အချစ်ဇာတ်ကားများရိုက်ကူးရန် အခက်အခဲအနည်းငယ်ရှိနေဟု မင်းသန့်မောင်မောင် ပြော
ဒါရိုက်တာ မင်းသန့်မောင်မောင်သည် မိမိကိုယ်တိုင်က အချစ်ဇာတ်ကားများကို ကြိုက်နှစ်သက်သော်လည်း ကိုယ်တိုင် အတွေ့အကြုံမရှိသေးတာကြောင့် ရိုက်ကူး ရန်ခက်ခဲမှုများ အနည်းငယ်ရှိနေကြောင်း ပြောသည်။
''ကျွန်တော်က ရိုက်ကူးမှုအပိုင်းမှာ သဘာဝကျကျဖြစ်နိုင်တဲ့ ခံစားချက်တွေကို သဘောကျတယ်။ သဘာဝရဲ့အလှအပက ကြည်နူးဖို့ကောင်းသလို ချစ်ဖို့လည်းကောင်း တယ်လေ။ အချစ်ကားတွေကို ကြိုက်နှစ် သက်ပေမယ့် ကိုယ့်အတွက် အတွေ့အကြုံ မရှိသေးတော့ နည်းနည်းခက်နေတယ်။ ကျွန်တော်ကတော့ အမှောင်ဘက်သွားတဲ့ Drama တွေကို ရိုက်ချင်တယ်။ လူတွေရဲ့ နေ့တိုင်းအခက်အခဲတွေ ဘယ်လိုကျော် ဖြတ်ရမလဲဆိုတာကို ဖော်ပြရမှာ ကြိုက် ပါတယ်''ဟု မင်းသန့်မောင်မောင်က ပြော သည်။
၎င်းသည် ဖခင် စင်ရော်မောင်မောင် နှင့်အတူ 'တိမ်တွေပေါ်ကပန်း' ရုပ်ရှင် ဇာတ်ကားတွင် ဒုတိယဒါရိုက်တာအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။