခြင်းပါပဲ။
၂။ အချစ်စစ်ဆိုတာ တိုက်ခိုက်ဖို့ မလိုဘူး
လူတွေပြောတာ ကြားဖူးပါလိမ့်မယ်။ တကယ်လို့ တစ်ယောက်ကို တစ်ယောက် အမှန်တကယ်ချစ်တယ်ဆိုရင် ရန်ဖြစ်တိုက်ခိုက်ရမယ်ဆိုတာပါပဲ။ သို့ပေမယ့် အဲ့ဒီ့အရာကတော့ အချစ်စစ်ဖြစ်လိမ့်လို့တော့ လုံးဝမထင်မိပါဘူး။ တစ်ယောက်ယောက်ကို ချစ်ဖို့အတွက် ”ရန်ပွဲ”တွေလိုအပ်မယ်ဆိုရင် သူတို့ရဲ့ အချစ်မှာ တစ်ယောက်ယောက်က ထိုက်တန်မှုမရှိကြောင်း ရှင်းလင်းတဲ့လက္ခဏာဆိုတာ သိသာပါတယ်။
၃။ အချစ်စစ်ဆိုတာ အားစိုက်ထုတ်မှုတွေမလိုဘူး
အချစ်စစ်ဆိုတာ ခံစားမိဖို့ အင်မတန်လွယ်ကူပါတယ်။ စမ်းရေစီးသံလေးကြောင့် အေးချမ်းမှုတွေ ခံစားရစေနိုင်သလို၊ ကျေးငှက်သံလေးတွေဟာလည်း ထူးဆန်းသောနွေးထွေးမှုတွေကို ခံစားစေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ သဘာဝကျကျစီးဆင်းလာပြီး အရာရာတိုင်းဟာ အလိုလိုဖြစ်တည်လာတတ်တာမျိုးပါ။ ချစ်ခြင်းမေတ္တာတွေရှိနေတဲ့နေရာမှာ ထိန်းချုပ်မှုတွေမလိုသလို၊ တစ်ခြားလူတစ်ယောက်ကို ပြုပြင်ပေးဖို့လည်း မလိုပါဘူး။ ဝေဖန်ခြင်းတွေ မလိုအပ်သလို၊ judgement လုပ်ဖို့ blame ဖို့ နောက်ဆုံး တစ်ယောက်ကို တစ်ယောက် အဆိပ်အတောက်ဖြစ်စေတဲ့ ဘယ်လိုအပြုအမူတွေမှ ရှိနေမှာမဟုတ်ပါဘူး။ ”Love is Love” ပါ။
၄။ True Love ဆိုတာ အချုပ်အနှောင်တွေကနေ ကင်းလွတ်တယ်
ချစ်ခြင်းမေတ္တာဆိုတာ အချစ်ဆုံးလူကို ချစ်နေဖို့နှင့် ချစ်ခြင်းမေတ္တာတွေ တည်မြဲနေစေဖို့ပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာ တစ်စုံတစ်ယောက်ကို ဆွဲကိုင်ထားဖို့ (သို့) တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားဖို့လောက်ပဲ စိတ်ဝင်စားရမှာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာမှာ ဘယ်လိုတကူးတကတောင်းဆိုမှုမျိုးတွေမှ မလိုအပ်ပါဘူး။ အချစ်ဆိုတာ တောက်တဲ့လို ကပ်နေဖို့ မလိုသလို ချုပ်နှောင်ထားဖို့လည်း မလိုအပ်ပါဘူး။ ချစ်ခြင်းမေတ္တာကလာတဲ့ လွတ်လပ်မှုတွေဟာ သင့်ချစ်မြတ်နိုးရသူကို သူတို့ဘဝရဲ့ အခွင့်အရေးတွေအားလုံးကို ဖန်တီးခွင့်၊ ကြိုးစားခွင့်ပေးထားခြင်းကို ချစ်ခြင်းမေတ္တာအစစ်အမှန်လို့ ဆိုလိုပါတယ်။
Lifestyle_Myanmar
Nyein_Thu
Ref-pf