အသည်းကွဲတဲ့ဝေဒနာအမြန်သက်သာပြီး သူ့ကိုမေ့နိုင်မယ့် နည်းလမ်း (၆) ခု
mystylemyanmar.com
|
2020-08-04

အသည်းကွဲတဲ့ဝေဒနာက ခံရခက်တာ နားလည်ပါတယ်။ ချစ်ဖူးတဲ့သူအများစု အသည်းကွဲဖူးပါတယ်။ သင့်အနေနဲ့ အသည်းကွဲဝေဒနာကို ဘယ်လောက်ကြာကြာ ခံစားတတ်လဲ။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အသည်းကွဲဝေဒနာ သက်သာလာတာကိုတော့ သတိထားမိမှာပါ။ သင်က လက်ရှိမှာအသည်းကွဲဝေဒနာကို ခံစားနေရတယ်ဆိုရင်တော့ဒီနည်းလမ်းတွေနဲ့ အမြန်သက်သာအောင်ကြိုးစားကြည့်ပါနော်-

၁။ အဆက်အသွယ်ဖြတ်ပါ

သင့်အသည်းကွဲဒဏ်ရာက အနာကျက်ဖို့ အချိန်ယူရပါမယ်။ သူငယ်ချင်းအနေနဲ့ ဆက်နေရအောင် ဆိုတဲ့စကားက အလကား စကားပါပဲ။ ဒီစကားက သင့်ဒဏ်ရာကို ပိုဆိုးစေပါလိမ့်မယ်။ သူ့ဖုန်း Contact နာမည်ကို “ဖုန်းမကိုင်ရ” ဆိုပြီး မှတ်ထားလိုက်ပါ။ သူနဲ့ လုံးဝမတွေ့နိုင်အောင် အဆက်အသွယ်ဖြတ်ပစ်ပါ။




၂။ သင့်ခံစားချက်တွေကို မခုခံပါနဲ့

ငိုချင်တယ်ဆိုရင် ငိုပစ်လိုက်ပါ။သီချင်းဆွေးဆွေးလေးနားထောင်ပြီး သူ့ကို လွမ်းပစ်ပါ။ “အသည်းကွဲတယ်ဆိုတာ ငါ့ဘဝမှာ မရှိဘူး၊ ငါမခံစားဘူး”စတဲ့ စကားတွေနဲ့ ကိုယ့်ကိုကိုယ် မခုခံပါနဲ့။ ဒီလိုတားဆီးလိုက်တာက ပိုဆိုးစေပါတယ်။


၃။ သူက သင့်ဘဝဖူးစာရှင်ပဲ ဆိုတဲ့ယုံကြည်ချက်ကို လွှတ်ချပါ

အခုလက်ရှိငါနဲ့ အဆင်မပြေရင်တောင် သူက ငါ့ဆီပြန်လာမှာပဲ။ ငါလှအောင်နေရင် သူငါ့ကို စိတ်ပြန်လည်လာမှာပဲ စသဖြင့် မျှော်လင့်ချက်တွေမထားပါနဲ့။ သူက သူပါပဲ။ သင့်အတွက်နဲ့ပြောင်းလဲလာမယ်ဆိုတဲ့ အခွင့်အရေးက ရာခိုင်နှုန်းနည်းပါတယ်။

၄။ သူ့ကို ခွင့်လွှတ်ပါ

သူက ငါ့ကို အသညး်ခွဲသွားတယ်။ ငါ့အကြောင်း သိစေရမယ်စသဖြင့် အငြိုးတွေမထားပါနဲ့။ အငြိုးထားလိုက်တယ်ဆိုရင် သင့်စိတ်ထဲမှာ သူရှိနေဦးမှာပါပဲ။ ဒီတော့ သင့်ကိုယ်သင်လည်း ယူကြုံးမရဖြစ်ပါနဲ့။ သူ့ကိုလည်း ခွင့်လွှတ်လိုက်ပါ။ ဒီကနေ သင်ခန်းစာယူလိုက်ပါ။


၅။ သင့်အချစ်ရေးဘာလို့ အဆင်မပြေလဲ ပြန်သုံးသပ်ပါ

တချို့တွေရှိပါတယ်။ ငါက ချစ်မိတာနဲ့ သူက ထားခဲ့မှာဆိုတဲ့ စိတ်အစွဲရှိသူတွေပါ။ ဒါမှမဟုတ် ငါက တစ်ချိန်ချိန် ချစ်တဲ့သူထားတာ ခံရမှာပဲ စသဖြင့် ယုံကြည်နေသူတွေပါ။ ဒီလိုစိတ်အစွဲတွေရှိရင် ပြန်ပြင်သင့်ပါတယ်။ သင့်စိတ်ထဲမှာ သင်က အမြဲခံနေရသူလို့ ယုံမှတ်ထားရင် သင်က အမြဲဒီလိုပဲဖြစ်နေမှာပါပဲ။ ဒါကြောင့် ကိုယ့် Mindset ကိုအရင်ပြင်သင့်ပါတယ်။




၆။ သင်က ဘယ်လိုပုံစံလိုချင်လဲပြန်စဉ်းစားပါ

သင့်ဘဝမှာ သင့်ကို ဦးဆောင်မယ့်သူကိုလိုချင်တာလား။ သင်က ဦးဆောင်ရတဲ့ အချစ်ရေးကို လိုချင်တာလား။ သင့်ရညး်စားမှာ ဘယ်လိုအရည်အချင်းတွေရှိစေချင်လဲ စသဖြင့် နောက်ထပ်တစ်ယောက်မထားခင် ကြိုစဉ်းစားထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


The post

အသည်းကွဲတဲ့ဝေဒနာအမြန်သက်သာပြီး သူ့ကိုမေ့နိုင်မယ့် နည်းလမ်း (၆) ခု appeared first on

MyStyle Myanmar .


#ဝေဒနာ
#အစွဲ
#အဆက်အသွယ်
#စကား
#အမြန်

Some text some message..