လူတွေ လိမ်လည်ကြရတဲ့ အကြောင်းရင်း (၇)ချက်
lifestylemyanmar.com
|
2020-08-06



ဗာဂျီးနီးယားတက္ကသိုလ်မှ စိတ်ပညာရှင် Bella De Paulo က “The Many Faces of Lies”ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသနပြုခဲ့ပါတယ်။ လေ့လာမှုအရ လူတွေဟာ သူတို့ရဲ့အားနည်းချက်တွေကို ဖုံးကွယ်ဖို့ (သို့) တစ်စုံတစ်ယောက်ရဲ့ ခံစားချက်တွေကို မထိခိုက်ဖို့ သူတို့ရဲ့ခံစားချက်တွေ၊ထင်မြင်ချက်တွေကို လိမ်ညာပြောဆိုလေ့ရှိကြပါတယ်။ လိမ်လည်သူတွေကို ဖော်ထုတ်ဖို့ အမြင်တွေနှင့် သီအိုရီများစွာ ရှိခဲ့ကြပါတယ်။ အချို့က လိမ်ပြောနေပြီဆိုရင် အကြည့်ရှောင်လွဲနေတာ၊ မျက်တောင်ခက်နေတာ၊ စိတ်လှုပ်ရှားနေတာ၊ ဟန်ဆောင်ပြုံးနေတာ၊ စကားက ရှေ့နောက်မညီတာတို့ ရှိကြပါတယ်။

တကယ်လို့ သင်ဟာ လိမ်လည်ခြင်းကို အရိုးစွဲနေသူတွေ၊ မလိမ်ရမနေနိုင်သူတွေနဲ့ ဆက်ဆံနေရတဲ့အခါ သူတို့ဘာ့ကြောင့် လိမ်ရတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ အောက်ဖော်ပြပါအချက်တွေက လူတွေလိမ်ရတဲ့ အကြောင်းရင်း (၇)ချက်ဖြစ်ပါတယ်။

၁။ လူတွေကို ခြယ်လှယ်ဖို့

ဝါရင့်မုသားကောင်တွေဟာ ခြယ်လှယ်သူတွေ ဖြစ်ကြပါတယ်။ ဒီကိုယ်ရည်ကိုယ်သွေးကို Machiavellian personality ( တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးကိုသာ ဦးတည်တဲ့ ကိုယ်ရည်ကိုယ်သွေး) လို့သိကြပါတယ်။ သူတို့ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေနဲ့ လိမ်ပြောတတ်သူတွေပါ။ သူတို့ဟာ လူ့ကျင့်ဝတ်နဲ့ သွေဖယ်ပြီး လူမှုရေးအရ ထိုးစစ်နည်းဗျူဟာကို အသုံးပြုခြင်းဖြင့် လိမ်လည်တတ်ကြပါတယ်။ ဒါကို လူ့အဖွဲ့အစည်းမှာ ပါဝါလိုချင်လို့၊ အဆင့်အတန်းမြင့်မြင့်ရရှိစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ပါတယ်။ ခြယ်လှယ်သူတွေဟာ သူတို့ရဲ့အကျိုးအမြတ်မှာ အသုံးချဖို့ လိမ်တာပိုများပါတယ်။ အချိန်တိုတိုနဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ဖြစ်ပါတယ်။




၂။ လူမှုရေးအရ တပ်မက်ဖွယ်ကောင်းသူဖြစ်ဖို့

ဒီတစ်ခုက အကျိုးခံစားခွင့်ကို နားလည်ခြင်းအားဖြင့် လိမ်ဖို့ လှည့်စားတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူမှုရေးအရ နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ဟာ လူ့အဖွဲ့အစည်းမှာ လက်ခံမှုကို ပိုမိုရယူလိုသူ ဖြစ်ပါတယ်။ တခြားသူတွေက သူတို့ကို (သို့) သူတို့ရဲ့လုပ်ရပ်ကို လက်ခံနိုင်မလားဆိုတာကို သူတို့အမြဲတမ်း စဉ်းစားနေတတ်ပါတယ်။ တစ်စုံတစ်ရာသော အကျိုးအမြတ်အတွက် လိမ်လည်သူတွေဟာ သူတို့ရဲ့ ဂုဏ်သတင်းကို စွန့်စားယူကြပါတယ်။




၃။ တစ်စုံတစ်ယောက်ကို ကာကွယ်ပေးဖို့

မုသားအားလုံးက တစ်ကိုယ်ကောင်းမဆန်ပါဘူး။ တစ်ခါတစ်ရံမှာ လူတွေဟာ မိမိတို့မြတ်နိုးရသူတွေ -အိမ်ထောင်ဖက်၊ မွေးချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အန္တရာယ်(သို့) ဝမ်းနည်းမှုမှ ကာကွယ်ဖို့ လိမ်ညာတတ်ကြပါတယ်။ ဥပမာအားဖြင့် ဒါက အကြီးကြီးမဟုတ်ရင်တောင် သူမရဲ့ ခံစားချက်တွေကို မထိခိုက်စေဖို့ သူငယ်ချင်းရဲ့ ဝတ်စုံကို ချီးမွမ်းပေးတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ ရိုးသားခြင်းကနေ ဦးတည်ချက်ပြောင်းခြင်းရဲ့ တန်ဖိုးက ဒီနေရာမှာ မလိုလားအပ်တာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ဒါက ပိုလက်ခံနိုင်ဖွယ်နဲ့ ဝေးပါလိမ့်မယ်။ ဒီမုသားတွေက တစ်စုံတစ်ယောက်အား ရှက်ရွံ့ခြင်း၊ နာကျင်ခြင်းမှ ကာကွယ်တားဆီးပေးပြီး ခံစားမှုပိုကောင်းစေခြင်းမှာ ရည်ရွယ်ပါတယ်။




၃။ Self-Esteem ပိုကောင်းစေဖို့အတွက်

Self-Esteem ကောင်းဆိုတာက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်ဆိုတဲ့ အသိအမှတ်ပြုမှုမှာ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Self-Esteem ကင်းမဲ့သူ (သို့) နိမ့်ကျသူတွေဟာ Self-Esteem အဆင့်ရှိသူတွေနဲ့ နှိုင်းယှဉ်ရင် ပိုလိမ်လေ့ရှိပါတယ်။ ဆိုလိုတာက မိမိကိုယ်ကို လေးစားမှုနည်းလေလေ မုသားများများပြောလေဖြစ်ပါတယ်။




မက်ဆာချူးဆက်တက္ကသိုလ်မှ စိတ်ပညာရှင် ရောဘတ်ဖဲလ်ဒမန်ရဲ့ အဆိုအရ လူတွေဟာ သူတို့ရဲ့ Self-Esteem ကိုခြိမ်းခြောက်ခံရတဲ့အခါ လိမ်ကြပါတယ်။ ဒီလိုလူတွေက လိမ်ခြင်းဟာ တခြားသူတွေရဲ့ သူတို့ပေါ်မှာ မြင်တဲ့ အမြင်ကို တိုးမြှင့်ပေးနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ သူတို့ဟာ သူတို့အတွက် ပိုကောင်းတဲ့ ဝိသေသလက္ခဏာကို ထုတ်ဖော်ပြောဆိုပြီး လူမှုရေးလက်ခံမှုကို ရရှိဖို့ လိမ်ကြပါတယ်။

၅။ စိုးရိမ်ပူပန်မှုနှင့် ကိုယ်ရည်ကိုယ်သွေး မူမမှန်တာတွေကို ဖုံးကွယ်ဖို့

စိုးရိမ်စိတ်မူမမှန်ခြင်းက စိတ်မကျန်းမာမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေကြောင့် လိမ်ပြောသူတွေဟာ self-confidence နည်းနည်းရလာတာကြောင့် လုပ်ကြတာ ဖြစ်ပါတယ်။ စိုးရိမ်စိတ်များသောသူတွေဟာ သူတို့ကို အကျိုးရှိစေမယ့် လိမ်လည်မှုတွေကို မကြာခဏတွေ့ရှိကြပါတယ်။

အတ္တကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတွေ၊ စိတ်ပိုင်းဆိုင်ရာ (သို့) sociopathic စရိုက်ရှိသူတွေဟာ သူတို့အကျိုးအတွက် လူတွေကို လိမ်လည်လှည့်ဖျားဖို့ ၊ခြယ်လှယ်ဖို့ လိမ်ကြပါတယ်။ အချို့က တခြားသူတွေထက် သာလွန်တဲ့ ခံစားချက်နဲ့ ရက်စက်ခြင်းမှာ သာယာမှုပေးတာကြောင့် လိမ်ကြပါတယ်။




၆။ အခြေအနေတွေရဲ့ထိန်းချုပ်မှုမှာ ခံစားဖို့

အချို့လူတွေက သူတို့လိုချင်တဲ့ ဆုံးဖြတ်ချက်တွေ၊ တုံ့ပြန်မှုတွေ ရရှိတာကြောင့် အခြေအနေတစ်ခုအား ထိန်းချုပ်ဖို့ ၊ လွှမ်းမိုးဖို့ လိမ်လည်ခြင်းကို အသုံးပြုကြပါတယ်။ များသောအားဖြင့် ဒီလိုလူတွေဟာ အမှန်တရားက သူတို့နဲ့ အဆင်မပြေဘူးလို့ ခံစားကြရပါတယ်။

စိတ်လှုပ်ရှားမှု သက်သက်အတွက် လိမ်ကြသူတွေဟာ သူတို့ရဲ့လိမ်ညာမှုတွေက ဘယ်အတိုင်းအတာထိ ရောက်သွားနိုင်မလဲဆိုတာကို မြင်ချင်ကြပါတယ်။ သူတို့ရဲ့ စွမ်းအားနှင့် လွှမ်းမိုးမှုပမာဏကို စမ်းသပ်ဖို့ လုပ်တာဖြစ်ပါတယ်။ အမှန်တရားကို ပြောင်းလဲခြင်းဖြင့် တုံ့ပြန်မှုကို ထိန်းချုပ်ခြင်းက မုသားသုံးသူနဲ့ လက်ခံသူကြားက အဖြစ်မှန်ရဲ့ မှားယွင်းသော sense ကိုဖန်တီးပေးပါတယ်။ ဆုံးဖြတ်ချက်က သတင်းမှားပေါ်မှာ အခြေခံခြင်းကြောင့် ဘက်လိုက်မှုနှင့် မှားယွင်းသော ဆုံးဖြတ်ချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၇။ တခြားသူတွေကို မထိခိုက်စေဖို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားဖို့

အမှန်ပြောခြင်းကို ရှောင်ကြတဲ့သူတွေရဲ့ တခြားအကြောင်းရင်းက မကောင်းတဲ့အခြေအနေကို ဆိုးရွားလာခြင်းမှ ကာကွယ်ဖို့ ဖြစ်ပါတယ်။ သူတို့ဟာ ခံစားချက်တွေကို ကာကွယ်နိုင်တယ်၊ စေတနာမုသားအနည်းငယ်က အခြေအနေကို ကယ်တင်နိုင်တယ်လို့ ခံစားကြရပါတယ်။




ထိပ်တိုက်ရင်ဆိုင်မှုကနေ ရှောင်ရှားဖို့အတွက် ဥပမာ- ကျောင်းသားတစ်ယောက်ဟာ မိဘတွေကို အတန်းကိစ္စနဲ့ ပတ်သတ်ပြီး လိမ်ပြောတာမျိုး ဖြစ်နိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-stylecraze




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#မုသား
#Lifestyle
#လူမှုရေး
#လက်ခံ
#စိတ်ပညာ

Some text some message..