
ကော်ဖီကို လူတိုင်းနီးပါးသောက်ကြပေမဲ့ ကိုယ်ကြိုက်တဲ့ ကော်ဖီအမျိုးအစားကိုကြည့်ခြင်းအားဖြင့် ကိုယ့်အကြောင်း ဘယ်လိုပြောပြထားလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။
Espresso
စွမ်းအင်အပြည့်နဲ့ ရဲရင့်ခြင်း အသွင်ရှိတဲ့ Espresso ကိုကြိုက်တဲ့ သင်ဟာ အလွန်အလုပ်ကြိုးစားတဲ့သူဖြစ်ပါတယ်။
Latte
သင်ဟာ Latte ကြိုက်တဲ့သူတစ်ယောက်ဆိုရင် သင်ဟာ သေးငယ်တဲ့အရာလေးတွေကို ချစ်မြတ်နိုးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သင့်အတွက် အကောင်းဆုံးမနက်ခင်းတစ်ခုဆိုတာ Latte coffee တစ်ခွက်ကောင်းကောင်းနဲ့ စာအုပ်တစ်အုပ်ရှိရင်တောင် ပြည့်စုံတယ်လို့ ထင်မှတ်ထားတဲ့သူပါ။
Cappuccino
ကော်ဖီသောက်ကြတဲ့သူတော်တော်များများက Cappuccino မှာ ဘာတွေပါလဲဆိုတာ သေချာမသိကြပါဘူး။ Cappuccino ကြိုက်တဲ့သင်က ခေတ်မီတဲ့သူတစ်ယောက် ဖြစ်ပြီးတော့ ခေတ်ရေစီးကြောင်းကိုလည်း နားလည်တဲ့သူတစ်ယောက်ပါ။ သူငယ်ချင်းတွေထဲမှာလည်း မပါမဖြစ်သူတစ်ယောက်ဖြစ်ပြီးတော့ သူငယ်ချင်းအုပ်စုထဲမှာလည်း leader တစ်ယောက်လို စွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Iced Coffee
သင့်လက်ထဲမှာ iced coffee ခွက်လေးကိုင်ထားတဲ့အချိန်က တကယ့်ကို အလန်းဆုံးအချိန်ပါပဲ။ သင်ဟာဈေးဝယ်ထွက်ခြင်းနှင့် ခပ်မိုက်မိုက်စတိုင်ကို သဘောကျတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Black Coffee
Black Coffee ကြိုက်တဲ့သင်က ဖြောင့်မတ်မှန်ကန်တဲ့သူများဖြစ်ကြပြီး ရှေးရိုးဆန်တဲ့သူတွေလည်း ဖြစ်ပါတယ်။
သင်က ဘယ်ကော်ဖီကိုကြိုက်လဲ။ သင်ကြိုက်တဲ့ ကော်ဖီက ပြောတဲ့ သင့်အကြောင်းကရော ဘာတဲ့လဲ။